ရခိုင်ပြည်၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာ က အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးကို တစ်ရွာတည်းနေထိုင်သူ က အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ထားခဲ့ပါတယ်။
မေလ ၆ ရက်နေ့ ညနေပိုင်းမှာ မူးယစ်ဆေးအလွန်အကျွန်သုံးစွဲမှုကြောင့် ဆေးကြောင်နေသူက အခုလို ကျူးလွန်ခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။
“သူ့ ကို သတ်ပြီး မုဒိ-မ်းကျင့် တဲ့လူက မူးယစ်ဆေးသုံးပြီး စိတ်လည်းကြောင်နေတယ်”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ သတင်းတွေ မေလ ၆ ရက်က ထွက်လာပြီး မေလ ၇ ရက်မှာတော့ ULA/AA ရဲ့ ဒီလပ် တပ်ဖွဲ့ က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ကျူးလွန်သူ ဟာ ငါးမန်းရိပ်ကျွန်းဒေသခံ ကိုမောင်မြသန်း အမည်ရှိ တဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသား ဟာ မြေပုံမြို့နယ် ငမန်းရဲကျွန်း ကနေ မြေပုံမြို့ ဖားပြိုရွာက အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျနေသူ လို့ ဆိုပါတယ်။
သေဆုံးသူကို တွေ့ရှိချိန်မှာ ရွာအနီးက သစ်ပင်မှာ ကြိုးဆွဲချ သေဆုံးနေပုံ ပြုလုပ်ခံထားရပြီး ၊ မျက်နှာ နဲ့ ခန္ဓာကိုယ် အနှံ့မှာ ဒဏ်ရာ ဒဏ်ချက် များစွာ ရရှိထားတာလည်းဖြစ်ပါတယ်။
ယခုလို ရာဇတ်မှုများကို တိကျစွာကိုင်တွယ်ဖို့နဲ့ မူးယစ်ဆေး၊ စိတ်ကြွဆေးတွေကို သေချာ ကိုင်တွယ်ဖို့လည်း ဒေသခံတွေက တောင်းဆိုကြပါတယ်။
“အခုဖြစ်စဉ်ကသမီးမိန်းကလေးတွေအတွက်ကြောက်စရာကောင်းတယ် ၊ လေးလေးနက်နက် အပစ်မပေးရင် ၊ နောက်လည်းဖြစ်မာဘဲ ၊ အခုက ရခိုင်မှာဆေးသုံးတဲ့လူငယ်တွေများလာတယ်” လို့ မင်းပြားမြို့ နယ်က အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်အနေနဲ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ၊ ပြစ်မှုကျူးလွန်မှုများ ၊ ရာဇဝတ်မှုများ ဟာ ပိုမိုဆိုးရွားလာမှာ ကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
အမ်းချောင်းသူ ၊ လေးဝတီFM