ရခိုင်ပြည် ရဲ့ မြို့အများစုမှာ စစ်ကောင်စီ ကင်းစင်ပြီလို့ ထင်ရပေမယ့် ပင်လယ်ရေပြင်နေရာ တော်တော်များများတော့ စစ်ကောင်စီနေဗီသဘေ်ာတွေလှည့်လည် သွားလာနေဆဲ ဖြစ်ပြီး ပင်လယ်ပြင်မှာ ငါးဖမ်းထွက်ကြတဲ့ ရေလုပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ ပစ်ခတ်မှုတွေ ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။
ရခိုင်ပြည် မြေပုံမြို့နယ် ဖဒူကျွန်း ၊ ဆံတော်ရှင် ကျွန်းနဲ့ ကျောက်ဖြူကျွန်းရွာတို့က က ရေလုပ်သားအများစု ဟာ ပင်လယ်ပြင်မှာ လှည့်လည်သွားလာနေတဲ့ စစ်ကောင်စီနေဗီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အခက်အခဲ ကြုံတွေ့နေရတယ် လို့ ဆိုပါတယ်။
“စစ်ကောင်စီနေဗီ က ပင်လယ်ပြင်မှာ အချိန်ခါမရှိဘူးသွားလာနေတယ်။ ပြီးတော့စပိဘုတ်လည်း ပါတယ်။ ညဉ့်ပိုက်မှာငါးဖြုတ်နေတဲ့မီးမြင်ရင်လက်နက်ကြီးပစ်ခတ်တယ်” လို့ ကျောက်ဖြူမြို့နယ် သလူမော်ကျေးရွာက ရေလုပ်သား တစ်ဦးက လေးဝတီ FM ကို ပြောပါတယ်။
ရေလုပ်ငန်းကို အဓိက အားထားနေရတဲ့ မြေပုံမြို့နယ် ဖဒူကျွန်း၊ဆံတော်ရှင်ကျွန်း၊ အမ်းမြို့နယ် သလူမော်၊ ကျောက်ဖြူမြို့နယ်ဇင်ကျွန်း၊ပြင်ဝင်း၊ ပြင်ရှည် နဲ့ နီးစပ်ရာပင်လယ်ပြင် မှာ လုပ်ကိုင်ရှာဖွေစားသောက်ကြတဲ့ ကမ်းနီး ငါးဖမ်းယာဉ်တွေ ကို မီးအလင်းရောင်မြင်ရတာနဲ့ စစ်ကောင်စီ နေဗီသဘေ်ာတွေက ပစ်ခတ်တာ လို့ ဆိုပါတယ်။
ကျောက်ဖြူ၊ မြေပုံ၊ စစ်တွေတို့ကို ရေလမ်းကြောင်း က နေဗီသဘေ်ာတွေ နေ့စဉ်သွားလာ လှုပ်ရှားနေပြီး ရေလမ်းတစ်လျှောက်လုံး က
ငါးဖမ်းလှေတွေကို ပစ်ခတ်တာဖြစ်တယ်လို့ ဆိုပါတယ်။
” ပိုက်ကလည်းရေအတက်အကျလိုက်ပြီးနေ့ရောညပါချရတယ်။ သူတို့က ညဆိုလည်းမထင်မှတ်တဲ့နေရာတွေမှာရပ်နားထားတယ် ။
သူတို့ သဘေ်ာက အမှောင်ထဲက နေ ပြီး ငါးဖမ်းလှေ တွေကို လှမ်းပစ်တယ်” လို့ မြေပုံမြို့နယ် ရေလုပ်သားတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီနေဗီ သွားလာ လှုပ်ရှားတဲ့ ကြောင်းရေလမ်းကြောင်းနဲ့ အနီးဆုံးကျေးရွာတွေ ဖြစ်ကြတဲ့ ကျောက်ဖြူ ၊ ကျက်တောပြင်( သဲချောင်း)၊ ဇင်ကျွန်း၊ ပြင်ရှည်၊ ပြင်ဝင်း၊ အမ်းမြို့နယ် သလူမော်၊ ဂဏန်းပြင်၊ ငပသုန်၊ မြေပုံပြင်ဝင်း၊ ဆံတော်ရှင်ကျွန်း နဲ့ ဖဒူကျွန်းတို့က ရေလုပ်သားတွေ ဟာ အခုလို စစ်ကောင်စီ နေဗီရဲ့ ပစ်ခတ်မှုကို နေ့စဉ်နီးပါး ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
အမ်းချောင်းသူ
လေးဝတီFM
Discover the amazing features of hghjfjdossa and elevate your experience today.
In recent years, hghjfjdossa has gained increasing attention across different fields.