ရခိုင်ပြည် စစ်တွေမြို့ ဇော်မဒက်ကျေးရွာမှာ တပ်စွဲထားတဲ့ လက်နက်ကြီး အထိုင်စခန်းရဲ့ ပစ်ခတ်မှုကြောင့် မင်းလှကျေးရွာဟာ ဖေဖော်ဝါရီ ၁၅ ရက်ည ကတည်းက မီးလောင်ကျွမ်းနေတယ်လို့ မြေပြင် သတင်းရ ရှိပါတယ်။
ဇော်မဒက်ကျေးရွာ အခြေစိုက် အမြှောက်တပ်စခန်းဟာ လက်နက်ကြီးနဲ့ အကြိမ် ၂၀ ကျော် ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းက နေအိမ် အများအပြားဟာ စစ််ကောင်စီ လက်နက်ကြီး ကျည်ကြောင့်မီးလောင်ပျက်စီးခဲ့တယ် လို့ ဆိုပါတယ်။

“မနေ့ညက ညနေ ၃နာရီကျော်မှာပစ်တယ်။ အိမ် တွေ ကိုတိုက်ရိုက်ကျတယ် နောက်တစ်ရက်မနက်အထိ မီးမငြိမ်းသေးဘူး ” လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
လတ်တလောအချိန်အထိ အဲ့ဒီကျေးရွာမှာ နေအိမ် ၁၀ လုံး မီးလောင်ပြာချက်ခဲ့ပြီး ရှော့တိုက်ဒုန်းတွေ ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာကို ဉီးတည်ပြီး ပစ်ခတ်ခံရတာ ဖြစ်တယ် လို့ ဆိုပါတယ်။
“အခုက AA လာနိုင်တဲ့နေရာတွေကိုခန့်မှန်းပြီးပစ်ခတ်နေတယ် ၊ နေ့တိုင်းပစ်ခတ်နေတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်တွေမြို့ မှာ ဒကစ လက်အောက်ခံတပ်ရင်းများ ၊ စစ်တွေအခြေစိုက် ရဲတပ်ရင်း (၁၂) နဲ့ ဒညဝတီ ရေတပ်လက်အောက်ခံ နေဗီသဘေ်ာတွေကရွာဘိုကျေးရွာ ၊ တောကန်ကျေးရွာ ၊ မင်းလှ ကျေးရွာတွေကို ဉီးတည်ပြီး လက်နက်ကြီးတွေ နဲ့ ပစ်ခတ်နေတာဖြစ်ပါတယ်။
ဓာတ်ပုံ-CJ ၂၀၂၅ ဖေဖော်ဝါရီ ၁၆ ရက်မနက် ပိုင်း ကမီးလောင်နေတဲ့ မင်းလှကျေးရွာ
အမ်းချောင်းသူ
လေး၀တီFM
A convenient car catalog http://www.auto.ae/catalog/ brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.