ရခိုင်ပြည်နယ်အတွင်းက တစ်ဆက်တစ်စပ်တည်း ရှိနေတဲ့ မြို့ ၈ မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ
စစ်ကောင်စီ ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်ရှိတဲ့ အမ်းမြို့နဲ့ မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်
စပ်တစ်လျှောက်က ဘူးသီးတောင် ၊မောင်တော မြို့တွေကို မရပ်မနားထိုးစစ်ဆင်နေတယ်လို့
ရခိုင့်တပ်တော် AA က ဧပြီ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
ရခိုင်ကမ်းရိုးတန်း အလယ်ကျောတစ်လျှောက်မှာ ရှိတဲ့ မြို့တွေ ကို သိမ်းပိုက်ထားတဲ့ AA ဟာ
အနားသတ်မြို့တွေ ဖြစ်တဲ့ ဘူးသီးတောင် မြို့မှာရှိတဲ့ စကခ ၁၅ လက်အောက်ခံ ခမရ (၅၆၄) ၊
အမ်းမြို့ စကခ (၅) လက်အောက်ခံ တောဟိန်းတောင် ဗျူဟာ နဲ့ တခြားစခန်းများ၊ မောင်တော
မြို့နယ် မှာ အင်အားစုစည်းထားတဲ့ ကျိန်ချောင်း စခန်း တို့ကို ပြင်းပြင်းထန်ထန်
ထိုးစစ်ဆင်နေတယ် လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
စစ်ပွဲစောင့်ကြည့်လေ့လာသူတွေ အနေနဲ့ ရခိုင့်တပ်တော် AA ဟာ စစ်တွေကို ထိုးစစ်ဆင်မလား ၊
ကျောက်ဖြူကို ထိုးစစ်ဆင်မလား အမ်းကို ထိုးစစ်ဆင်မလား စောင့်ကြည့်နေတဲ့အခြေ အနေမှာ
ရခိုင့်တပ်တော်က သူထိုးစစ်ဆင်နေတဲ့ နေရာတွေကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီထိုးစစ်ဆင်မှုတွေကို ဧပြီတစ်ရက် နေ့က စတင်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းက
ခုခံကာကွယ်နေသလို ၊ AA ဘက်ကလည်း တဆင့်ချင်း တဆင့်ချင်း
အရှိန်မြှင့်ထိုးစစ်ဆင်နေတယ်လို့ စစ်ပွဲရဲ့ အခြေအနေ ကို ထည့်သွင်းဖော်ပြထားပါတယ်။
ဒါအပြင် ရှေ့တန်းအမှတ် (၅) ကွက်ကဲရေးဌာနလက်အောက်က နည်းဗျူဟာ အမှတ် (၃) စခန်း
ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ် လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ သူ့ရဲ့ အဓိက ကျတဲ့ တပ်ရင်း တပ်မတွေ ထိုးစစ်ဆင် ခံနေရတဲ့ တွက် ၊
ရခိုင်ပြည်နယ် ထဲက အရပ်သား ကျေးရွာတွေ ၊ မြို့တွေ ကိုတိုက်ခိုက်ခဲ့ပြီး ၊ စာသင်ကျောင်းတွေ ၊
ဆေးရုံတွေ ပျက်စီးခဲ့သလို အရပ်သား သေဆုံးမှုတွေလည်းရှိနေပါတယ်။