Laywaddy FM

ရခိုင်တံငါသည် ၆ ဦး ငါးရှာနေရင်း ဖမ်းဆီးခံရ

ရခိုင်တံငါသည် ၆ ဦး ငါးရှာနေရင်း ဖမ်းဆီးခံရ

ရခိုင်ပြည်၊ပေါက်တောမြို့နယ် က တနိုင်တပိုင် ရေလုပ်ငန်းလုပ်ကိုင်တဲ့ ဒေသခံအမျိုးသား ၆ ဉီးကို စစ်တွေ ရေပြင် အနီးမှာ စစ်ကောင်စီက နေဗီက ဖမ်းစီးသွား တယ်လို့ သတင်းရရှိပါတယ်။

ရခိုင်ကမ်းရိုးတန်း ပေါက်တောမြို့နယ် ကနေ ထွက်ခွာသွားတဲ့ ကမ်းနီးရေလုပ်သား တွေ ဖြစ်တဲ့ ကိုခင်ကျော်ညွန့်၊ ကိုကုလား ၊ကိုအောင်ထက်လင်း၊ ကိုးစိုးစိုးနိုင် နဲ့ ငရုတ်ချောင်းကျေးရွာက ကိုမောင်သက်ချေ၊ ကိုဉီးစိုးနိုင် တို့ဟာ မေလ ၃ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

” စစ်ကောင်စီ ရေတပ်က ရေပြင်ထဲမှာ သူတို့ ဝင်လို့ရတဲ့ ဧရိယာအထိ ဝင်တယ်၊ ကမ်းဘက်ကို လက်နက်ကြီးနဲ့ မှီသလောက် ပစ်တယ်၊ ငါးဖမ်းလှေတွေ့ရင် ဖမ်းသွားတယ် ၊ အခု လည်းအဲ့လို သူတို့ နဲ့ ထိပ်တိုက်တွေ့သွားပုံရပါတယ် ၊ ညဘက် ဆင်းသွားတဲ့ အချိန်မှာ ဖမ်းသွားတာပါ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ဟာ ရခိုင်ပြည်က AA သိမ်းပိုက်ထားတဲ့ မြို့တွေကို လေကြောင်းက လာရောက်ပစ်ခတ်တာတွေရှိသလို ၊ ရေပြင် နေဗီသဘေ်ာတွေက လည်း အခုလို တည်ငြိမ်မှုမရှိအောင် အနှောက်အယှက်ပေးလေ့ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“ကျောက်ဖြူရေတပ်ကိုယူသွားတယ် လို့ သတင်းကြားတယ်၊ တခြားအဆက်အသွယ်မရသေးဘူး “ လို့ ဖမ်းဆီးခံရသူတွေ နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ရဲ့ ကျောက်ဖြူ နဲ့ စစ်တွေမြို့ ရေပြင်တွေ မှာ အထိုင်ချထားတဲ့ ကင်းထောက်နေဗီတွေ ဟာ အနီးဝန်းကျင်မှာ ရှိတဲ့ ရေပြင်တွေကို အဆက်မပြတ်သွားလာနေတာဖြစ်ပါတယ်။
စစ်တွေ ၊ ကျောက်ဖြူ ရေပြင်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ​ဆံတော်ရှင်ကျွန်း၊ အင်ကြင်းချိုင်ကျွန်း၊ ဖဒူကျွန်း နဲ့ ဆင်တက်မော်ကျွန်း က ရေလုပ်သားတွေ ဟာ အခု လို မကြာခဏ ဖမ်းဆီးခံရပြီး အသက် ဆုံးရှုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။

အမ်းချောင်းသူ ၊ လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *