Laywaddy FM

ပဲခူးတိုင်းအနောက်ဘက်အခြမ်း ကပစ (၆) အနီးက ပုဂံကွဲကျေးရွာခံစစ်ကို AA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ပဲခူးတိုင်းအနောက်ဘက်အခြမ်း ကပစ (၆) အနီးက ပုဂံကွဲကျေးရွာခံစစ်ကို AA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ပဲခူးတိုင်းအနောက်ဘက်အခြမ်း ပန်းတောင်းမြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းအချို့ကို အာရက္ခတပ်တော်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင်နေပြီး တပ်စခန်းတွေကို သိမ်းပိုက်ရရှိနေတယ်လို့ သတင်းရရှိပါတယ်။

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းက ညောင်ကျိုးစခန်း ၊ ပုဂံကွဲစခန်းတွေကို ထိုးစစ်ဆင်နေပြီး ဖေဖော်ဝါရီ ၁၅ ရက်က အင်အား ၂၀၀ ကျော်ရှိတဲ့ ပုဂံကွဲစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

“ပုဂံကွဲစခန်းကနေ အင်အား ၁၀၀ ကျော် ညောင်ကျိုးဘက်ကို ဆုတ်သွားတယ်၊ စခန်းမှာလည်း အင်အား တစ်ရာဝန်းကျင်သေတယ်”လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

AA ဟာ တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းပေါ်က နယ်ခြားမှတ်တိုင်စခန်းဖြစ်တဲ့ မိုးထိတောင်စခန်းကို သိမ်းပိုက်ပြီးနောက်မှာ
ပဲခူးတိုင်းအနောက်ဘက်အခြမ်းက စစ်ကောင်စီ စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒဏ်ရာ ရ စစ်သည်တွေကို ဘုန်းကြီးကား ၊ သာရေးနာရေး ကားတွေနဲ့ တင်ဆောင်သွားတယ်လို့ လည်း မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

အခုသိမ်းပိုက်လိုက်တဲ့ ပုဂံကွဲကျေးရွာဟာ ကပစ (၆) နဲ့ ၁၆ မိုင်အကွာမှာ ရှိပြီး ရခိုင်ရိုးမ ပေါ်က ဆင်းလာတဲ့ AA ထိုးစစ်ကို ဒီကျေးရွာကနေ အလုံးအရင်း နဲ့ ခုခံနေခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိ AA ထိုးစစ်ရောက်ရှိနေတဲ့ ပဲခူးတိုင်းအနောက်ဘက်အခြမ်း ပန်းတောင်းမြို့နယ်ထဲမှာ ကပစ (၃)၊ ကပစ (၉)၊ ကပစ (၅) စတဲ့စစ်လက်နက်ပစ္စည်းထုတ်စက်ရုံတွေ ရှိတာဖြစ်ပါတယ်။

အမ်းချောင်းသူ (လေးဝတီ FM)

Kay Zue

Related Posts

2 thoughts on “ပဲခူးတိုင်းအနောက်ဘက်အခြမ်း ကပစ (၆) အနီးက ပုဂံကွဲကျေးရွာခံစစ်ကို AA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

  1. Лучшее казино ап икс сайт играйте в слоты и live-казино без лишних сложностей. Простой вход, удобный интерфейс, стабильная платформа и широкий выбор игр для отдыха и развлечения.

Leave a Reply

Your email address will not be published. Required fields are marked *