ပွိုင့် ၆၆၆ စခန်းအနီးဝန်းကျင်မှာ လှုပ်ရှားနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို AA က တောနင်းပြီးလိုက်လံ ဖြိုခွင်းလျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။
ဒီဇင်ဘာ ၈ ရက်က အဲ့ဒီစခန်းအနီးဝန်းကျင်မှာ တိုက်ပွဲနှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သားတွေကို အရှင်ရော ၊အသေရော ဖမ်းဆီးမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။
“ အဲ့ဒီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တာ သုံးရက်လောက်ရှိနေပြီ ။ မနေ့ညကတော့ စစ်ကော်မရှင်ဘက်က အထိနားပြီး ကစဉ့်ကလျားထွက်ပြေးနေကြတယ်။ AA က တောနင်းပြီး ရှာနေတယ်။ ၊ လက်နက်ချတဲ့ကောင်တွေလည်းရှိတယ်။ သေတဲ့ကောင်တွေလည်းရှိတယ် “ လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒီဇင်ဘာ ၈ ရက်မှာ စစ်ကော်မရှင် ခြေလျှင်စစ်ကြောင်းက ပြည်သူ့စစ်တပ်သား ၅ ဦးကို အရှင်ဖမ်းမိခဲ့ပြီး ၊ သေဆုံးခဲ့တဲ့ စစ်ကော်မရှင်တပ်သားတွေရဲ့ အလောင်းတွေလည်း တောင်ကြောတစ်လျှောက် ပြန့်ကြဲနေတယ်လို့ ပြောပါတယ်။
ဒါအပြင် စစ်ကြောင်းနဲ့ အတူပါလာတဲ့ ရိက္ခာခဲယမ်းထုတ်တွေကိုလည်း ၊ စွန့်ပစ်ခဲ့ပြီး ကိုယ်လွတ်ရုန်းထွက်ပြေးနေကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ စခန်းတွေထဲမှာ ပိတ်မိပြီး အစာငတ်လို့ တောင်ပေါ်က ဆင်းလာပြီး ရိက္ခာလာယူကြ၊စစ်ကြောင်း ၊ အလာတုန်းကတစ်ကြိမ် ၊ အပြန်မှာ တစ်ကြိမ် ကြားဖြတ်တိုက်ခံရတာ၊ တောထဲတောင်ထဲမှာ ပွဲဖြစ်နေတာ သုံးရက်လောက်ရှိပြီ ” လို့နောက်ထပ်စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။
နတ်ရေကန် စခန်း နဲ့ ပွိုင့် ၆၆၆ စခန်းအနီးဝန်းကျင်မှာ ရှိတဲ့ စစ်ကော်မရှင်တပ်တွေဟာ လက်နက်မချဖို့ ဖိမအားပေးခံထားရပြီး ၊ စစ်ကော်မရှင်အတွက် အသေခံပေးနေရတဲ့အခြေအနေ ဖြစ်ပါတယ်။
ရခိုင်ရိုးမထဲမှာ ပိတ်မိနေတဲ့ ပြည်သူ့စစ်သင်တန်းဆင်တွေဟာ အာရက္ခတပ်တော်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ မကြာခဏ အလင်းဝင်နေကြတာလည်းတွေ့ရပါတယ်။
ပဲခူးတိုင်း ၊ ပန်းတောင်းမြို့နယ်ထဲက တောတောင်တွေမှာရှိတဲ့ ခံစစ်စခန်းတွေကို စစ်ကော်မရှင်ဘက်က ရိက္ခာနဲ့ ခဲယမ်းတွေမထောက်ပို့နိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။
ရိုးအဆင်းမှာရှိတဲ့ ညောင်ခြေထောက် ၊ ဉသျှစ်ပင် မြို့တွေမှာ ခံစစ်တွေကို အခိုင်အမာပြင်ဆင်ထားပါတယ်။
အမ်းချောင်းသူ၊ လေးဝတီfm
Betvnd888, you say? Honestly, I was skeptical at first, but their customer service is great and the site itself is well-designed. Worth checking out if you ask me. betvnd888
Stumbled across ph33m the other day, and it seems… interesting. I didn’t spend too much time on it, but it might be worth checking out if you’re bored. Here’s the link: ph33m.