Laywaddy FM

ကျောက်တော် နဲ့ ပုဏ္ဏားကျွန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကျောက်တော်မှာ အရပ်သား (၅) ဦးထက်မနည်းသေဆုံး

ကျောက်တော် နဲ့ ပုဏ္ဏားကျွန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကျောက်တော်မှာ အရပ်သား (၅) ဦးထက်မနည်းသေဆုံး

ဒီနေ့ နိုဝင်ဘာ ၂၈ ရက်မနက်ပိုင်းမှာ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့ကို လေကြောင်းက ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခံရပါတယ်။

ကျောက်တော်မြို့ ကြောင်ဖိုကျေးရွာအလယ်ပိုင်းကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကျရောက်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

“မနက်ပိုင်း ဈေးအသွားအလာလုပ်တဲ့ အချိန်မှာ ရွာ အလယ်ပိုင်းကို တစ်လုံး ရွာထိပ်ကို တစ်လုံးကျတယ်။ လူတော်တော်ထိတယ် ။ အခုလောလောဆယ် ၊ အမျိုးသမီး (၄) ဦး အမျိုးသား (၁) ဦး သေတယ်လို့ စာရင်းရထားတယ် ဒီထက်လည်းများနိုင်တယ်” လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နောက်ထပ် ဒေသခံ ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ပုဏ္ဏားကျွန်းမြို့ နယ် ယိုးတရုပ် ရွာ ကို ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။

စစ်ကော်မရှင်ဟာ စက်တင်ဘာလအတွင်းကလည်း ကျောက်တော်မြို့ မှာရှိတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ကျောင်းသူကျောင်းသား ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

Laywaddy FM

Kay Zue

Related Posts

3 thoughts on “ကျောက်တော် နဲ့ ပုဏ္ဏားကျွန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကျောက်တော်မှာ အရပ်သား (၅) ဦးထက်မနည်းသေဆုံး

Leave a Reply

Your email address will not be published. Required fields are marked *