Laywaddy FM

စစ်ကောင်စီ ရဲ့ ရမ်းကားမှုကြောင့် ရမ်းဗြဲ မြို့ နယ် က စစ်ရှောင် နေရာများကိုပင် ဖုံးဖိထားရ

လေကြောင်း တိုက်ခိုက်မှု ကြောင့် တမြို့လုံးနီးပါပျက်စီးခဲ့တဲ့ ရမ်းဗြဲဒေသက စစ်ရှောင်
စခန်းတွေကို ဒေသခံ အဖွဲ့ အစည်းတွေ သွားရောက်လှူဒါန်းနေ
ပေမယ့် ဘယ်ကျေးရွာမှာ ဘယ်လောက်လူဦးရေ ရှိတယ်ဆိုတာကို ဖုံးဖိထားရတဲ့ အခြေအနေ
ဖြစ်တယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။
“အခြေအနေက လူရှိတဲ့နေရာကို လေကြောင်းက လာတိုက်ခိုက်တဲ့အတွက် စစ်ရှောင်တွေ
ရှိတဲ့နေရာတွေကို လျှို့ဝှက်ထားရပါတယ်” လို့ စစ်ရှောင်တွေကို
ကူညီကယ်ဆယ်ပေးနေသူတစ်ဦးက ပြောပါတယ်။
လတ်တလောမှာ လေကြောင်းတိုက်ခိုက်မှုတွေ့ နေ့စဉ်နီးပါး ပြုလုပ်နေပြီး စစ်ရှောင် စခန်းတွေကို
ထိမှန်တာမျိုးလည်း ရှိနေတယ် လို့ ပြောပါတယ်။
စစ်ပွဲတိမ်းရှောင်သူ အများစုမှာ အရေးပေါ် အစားအသောက်နဲ့ ဆေးဝါး အကူအညီတွေ ရရှိဖို့
လိုအပ်နေပါတယ်။
ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီ တို့ရဲ့ တိုက်ပွဲ တွေ အတွင်းမှာ ဒေသခံတွေ ဟာ အိုးအိမ်တွေ
စွန့်ခွါထွက်ပြေးနေးပြီး ရှင်သန် ရပ်တည်ဖို့ ခက်ခဲနေကြတာ ဖြစ်ပါတယ်။

Shine Bu Chay

Related Posts

33 thoughts on “စစ်ကောင်စီ ရဲ့ ရမ်းကားမှုကြောင့် ရမ်းဗြဲ မြို့ နယ် က စစ်ရှောင် နေရာများကိုပင် ဖုံးဖိထားရ

Leave a Reply

Your email address will not be published. Required fields are marked *