အခုဇန်တို့ နေတဲ့နေရာလေးက AA ထိန်းချုပ်ထားတဲ့မြို့လေး တစ်မြို့ဖြစ်တယ်။
ကိုယ့်အိမ် ကိုယ့်ယာ ကိုယ့်မြို့ မဟုတ်ပေမယ့် ဒီမြို့လေးကို ဇန် သဘောကျပါတယ်။
စစ်ဘေးရှောင် ဇန် ကို ခိုလုံခွင့်ပေး တဲ့ ဒီမြို့လေးကို တစ်သက် မေ့တော့မှာ မဟုတ်ပါဘူး။
ဒီမြို့လေးမှာ မနက်အိပ်ရာထရင် မုန့်ကိုသွားဝယ်စားဖို့မလိုလောက်အောင်
လှည့်လယ်ရောင်းချသူ ပေါပါတယ်။
မိုးလင်းရင် ပထမဆုံး ကြားရတာကတော့ “အင်းပုတ်…
အင်းပုတ်…အင်းပုတ်…..”ဆိုတဲ့ အသံပါ။
ဇန် တခါတလေ “အင်းပုတ်”ဆိုတဲ့ကောက်ညှင်း အမဲရောင် ပေါင်းထားတာ ဝယ်စားဖြစ်ပါတယ်။ အင်းပုတ်သည် ပြီးရင် နောက်တယောက်က “ပြန်ပေါင်း ၊ …ပြန်ပေါင်း….ပြန်ပေါင်း” ဆိုပြီး လာပြန်ပါတယ်။
ပြန်ပေါင်းသည်ပြီးရင် တခြားမုန်သည်တွေ အများကြီးဒီမြို့မှာ ပတ်ရောင်းကြပါသေးတယ်။
အပေါဆုံးက မုန့်တီဆိုင်ပါ ရခိုင်မှာ မုန့်တီဆိုင်ပေါ တာကို လူတိုင်းသိမှာပါ။ ဒါပေမဲ့ ဒီမြို့လေးက
ပိုပြီးကို မုန့်တီဆိုင် ပေါတာပါ။ ထူးဆန်းတာက ဒီမြို့လေးမှာ မုန့်တီကို ပဲ ထည့်ပြီးစားတာပါ။
မုန့်တီ ဝယ်စားရင် ပဲစေ့အမဲရောင်လေးတွေကို အသုတ်မှာရော
အရည်မှာရောထည့်ပေးကြပါတယ်။ ဇန်လည်း မုန့်တီကို ပဲထည့်ပြီး ဒီမြို့လေးရောက်မှ စားဖူးပါပြီ။ အဲ့ဒီ ပဲ ကို မုန့်တီ ၊ခေါက်ဆွဲ၊ ထမင်းကြော်၊အကြော်ဆိုင် နေရာတိုင်းလိုလို တွေ့ရတက်ပါတယ်။ အဲ့ဒီပဲကို ဒီမြို့ကလူတွေက ဘိုကိတ်ပဲ ဆိုပြီးခေါ်ကြပါတယ်။
ဒီမြို့လေးရဲ့ အဝင်ဝမှာ အရမ်းကိုလှပတဲ့ တံတားကြီးတစ်ခု ရှိပါတယ်။ လှပတဲ့
မြစ်မျက်နှာကိုဖြတ် သန်းလာတဲ့ လေနုအေးလေးတွေက တံတားကိုရောက်တဲ့သူတိုင်းကို
စိတ်ကြည်စေပါတယ်။ ဇန်တို့ တစ်ရက်က လမ်းသွားလျှောက်တော့ သီခြင်းဆိုသံကလေး
“ဝီး
…..ဝီးလို့ကျန်လိုက် မြို့စစ်တွေ ……ပင်လယ်ပြာပြာ သဲသောင်ဝါဝါ ….”
အဲ့ဒီ သီချင်းကိုမှ လူငယ်လေးတွေ တကယ် ကိုနားထောင်လို့ ကောင်းအောင် ဆိုနေကြတာကြားခဲ့ရပါတယ်။
ဒီမြို့လေးက မီးဟုန်းဟုန်းတောက်လောင်ပြီးစ အခြေအနေမှာ ပြာပုံထဲက ကောက်ထသလို တစချင်းပြန်လည် ပြင်ဆင်နေရတာလည်းဖြစ်ပါတယ်။
အရာရာအဆင်ပြေဖို့ ကြိုးစားနေထိုင်ရပေမယ့် စစ်ပွဲကြီးထဲမှာ တချို့အရာလေးတွေကအဆင်မပြေပါဘူး။ အထူးသဖြင့် တစ်ဖက်က မကြာမကြာ လာတိုက်ခိုက်နေတဲ့ လေကြောင်းရန် ကို တထိတ်ထိတ်နဲ့ သတိ ပြုနေရတဲ့ အခြေအနေပါ။
ဒီမြို့ကို စစ်ကောင်စီက သိပ်မကြာခင်ကဘဲဗုံးကြဲသွားပါတယ်။ မြို့လယ်ခေါင်ကို လေးကြိမ်မြှောက် လာကြဲတာ ပါ လူတွေသွေးထွက်သံယိုနဲ့သေကြရတယ်။ ဇန်ဆိုလည်း အသက်တစ်ချောင်း မသေတာ ကံကောင်း
ဘဲ ပြောရမယ်။
ဂျက်ဖိုက်တာတစ်စီး စူးစူးရှရှ အသံနဲ့ပျံချလာပြီး ဘုန်း ဒုန်း ဆိုပြီးပေါက်ကွဲသွားပါတယ်။ လမ်းပေါ်မှာပြေးလွှားသံတွေ ကလေးတွေရဲ့အမေ အော်သံတွေနဲ့ ပြည့်နှက်သွားတယ် ။ သမီးဘု ၊ နှင်းရွှေဇင် ဝပ်နေ ၀ပ်နေ မြေကြီးပေါ် အမြန်ဝပ်နေ ဆိုပြီး မိခင်တယောက်ရဲ့ အော်သံကြားမှ ဇန် စိတ်က သတိလုံပြီး မြေကြီးပေါ်ဝပ်မိတယ်။
အသံခဏပျောက်သွားတယ် ပြီးတော့ ၅မိနစ်လောက်မှာ ထပ်လာပြီး ဗုံး၄ လုံးလောက်ကို ဆက်တိုက်ကြဲတယ်။ ဘုရားစာရွက်မိတယ်။ သေတော့မှာလား မသိဘူးဆိုတဲ့အတွေးတွေရယ် ဒီနားကျမှာလား မသိ
ငါ့ကိုယ့်ပေါ်ကျမလား မသိဘူးဆိုတဲ့ အတွေးတွေဆက်တိုက်ဖြစ်မိတယ်။ ပြီးတော့ နောက်ထပ်
ဂျက်လာသံကို ထပ်ကြားရတယ် ထပ်ပြီးဗုံးကြဲတယ်။
လူတွေသေတယ် အဆောက်အအုံတွေပြိုတယ်။ ပြီးတော့ အားလုံးစိတ်ဒဏ်ရာကိုယ်စီရကြတယ်။ ဂျက်လာတဲ့ အသံနဲ့ ဆင်တူတဲ့ အသံတွေကြားတိုင်းသွေးလန့်နေတယ်။ တစ်ယောက်တည်းဈေးမ သွားရဲတော့ဘူး။
ကလေးတွေနည်းနည်း ဆူရင်ကို စိတ်တိုတက်လာတယ်။ လမ်းသွားလမ်းလာနေရင်း
ကောင်းကင်ကြီးကို စိတ်မချသလို သံသယမျက်လုံးတွေနဲ့ ခဏခဏကြည့်မိတယ်။ သီချင်း
တောင် နားမထောင်ဖြစ်တော့ဘူး။
သူများတွေ သီချင်း ဖွင့်ထားရင်လည်း ဂျက်လာသံမကြားမိမှာစိုးရိမ်လို့ ရန်ပြုတက်လာတယ်။ ဗုံးကြဲပြီးတဲ့နေ့ ကစပြီးနေ့တိုင်း ပေါက်ကွဲသံအကျယ်ကြီးတွေ ကြား ပြောလွှားနေတာတွေကို အိမ်မက်ဆိုးတွေမက်တယ်။ ဇန်ရဲ့ စိတ်ကို ဂျက်ဆို တဲ့အရာက ထိမ်းချုပ်ထား သလိုဖြစ်သွားတယ်။ စိတ်အတွင်းမှာ နက်နက်မှာ ဒဏ်ရာကြီးကြီးရသွားတယ်။ ဇန် လို ပဲ ဒီမြို့လုံး အဲ့ဒီစိတ်ဒဏ်ရာ နဲ့ ကြောက်ရွံ့နေတဲ့ မျက်နှာတွေနဲ့
အသက်ရှင်ဖို့ ရုန်းကန်နေကြရပြန်တယ်။
ကလေးတွေဟာ ဂျက်လေယာဉ်သံကြောက်လို့ ကျယ်ကျယ်မငိုရဲဘူး။ ထမင်းချက်ရင် မီးခိုးထွက်မှာ စိုးလို့ မချက်ရဲဘူး ဘာလုပ်လုပ် စိတ်ချ လက်ချ မလုပ်ရဲကြပါဘူး။
ဒီမြို့မှာက ကယ်ဆယ်ရေးစခန်းဆိုလည်း တချို့ရွာတွေထက်တောင်ကြီးသေးတယ်။ ပုဏ္ဏားကျွန်း၊ စစ်တွေ၊မောင်တော၊တောင်ကုတ်၊ ရသေ့တောင် စတဲ့မြို့တွေက လာတဲ့စစ်ဘေးရှောင်ရော မြို့ခံ တွေရောပေါင်းထားတဲ့ ဒီမြို့ ဟာလူစည်ကားတဲ့မြို့ကြီးဖြစ်နေတာပေါ့။ အကြမ်းဖက်မိစ္ဆာ ကြီးတွေဆီမှာ ပစ်မှတ်ထားခံရနိုင်တဲ့ မြို့ကြီးဖြစ်နေတယ်။
တောင်နဲ့ကော မြစ်နဲ့ပါအရမ်းနီးလို့လားမသိဘူး ဒီမြို့လေးက အရမ်းအချမ်းပိုပါ တယ်။ ဆောင်းတွင်း ကြီးဆိုတော့ ချမ်းတာကို လုံလောက်အောင်မကာကွယ်နိုင်တာကလည်း ဒုက္ခကြီးတစ်ခုလိုဖြစ် နေ တယ်။ မနက်ပိုင်းဆိုပိုချမ်းပါတယ်။
ဇန် မနက်ဆို ၄နာရီဆို နိုးနေပါပြီ။ အရမ်းချမ်းတော့ သူ့အလိုလို နိုးနေတာပါ ။ဇန် အရင်တုန်းကဆို ချမ်းလို့ အိပ်လို့မရဘူးပြောရင် ယုံမှာမဟုတ်ပါဘူး။ အခုတော့ ဇန်ကိုယ်တိုင်ခံစားနေရပြီ။ ချမ်းတာကို ဒုက္ခတစ်ခုအဖြစ် ခံစားရလိမ့်မယ်လို့ တခါမှမတွေးမိဖူးဘူး။
တစ်ရက်က ဇန် ဆိုးဝါးတဲ့ နာကျင်မှုတစ်မျိုးနဲ့ မနက်သုံးနာရီလောက် နိုးလာပါတယ် ဇန် ရဲ့ခြေတစ်ဖက်က အေးစက် ထုံကျင်ပြီးလှုပ်လို့ မရတော့ပါဘူး။ ဇန် အရမ်းကြောက်သွားတာပေါ့။
ဇန် အော်ငိုပြီး အမေရယ် သမီးခြေထောက်လှုပ်မရတော့ဘူး…………..
ခြေတဖက်လှုပ် လို့မရတော့ဘူးအမေရယ် ဆိုပြီးအော်မိတယ်။
အမေမှ အနားမှာမရှိဘဲ။
ဇန် ကိုယ့်ခြေထောက်ကို ကိုယ် ကြောက်ကြောက်နဲ့ တအားဆုတ်နယ်မိတယ်။ ထုံကျင်ပြီး အေးစက်နေတဲ့ခြေထောက် ဟာ မိနစ်သုံးဆယ်လောက်ကြာအောင် ဆုတ်နယ်ပြီးမှ ခံစားထိတွေ့မှုကို ပြန်ခံစားမိတယ်။ လေဖြတ် တယ်ဆိုတာ ဒီလိုမျိုးက စဖြစ်ကြတယ်ထင်တယ်လို့ ဇန် ခံစားမိတယ်။
သတင်းတွေမှာကြေငြာတာ ထဲမှာ ရိုးမတောင်ပေါ်မှာ စစ်ဘေးရှောင်တွေစားနပ်ရိက္ခာနဲ့အဝတ်အထည် စောင်တွေ အရေးပေါ် အကူအညီလိုအပ်နေပါတယ် ဆိုပြီးကြားတော့ ရင်ကွဲရပြန်တယ်။
အမိုးအကာအောက်မှာနေတဲ့ မြို့ပေါ်နေ စစ်ဘေးရှောင်ဇန်တောင် လေဖြန်းဖို့လုပ်သေးတာဘဲ။ သူတို့ဘယ်လို ရှိကြ နေကြပါလိမ့်။ အိမ်ပြန်ရက် မသေချာသေးတဲ့ ဇန်တို့ တတွေဟာ ဒီဒုက္ခအဖုံဖုံရဲ့ Expire date ကိုမသိဘူးလေ။
အိမ်ပြန်ချင်လှပါပြီ။ ရိုးမတောင်ကစစ်ဘေးရှောင်တွေ၊ ရေမရှိတဲ့နေရာက စစ်ဘေးရှောင်တွေ၊ ခဏခဏ ဗုံးလာကြဲခံရတဲ့ မြို့ကစစ်ဘေးရှောင်တွေ အကုန်ဒုက္ခရောက်နေကြတဲ့ စစ်ဘေးရှောင်တွေ ဘယ်လောက်အိမ်ပြန်ချင်လိုက်ကြမလဲ။
ဇန်စိတ်ဓာတ်ကျလို့မဖြစ်ဘူး ဇန် တို့ကအနည်းဆုံးတော့ ထမင်းပုံမှန် နပ်မှန်စားနေရသေးတာဘဲ။
ဇန် စစ်ဘေးရှောင်ပြီးလို့ အိမ်ပြန်ရတဲ့အခါ ဇန်တို့နေတဲ့မြို့လေးဟာ လွတ်လပ်တဲ့မြို့လေး ဖြစ်
စေချင်တယ်။ ငြိမ်းချမ်းတဲ့မြို့လေးဖြစ်စေချင်တယ်။
ပြည်သူတွေ တောင်းရမ်းစား သောက်ရတာ မရှိတဲ့မြို့လေး ဖြစ်စေချင်မိတယ်။ပေါက်ကွဲသံတွေကို ကြောက်စရာမလိုတဲ့မြို့ ကောင်းကင်ကြီးကို သံသယထားစရာမလိုတဲ့မြို့လေး အဖြစ်နဲ့ အိမ်ပြန်ချင်တယ်။
မလွတ်လပ်သေးတဲ့မြို့က ဇန်ဟာ အိမ်ကို တအားပြန်ချင်လှပြီ။ သို့သော်လည်း အခုတော့ ဇန်
ဒုက္ခတွေကိုကြိတ်မှိတ်ခံပြီး အောင့်ရအုံးမယ်၊စောင့်ရအုံးမယ်၊ အသက်ဆက်ရှင်ဖို့ ကြိုးစားရအုံးမယ်။
ဒိုင်ရှင် ရေးသည်။
(ဖြစ်ရပ်မှန်ကိုယ်တွေ့ ခံစားမှုဆောင်းပါး)
လေးဝတီ FM အနေနဲ့ အာရက္ခလွတ်မြောက်နယ်မြေတွေ မှာ နေထိုင်ပြီး ခက်ခက်ခဲခဲ ပို့ရတဲ့
လူငယ်စာပေသမားတွေ ရဲ့ …ဆောင်းပါးများကို တန်ဖိုးထားပြီး တင်ဆက်လျှက်ရှိပါတယ်။
В каталоге представлены проверенные провайдеры и актуальные игровые новинки.
Пинко Казино
Пинко Казино — это оптимальное сочетание функциональности и выгодных условий.
Новичкам легко начать играть и получать бонусы http://www.question2answer.rexo.top/index.php?qa=26087&qa_1=vodka-casino
https://tnaneve.spb.ru/news/8227268/inter-poteryal-mhitaryana-izza-travmy-kalanoglu-blizok-k-vozvrascheniyu.html
https://islamcenter.ru/go.php?url=https://www.deviantart.com/shelbycruz24
https://zookompleks.ru
healthy alternative to steroids
References:
https://enregistre-le.space
References:
Jackpotjoy slots
References:
https://www.cdt-labinsk.ru/guest-book?14165
References:
Muscle builder steroids
References:
https://sachkiawaz.in/most-important-thing-that-need-to-carry-when-travelling/
References:
Online slots real money
References:
https://graph.org/Casino-Online-Ultimate-Guide-to-Safe-Gaming-04-20
References:
Woo casino new games
References:
https://graph.org/Casino-Rocket-Full-Review–Bonuses-04-20
References:
Casino games slot machines
References:
https://hard-rock-casino-punta-cana.online-spielhallen.de/
how much does percocet cost at the pharmacy sam club pharmacy viagra price online pharmacy no prescription augmentin
References:
Grand casino luzern
References:
https://casino-020-com.online-spielhallen.de/
References:
Munich (München)
References:
https://lex-casino-promo-code.online-spielhallen.de/
References:
Offenbach am Main