Laywaddy FM

မြောက်ဦး ၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တော မြို့ကို စစ်ကော်မရှင်လေကြောင်း တိုက်ခိုက်နေ

မြောက်ဦး ၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တော မြို့ကို စစ်ကော်မရှင်လေကြောင်း တိုက်ခိုက်နေ

ရခိုင်ပြည်က မြောက်ဦးမြို့၊ ပုဏ္ဏားကျွန်းမြို့ နဲ့ ပေါက်တောမြို့တို့ ကို ဒီနေ့ ည ၉ နာရီဝန်းကျင်မှာ စစ်ကော်မရှင် ရဲ့ တိုက်လေယာဉ် သုံးစီးနဲ့ လာရောက်တိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။

လက်ရှိအချိန်အထိ စစ်ကော်မရှင် ရဲ့ ဗုံးကြဲလေယာဉ်ဟာ မြောက်ဦးမြို့ပေါ်ကောင်းကင်မှာ နာရီနဲ့ချီပြီး ဝဲနေတဲ့အတွက် ဗုံးကြဲထားတဲ့နေရာတွေကိုလည်း သွားရောက်မစုံစမ်းနိုင်သေးဘူးလို့ ပြောပါတယ်။

မြောက်ဦးမြို့ ရဲတပ်ရင်း အနီးဝန်ကျင် ကို ဗုံးကြဲချခဲ့ပြီး ၊ ပုဏ္ဏားကျွန်းမြို့နယ် ဝါဘို ကျေးရွာအနီးဝန်းကျင်နဲ့ ၊ ပေါက်တောမြို့ သဲခုံရွာဝန်းကျင် တို့ ကို ဆက်တိုက်ကြဲချနေတာဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ ဒီနေ့ ည ကိုးနာရီ ဝန်းကျင်မှာ လေယာဉ် သုံးစီးဆက်တိုက်လာကြဲခဲ့ပြီး မြောက်ဦးမြို့ ကောင်းကင်မှာလည်း အခုချိန်ထိ ဝဲနေတာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှု ကြောင့် ထိခိုက်နက်နာ မှုတွေကို ဆက်လက်တင်ဆက်ပေးပါမယ်။

လေးဝတီ FM

Kay Zue

Related Posts

3 thoughts on “မြောက်ဦး ၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တော မြို့ကို စစ်ကော်မရှင်လေကြောင်း တိုက်ခိုက်နေ

  1. you’re really a good webmaster. The website loading speed is incredible. It seems that you’re doing any unique trick. Also, The contents are masterwork. you have done a excellent job on this topic!

Leave a Reply

Your email address will not be published. Required fields are marked *