Laywaddy FM

မြောက်ဦးဖြစ်စဉ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လူနာတွေကို အရေးပေါ်ဆေးကုသမှုပေးရေး ပူးပေါင်းပါဝင်ဖို့ Arakanese Ladies အဖွဲ့ကနှိုးဆော်

မြောက်ဦးဖြစ်စဉ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လူနာတွေကို အရေးပေါ်ဆေးကုသမှုပေးရေး ပူးပေါင်းပါဝင်ဖို့ Arakanese Ladies အဖွဲ့ကနှိုးဆော်

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုမှာ ထိခိုက်ခဲ့တဲ့ လူနာတွေကို ဆေးကုသမှုပေးဖို့ မြေပြင်မှာ ရှိတဲ့ အရပ်ဘက်အဖွဲ့တွေက ကိုယ်ထူကိုယ်ထ ပြင်ဆင်နေကြပါတယ်။

ဒီအထဲမှာ အလွှာသီးသီးမှာရှိတဲ့ ရခိုင်အမျိုးသမီးတွေ နဲ့ ဖွဲ့စည်းထားတဲ့ အရွယ်စုံ Arakanese Ladies အဖွဲ့က အရေးပေါ် ရန်ပုံငွေ မတည်ထည့်ဝင်ပြီး ၊ အနယ်နယ်အရပ်ရပ်က ပြည်သူတွေကို ပူးပေါင်းပါဝင်ကြဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်။

“ဟုတ်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ၊ ဆေးကုသရေးအတွက် အခု လို နှိုးဆော်ချက်ထုတ်ပြန်ထားတာပါ” လို့ ဒီအဖွဲ့ ရဲ့ နာယက ဒေါ်နှင်းဇာဖြူကလေးဝတီFM ကို ပြောပါတယ်။

အရေးပေါ်အခြေအနေမှာ ရှင်သန်ကျန်ခဲ့သော လူနာနဲ့ လူနာစောင့်များ အတွက် ဆေးဝါးနဲ့ အနွေးထည်များ ၊ ပျက်စီးသွားသော ဆေးဖက်ဆိုင်ရာပစ္စည်းများ ကို အရေးပေါ်ဝယ်ယူနေရတယ် လို့ ဒီအဖွဲ့ကပြောပါတယ်။

ဆေးပစ္စည်းများ ပြန်လည်ဝယ်ယူနိုင်ဖို့ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူများ ပြည်လည်ထူထောင်ရပ်တည်နိုင် ဖို့ HDCO နဲ့ ပူးပေါင်းပြီးမြေပြင်မှာ အကူအညီပေးနေတယ်လို့ ပြောပါတယ်။

အရွယ်စုံ Arakanese Ladies ရဲ့ အရေးပေါ်ရန်ပုံငွေ သိန်း ၁၅၀ ကျပ်ကို ထည့်ဝင်ထားပြီး ၊ အ နယ်နယ် အရပ်ရပ်က မိတ်ဆွေတွေလည်း ပူးပေါင်းပါဝင်နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ပူးပေါင်းပါဝင်ချင်သူတွေအနေနဲ့ အရွယ်စုံ Arakanese Ladies ရဲ့ ကိုယ်ပိုင်စာမျက်နှာကို တိုက်ရိုက် ဆက်သွယ် နိုင်ပါတယ်။

လေးဝတီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *