ယနေ့ Thursday, 21st November 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ငပလီအုပ်စု က အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက လက်နက်ပေးပြီးပျူစောထီးအသွင်ဖန်တီးထား၊ စစ်မှုထမ်းလူငယ်တွေ ကို စစ်ကား နဲ့ ကင်းလှည့်ခိုင်းနေ

ရခိုင်ပြည်တောင်ပိုင်း သံတွဲ မြို့နယ် ငပလီကျေးရွာ၊ လင်းသာ ၊မြပြင် အုပ်စုတွေ က
တပ်သားသစ်စုဆောင်းပေးနိုင်တဲ့ အုပ်ချုပ်ရေးမှုး တွေကို စစ်ကောင်စီက
သေနတ်ထုတ်ပေးထားပြီး အဲ့ဒီ တပ်သားသစ်တွေ နဲ့ ညနေခင်း ဆိုရင် ရပ်ကွက်တွေ ကို
ကင်းလှည့် ခိုင်း နေတယ်လို့ ဒေသခံ တွေ ဆီက သိရပါတယ်။
“ဥက္ကဌတွေ ရာအိမ်မှူးတွေ က ပါတဲ့နေ့လည်းပါတယ် ၊ ပုံမှန်တော့ စစ်မှုထမ်းဖို့
စရင်းပါတယ်ဆိုပြီး တပ်ထဲ မှာ သင်တန်းပေးထားတဲ့ လူငယ်တွေ ကို ယူနီဖောင်း ဝတ်ပေးပြီး
ကင်းလှည့်ခိုင်းတယ် ၊ လမ်းကြိုလမ်းကြားအထိ အကုန် စစ်ကားတွေ နဲ့ ဝင်လာတယ်” လို့ငပလီ
ဒေသခံတစ်ဦးက ပြောပါတယ်။
သံတွဲမြို့မှာ ငပလီအခြေစိုက် ခမရ ၅၅ တပ်ရင်း နဲ့ ခမရ ၅၆၆ တပ်ရင်းတို့ရှိပြီး ဒီတပ်ရင်းတွေမှာ
ရှိတဲ့ တပ်သားတွေဟာ အရင်ကအသက် ၅၀ နဲ့အထက် သက်ကြီးပိုင်းတွေသာ ရှိတယ် လို့
ဒေသခံတွေက တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
“တပ်ထဲ မှာ အိုနာကျိုးကန်းတွေပဲ ရှိတယ် ၊ အခုစစ်သင်တန်းပေးထားလို့ လူငယ်တွေ ကားပေါ်မှာ
မြင်ရတာ” လို့ သူက ဆိုပါတယ်။
ငပလီ၊ မြပြင်၊ လင်းသာ အုပ်ချုပ်ရေးမှူးတွေ ဟာ ဒေသက ရွှေ့ပြောင်းအလုပ်
လုပ်ကိုင်ကြတဲ့ ရခိုင်ဒေသ ခံ အချင်းချင်းအပေါ် အာဏာပြမှုတွေ ရှိနေပြီး စစ်ကောင်စီက
ပျူစောထီး အသွင် ဖန်တီး ထားတယ် လို့လည်း ပြောပါတယ်။
“မြို့ပေါ်က အုပ်ကြီး တွေနဲ့ ဘုန်းကြီးတချို့က နှစ်ဖက်ချွန်တွေ သူတို့က အပေါ်က လူတွေနဲ့
ပတ်သက်ရ ရင် ပျော်နေကြတယ်” လို့ ဒေသခံ ပြည်သူ တစ်ဦးက ပြောပါတယ်။
သံတွဲမြို့နယ် မှာ ကျေးရွာ အုပ်ချုပ်ရေးမှူး အများစု ဟာ ရွာသားတွေကို မဲနှိုက်ခိုင်းဖို့
ဖိအားမပေးနိုင်တာကြောင့် ထွက်စာတင်ထားကြ ပေမယ့် မြို့ပေါ်ရပ်ကွက်တွေ မှာ တော့
စစ်ကောင်စီ အလိုကျ လည်ပတ်နေတာ ဖြစ်ပါတယ်။
ငပလီဒေသ ဟာ စစ်တပ်ဧရိယာ နဲ့ နီးနီးကပ်ကပ်ရှိပြီး အများစုမှာလည်း စစ်ကောင်စီ နဲ့ နီးစပ်တဲ့
အသိုင်းအဝိုင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်တပြည်လုံးအတိုင်းအတာ နဲ့ စစ်ပွဲ တွေ ဖြစ်ပွါးနေပြီး စစ်အာဏာရှင် လက်အောက်က
လွတ်မြောက်ရေး ကျိုးပမ်းနေချိန်မှာ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ တောင်ကုတ် ဂွ မြို့ က
မြို့ပေါ်ဒေသတွေ မှာ မြို့နယ်မှူး ၊အုပ်ချုပ်ရေးမှူးနဲ့ ၊ ဘုန်းကြီးအချို့ဟာ ပျူစောထီး
အသွင် လျှို့ဝှက်လှုပ်ရှားနေကြတယ်လို့လည်း ဒေသ ခံ တွေက ဆိုပါတယ်။

Shine Bu Chay

Shine Bu Chay is Photographer, Photo and Video Journalist, Music Producer, Graphic Desginer, Video Editor and Web Developer. He Developed many News Agency Sites and taked many Photos around in Myanmar.

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *