Laywaddy FM

ဆေး နဲ့ စားနပ်ရိက္ခာတွေ သယ်ယူခွင့်မပြုတဲ့ အတွက် အမ်း-ပဒန်းရိုးမပေါ်က ချင်းတိုင်းရင်းသားကျေးရွာတွေ အစာရေစာပြတ်လတ်နေ

ဆေး နဲ့ စားနပ်ရိက္ခာတွေ သယ်ယူခွင့်မပြုတဲ့ အတွက် အမ်း-ပဒန်းရိုးမပေါ်က ချင်းတိုင်းရင်းသားကျေးရွာတွေ အစာရေစာပြတ်လတ်နေ

မကွေးတိုင်း ငဖဲမြို့ နဲ့ ပဒန်းမြို့ က ဆေး၀ါး နဲ့ စားနပ်ရိက္ခာတို့ကို တောင်ပေါ်ကျေးရွာတွေဆီ သယ်ယူခွင့်မပြုတဲ့အတွက် ရိုးတောင်ပေါ်မှာနေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားကျေးရွာတွေဟာ အစာရေစာပြတ်လတ်မှု ကို ကြုံတွေ့နေရတယ်လို့ သတင်းရရှိပါတယ်။

အမ်း-ပဒန်းလမ်းမပေါ် ရခိုင်ရိုးမ တောင်ခြေတလျှောက်မှာ ရှိတဲ့ ချင်းတိုင်းရင်းသားကျေးရွာတွေ ဖြစ်တဲ့ ဇမြွန်းရွာ ၊ချောက်တောင်ရွာ ၊ဂုတ်ကြီးရွာ ၊ဂုတ်ဝရွာ ၊ခွန်ဆူရွာ ၊ ရေနွယ်ရွာ ၊လိုင် ရွာ ၊ဗစီရွာတို့ ဟာ ဆေးဝါးနဲ့ အစာရေစာ ပြတ်လတ်တဲ့ ဒဏ်ကို ခံစားနေကြရတယ်လို့ ဒေသတင်းရင်းမြစ်တွေက ပြောပါတယ်။

“အဓိကတော်လှန်ရေးတပ်တွေကိုထောက်ပံ့မှာကြောက်တာပါ ဆေးဆိုလည်း၀ယ်လို့ မရဆေးဆိုင်ကမရောင်းဘူး
စစ်ကောင်စီဖမ်းမှာကြောက်လို့ ဆန်၊ဆီ စားစရာလည်းတစ်နပ်စာ ဘဲသယ်ခွင့်ပြုတယ် “
လို့ အဲ့ဒီတောင်ပေါ်ကျေးရွာ မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

အမ်း-ပဒန်းလမ်းပိုင်းပေါ် ရခိုင်ရိုးမအဆင်း နတ်ရေကန်ဗျူဟာအနီးမှာ တိုက်ပွဲတွေ ရှိနေပြီး စစ်ဆင်ရေး ရောက်ရှိနေတဲ့ တပ်မ ၉၉ က ဗိုလ်မှူးချုပ် နိုင်ဝင်း က ဒေသတွင်းမှာ အမိန့်ထုတ်ထားတာဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ဧပြီလ ကတည်းက ပဒန်းမြို့တွင်း မြို့ပြင်မှာ ကနေ ရိုးတောင်ခြေအထိ စစ်ဆေးရေး ဂိတ်တွေ အထပ်ထပ်ချထားပြီး ရိုးတောင်ပေါ်ကို အစားအသောက်နဲ့ ရိက္ခာ မသယ်ဆောင်ရဘဲ ဖြတ်လေးဖြတ်စီမံချက်ကို လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

“အဓိက ဗစီရွာ၊ လိူင်ရွာ၊ ဂုတ်ကြီး တွေမှာ ပြည်သူ့စစ်ဖွဲ့ထားတယ်ညကင်းစောင့်ခိုင်းတယ်။ သူတို့က စစ်တပ်အတွက် ရိက္ခာကိုပဲ နတ်ရေကန်ဗျုဟာကုန်း ကို တင်ပို့တယ် ပြည်သူတွေ က သယ်လို့မရဘူး ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ နတ်ရေကန်ဗျူဟာ အနီးက ဗဇီရွာမှာ တပ်မ ၉၉ တပ်မအပါအဝင် အင်အား အလုံးအရင်းနဲ့ ခံစစ်ပြင်နေတာဖြစ်ပါတယ်။ လတ်တလော နှစ်ဖက် တိုက်ပွဲတွေ ရပ်တန့်ထားတဲ့ ကာလမှာ
ဒရုန်း နဲ့ ကင်းထောက်လေယာဉ်တွေ အသုံးပြုပြီး ရခိုင်ရိုးမ တွင်းက AA အပါအဝင် တော်လှန်ရေးတပ်တွေ ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အဉ္စနလီညှင်း ၊လေး၀တီFM

Kay Zue

Related Posts

5 thoughts on “ဆေး နဲ့ စားနပ်ရိက္ခာတွေ သယ်ယူခွင့်မပြုတဲ့ အတွက် အမ်း-ပဒန်းရိုးမပေါ်က ချင်းတိုင်းရင်းသားကျေးရွာတွေ အစာရေစာပြတ်လတ်နေ

  1. Need a multimedia system? equipment for meeting rooms We integrate multimedia systems for home and business. We install and configure audio and video systems, manage content, and integrate equipment into a single system. Modern solutions for comfortable and efficient use of technology.

Leave a Reply

Your email address will not be published. Required fields are marked *