ဒုရဲမှူးကြီးတစ်ယောက်အပါအဝင် စစ်အသုံ့ပန်း အချို့ကို အာရက္ခတပ်တော်က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ပြန်လည် လွှတ်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ရခိုင်ပြည်သိမ်းတိုက်ပွဲကြီးအတွင်းမှာ ထောင်နဲ့ ချီတဲ့ စစ်သုံ့ပန်းတွေ နဲ့အတူ တပ်မိသားစုဝင်တွေကို အာရက္ခတပ်တော်က ထိမ်းသိမ်းထားပြီး တချို့ကို ပြန်လွှတ်ပေးနေတာ ဖြစ်ပါတယ်။
အခုလိုစိစစ်ပြီးပြန်လွှတ်တာဟာ ဒုတိယအကြိမ် ရှိပြီဖြစ်ပြီး ဒုရဲမှူးကြီးအဆင့်ရှိသူ စစ်သုံ့ပန်းအပါအဝင် စုစုပေါင်း ၁၉၈ ဦး ကို ဖေဖော်ဝါရီ ၁၇ ရက်က ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
လွတ်မြောက်လာတဲ့ စစ်သုံ့ပန်းတွေထဲမှာ အမျိုးသမီး ၅၁ ယောက်နဲ့ အမျိုးသား ၁၄၇ ယောက်ပါဝင်ပြီးဒီလအတွင်းမှာ ဒုတိယအကြိမ် ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ပထမအကြိမ်မှာတော့ ၁၄၂ ယောက်ပြန်လွှတ်ထားပြီး နှစ်ကြိမ်ပေါင်း ၂၈၉ ယောက်ကို ပြန်လွှတ်ပေးထားပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက အခုလိုပြန်လွှတ်ပေးတော့မယ့် တပ်မိသားစုဝင်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အများအပြားသေဆုံးခဲ့ရပါသေးတယ်။
လေးဝတီ FM