Laywaddy FM

သံတွဲမြို့နယ်ထဲက စစ်ကောင်စီ ရာအိမ်မှူးကို အမည်မသိ လူတစ်စုက သတ်သွား

သံတွဲ မြို့နယ်ထဲက ဒါဝ ကျေးရွာ စစ်‌ကောင်စီရာအိမ်မှူးကို ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာ
အမည်မသိသူလူတစ်စု က လာသ-တ်သွားတယ်လို့ သတင်းရရှိပါတယ်။
ရာအိမ်မှူးဟာ စစ်ကောင်စီ နဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေလည်း တက်ရောက်နေရတဲ့သူ
တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ဒီကနေ့ နေ့လည်ပိုင်းမှာ စစ်မှုထမ်းဥပဒေ အရ မဲနှိုက်ခိုင်းတဲ့ ရပ်ကွက်လူကြီးတွေကို
တစ်ယောက်ပြီး တစ်ယောက်သ-တ်ပ-စ်မယ် ဆိုတဲ့ စာတွေကို ရခိုင်ဒေသခံတွေ ရှိတဲ့ ဆိုရှယ်
ဂရု‌ တွေ ထဲ မှာ ရေးသား ဖြန့်ဝေနေတာ တွေ့ ရပါတယ်။
သံတွဲ မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၃၀ ကျော်ဟာ စစ်မှုထမ်း ဥပဒေ
မဲနှိုက်စနစ်နဲ့ပတ်သက်ပြီး ရွာသာတွေ နဲ့ အငြင်းမပွားလိုတာကြောင့် စစ်ကောင်စီဆီမှာ
နုတ်ထွက်စာ တင်ထားပါတယ်။
သံတွဲမြို့မှာ အံတော်ရပ်ကွက်၊ ဒိုးတောင်ရပ်ကွက်၊ နန်းချောင်း ရပ်ကွက် ၊
ငကျော်တောင်ရပ်ကွက်၊ ညောင်ပင်ဈေးရပ်ကွက် စတဲ့ မြို့ပေါ် ရပ်ကွက်တွေ က တော့ အဲ့ဒီလို
နှုတ်ထွက်စာ တင်ထားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး မှာ လည်ပတ်နေဆဲ ဖြစ်ပါတယ်။
ဒါဝ ၊ ‌ကင်းသေကျွန်း၊ ရောင်ခြည်ဦး ၊ သိမ်တောင်ကျေးရွာတွေဟာ သံတွဲ မြို့နဲ့
တစ်ဆက်တည်းမှာ ရှိတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *