Laywaddy FM

စစ်တွေ အနီးဝန်းကျင်က စစ်ကောင်စီစခန်း တွေကိုအာရက္ခတပ်တော် ထိုးစစ်ဆင်နေ

စစ်တွေ အနီးဝန်းကျင်က စစ်ကောင်စီစခန်း တွေကိုအာရက္ခတပ်တော် ထိုးစစ်ဆင်နေ

စစ်တွေမြို့ အထွက်က ကျားမသောက်တပ်နယ် ဂိတ်အပါအဝင် နေရာသုံးခုမှာရှိတဲ့ စစ်ကောင်စီရဲ့ ကာကင်စခန်းတွေကို အာရက္ခတပ်တော် AA က ဖေဖော်ဝါရီ ၅ ရက်နေ့မှာ လက်နက်ကြီးနဲ့ စတင်ထိုးစစ်ဆင်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။

စစ်တွေမြို့ နဲ့ အနီးဆုံးမှာ ရှိတဲ့ကျေးရွာတွေ ဖြစ်တဲ့ ကျားမသောက်ကျေးရွာ၊ ဝါဘိုကျေးရွာ၊ တောကန်ကျေးရွာ မှာ ရှိတဲ့ စစ်ကောင်စီ စခန်းတွေကို အာရက္ခတပ်တော်ဘက်က တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်ခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေဟာ စစ်တွေ ဒကစ တပ်နယ်ထဲက ကျေးရွာတွေဖြစ်ပြီး စစ်ကောင်စီ အင်အား အများအပြားထပ်ချထားတဲ့နေရာတွေလည်းဖြစ်ပါတယ်။

“ကျားမသောက်ချောင်းဟိုဘက်ကမ်း က နေ ဒရုန်းတွေ စစ်ကောင်စီကာကင်းတွေကို ဒရုန်းနဲ့ အမြှောက်နဲ့ ပစ်တယ်၊ စစ်ကောင်စီဘက်ကလည်း မနက်ပိုင်းမှာ ပြန်ပစ်ကြတယ်။ လက်နက်ကြီးတွေရော လက်နက်ငယ်တွေ ရော နဲ့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်” လို့ သတင်းရရင်းမြစ်က ပြောပါတယ်။

အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေဟာ စစ်တွေ-ရန်ကုန် ကားလမ်းပိုင်းပေါ်က စစ်ကောင်စီ စခန်းတွေဖြစ်တဲ့ ကျားမသောက်၊ ဝါးဘို၊ တောကန် ကျေးရွာတွေမှာ အထိုင်ချထားတဲ့ စခန်းတွေ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားလာတဲ့ အခြေအနေတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို စတင်တိမ်းရှောင်နေကြတယ်လို့လည်း ပြောပါတယ်။

“အခုဖြစ်တဲ့ ရွာတွေက တိုက်နယ်ဆေးရုံအဆင့်ရှိတဲ့ ရွာကြီးတွေ ဖြစ်ပါတယ်။ စစ်တွေနဲ့ မလှမ်းမကမ်းမှာရှိပါတယ်။ ရွာသားတွေက တော့ နီးစပ်ရာကို ရှောင်ကြပါတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တွေမြို့ဟာ နှစ်ဖက်စစ်ဆိုင်နေတဲ့ အနေအထားမှာ တစ်လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ၊အာရက္ခတပ်တော်ဘက်က ထိုးစစ်ဆင်လာမယ့် အချိန်ကို စောင့်ဆိုင်းနေတဲ့ အနေအထားလည်းဖြစ်ပါတယ်။

နှစ်ဖက်အင်အားဖြည့်တင်းမှုတွေ နဲ့ စစ်ပွဲခဏရပ်နားထားတဲ့ ကာလမှာ စစ်ကောင်စီဘက်က စစ်တွေမြို့ ထဲ ကို နေ့စဉ် ဧည့်စာရင်းဝင်စစ်တွေ၊ တင့်ကားတွေနဲ့ မကြာခဏ လှည့်လည်အင်အားပြတာတွေ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေကိုလည်း ပြုလုပ်လျှက်ရှိပါတယ်။

အမ်းချောင်းသူ
လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *