Laywaddy FM

ကျောက်ဖြူ စစ်မျက်နှာပြင်မှာ ပိတ်မိနေသော စီမံကိန်းများ

ကျောက်ဖြူ စစ်မျက်နှာပြင်မှာ ပိတ်မိနေသော စီမံကိန်းများ

ရခိုင်ပြည်တွင်းက မြို့ ၁၄ မြို့အထိ သိမ်းပိုက်ထားသည့် အာရက္ခတပ်တော်သည် ယခုဆိုလျှင် တရုတ်နိုင်ငံ နှင့် ဆက်စပ်နေသော ရင်းနှီးမြုပ်နံမှု များစွာရှိသည့် ကျောက်ဖြူမြို့ကို စတင်တိုက်ခိုက်နေပြီဖြစ်သည်။

ကျောက်ဖြူမြို့နယ် တွင် အဆောက်အအုံစီမံကိန်းကြီးများစွာရှိပြီး တရုတ်နှင့် မြန်မာအစိုးရ တို့၏ စီးပွားရေးလုပ်ကွက်အခြေတည်ထားသည့် နေရာ တစ်ခု အဖြစ်လက်ရှိအခြေအနေထိရှိနေဆဲဖြစ်သည်။

ကျောက်ဖြူမြို့နယ်တွင် ရှိသည့် စီမံကိန်းများတွင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ ၊ ကိုရီယားနိုင်ငံ ကုမ္ပဏီများ ရှိနေခြင်းဖြစ်သည်။

တရုတ်၏ အကျိုးစီးပွားသည် ထပ်မံအကောင်အထည်ဖော်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုံစီမံကိန်းတွင် ပိုမိုရရှိလာမည် ဖြစ်သည်။

၁။ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း – POSCO International မှ (၅၁%) ၊ Oil and Natural Gas

Corporation (ONGC) မှ (၁၇%)၊ Myanmar Oil and Gas Enterprise (MOGE )မှ (၁၅%) ၊ Gas

Authority of India Ltd မှ (၈.၅%)နှင့် Korean Gas corporation (KOGAS) မှ (၈.၅%)

ပိုင်ဆိုင်သည်။

၂။ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း – စီမံကိန်းတွင် CNPC က ၅၀.၉ ၊ MOGE က ၇.၃၆၅ ၊

KOGAS က ၄.၁၇၃၅ ၊ DAEWOO က ၂၅.၀၄ ၊ ONGC က ၈.၃၄ နှင့် GAIl (India) က ၄.၁၇၃၅

ရာခိုင်နှုန်းအသီးသီး ပါဝင်ကြသည်။

၃။ ရေနံပိုက်လိုင်းစီမံကိန်း – SEACOP က ရှယ်ယာ ၅၀.၉ ရာခိုင်နှုန်း၊ MOGE က ၄၉.၁ ရာခိုင်နှုန်း

ပိုင်ဆိုင်သည်။ South East Asia Crude Oil Pipeline Company Ltd. (SEACOP) ကုမ္ပဏီက တာဝန်ယူ

တည်ဆောက်သည်။

စီမံကိန်း (၁)(၂)(၃) သည် လက်ရှိ လည်ပတ်နေသည့် စီမံကိန်းများ ဖြစ်ပြီး တရုတ် ၊ အိန္ဒိယ ၊ ကိုရီးယား နဲ့ မြန်မာအစိုးရတို့ အသီးသီး အကျိုးအမြတ်ရယူလျှက်ရှိသည်။

အဆိုပါစီမံကိန်းများမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တူးဖော်ရေးများ ပါဝင်ပြီး တူးဖော်မှုကို ဖက်စပ်ကုမ္ပဏီ က လုပ်ကိုင်ပြီး ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို တရုတ်က ဝယ်ယူသည်။

စီမံကိန်း(၁) ၊ (၂) ၊ (၃) ကို ပိုမိုတွင်ကျယ်စေမည့် ကျောက်ဖြူအထူးစီးပွားရေးဇုံ စီမံကိန်းကို အကောင်အထည်ဖော်ရန် တရုတ် နှင့် မြန်မာအစိုးရ တို့ ကျောက်ဖြူအထူးစီးပွားရေးဇုံစီမံကိန်းကို လက်မှတ်ရေးထိုးခဲ့ကြသည်။

၄။ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း – CITIC ဦးဆောင်သော ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုကို

၇၀ ရာခိုင်နှုန်းထည့်ဝင်မည်ဖြစ်ပြီး မြန်မာဘက်မှ မြေနေရာအတွက် ၁၅ ရာခိုင်နှုန်း နှင့်

ဒေသခံလုပ်ငန်းရှင်များအစုအဖွဲ့ (MKSHC-Myanmar Kyauk Phyu Special Economic Zone

Holding Consortium Public Co.,LTD) ၁၅ ရာခိုင်နှုန်း ထပ်မံ ထည့်ဝင်ရမည်ဖြစ်သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုံစီမံကိန်းကို အကောင်အထည်ဖော်မည့် အုပ်စုဖြစ်သည့် CITIC Consortium တွင် –

(၁) CITIC Group (Myanmar) Company Limited

(၂) YunnanConstruction Engineering Group

(၃) China Harbor Engineering Company

(၄) ChinaMerchants Holding International Company Ltd

(၅) TEDA Investment Holding

(၆) CharoenPokohand Group တို့ပါဝင်ပါသည်။

၅။ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း

(၁) စက်မှုဇုန်စီမံကိန်း၊

(၂)လူနေအိမ်ရာစီမံကိန်းနှင့်

(၃) ရေနက်ဆိပ်ကမ်းစီမံကိန်း

စသည့် စီမံကိန်းသုံးခုထဲမှာ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ပထမအဆင့် စတင်အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်သည်။

တရုတ်ကုမ္ပဏီ CITIC ၊ Myanmar Port Investment Limited နှင့် မြန်မာအစိုးရ၏ ကျောက်ဖြူအထူးစီးပွားရေးဇုန်

စီမံခန့်ခွဲမှုကော်မတီတို့ ဖက်စပ်ဖွဲ့စည်းထားသည့် Kyaukphyu Special Economic Zone Deep

Seaport Co. Ltd က တာဝန်ယူမည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ

CITIC လုပ်ငန်းစုက စက်မှုဇုန်၏ ၅၁ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်မည်

ဖြစ်သည်။

၆ ။ ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံးစွမ်းအင်စီမံကိန်း –

(ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်)

ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို အဆောတလျင် အကောင်အထည်ဖော်နိုင်ရန် စစ်ကောင်စီဖက်က ကြိုးပမ်းခဲ့ပြီး စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားကိုဖြည့်ပေးနိုင်ရန် ၁၃၅ မဂ္ဂါဝပ် ထွက်ရှိမည့် ကျောက်ဖြူဓာတ်အားပေးစက်ရုံစီမံကိန်းကို ၂၀၂၃ ခုနှစ် မေ ၁၉ ရက်တွင် စတင်လည်ပတ်ခဲ့သည်။

၇။ ကျောက်ဖြူ – မန္တလေး ကားလမ်းစီမံကိန်း

၈။ ကျောက်ဖြူ – မန္တလေး ရထားလမ်းစီမံကိန်း

၉။ ကျောက်ဖြူ – အမ်း ရထားလမ်းစီမံကိန်း

၁၀။ ကျောက်ဖြူ – နေပြည်တော် ကားလမ်းစီမံကိန်း

ဖော်ပြပါစီမံကိန်းများအနက် ၊

နံပတ် (၅) (၆) (၇) (၈) (၉) စီမံကိန်းများသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း

နှင့်ဆက်စပ်နေသော စီမံကိန်းများဖြစ်သည်။

၄◌င်းစီမံကိန်းများ ကို တရုတ် နဲ့ စစ်ကောင်စီအစိုးရတို့ အကောင်အထည်ဖော်ရန် တဆင့်ချင်းစီမံနေချိန်တွင် တိုက်ပွဲများ စတင်လာခြင်းဖြစ်သည်။

လေးဝတီ FM

Kay Zue

Related Posts

7 thoughts on “ကျောက်ဖြူ စစ်မျက်နှာပြင်မှာ ပိတ်မိနေသော စီမံကိန်းများ

  1. the best adult generator interactive ai chat 18+ create erotic videos, images, and virtual characters. flexible settings, high quality, instant results, and easy operation right in your browser. the best features for porn generation.

  2. Hello friends!
    I came across a 153 great website that I think you should check out.
    This tool is packed with a lot of useful information that you might find insightful.
    It has everything you could possibly need, so be sure to give it a visit!
    https://www.proentpreneurs.com/2022/10/3-tips-to-help-you-find-pleasure-in.html

    Furthermore do not neglect, guys, that you at all times may in this particular piece locate responses to your most tangled queries. We made an effort — lay out the complete data via an extremely understandable way.

  3. Hello lads!
    I came across a 153 helpful platform that I think you should visit.
    This site is packed with a lot of useful information that you might find helpful.
    It has everything you could possibly need, so be sure to give it a visit!
    https://tellingdad.com/learn-the-fibonacci-strategy-in-football-betting/

    Furthermore remember not to neglect, guys, — you constantly are able to within the publication discover responses for the the very complicated questions. Our team made an effort — lay out all content via the most most easy-to-grasp manner.

Leave a Reply

Your email address will not be published. Required fields are marked *