Laywaddy FM

မှတ်ပုံတင် နဲ့ ခရီးသွားလာ ခွင့်ကို စတင်ကန့်သတ်လာ

ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ် ကန့်သတ် ချုပ်နှောင်ဖို့ ကြံစည်နေတဲ့ စစ်ကောင်စီဟာ
မှတ်ပုံတင်နဲ့ ခရီးသွားလာခွင့်တွေကိုပါ စတင်ကန့်သတ်လာပြီဖြစ်ပါတယ်။
အထူးသဖြင့် စစ်မှုမထမ်းလိုတဲ့ အတွက် အိမ်နီးချင်းနိုင်ငံတွေကို နယ်စပ်ကတဆင့်ဖြတ်ကျော်
ဝင်ရောက်သွားတဲ့ လူငယ်တွေကို ထိမ်းချုပ်နိုင်ဖို့ ကြေညာချက်တစ် စောင်ကို ဧပြီ ၅ ရက်နေ့က
ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ မြဝတီ သတင်းစာတွေက နေထုတ်ပြန်လာ ပါတယ်။
ဒီကြေညာချက်မှာ စမတ်ကဒ်လို့ အများသိတဲ့ ကဒ်တွေနဲ့ သာ အိမ်နီးချင်းနိုင်ငံတွေကို
နယ်စပ်ဖြတ်ကျော်လို့ ရတော့မယ် ဆိုပြီးထုတ်ပြန်လာတာဖြစ်ပါတယ်။ ဆိုလိုတာက မူလ က
အသုံးပြုသွားလာနေတဲ့ မှတ်ပုံတင် တွေ နဲ့ နယ်စပ်ဂိတ်တွေကို ဖြတ်ကျော် လို့ မရတော့ ဘူးလို့
ဆိုလိုတာလည်းဖြစ်ပါတယ်။
ဒီကြေညာချက်ဟာ အသက် ၁၀ နှစ်အရွယ်က စတင်အကျုံးဝင်ပြီး ပြည်ပ
ခရီးသွားလာမယ့်သူများက မှတ်ပုံတင်အပြင်၊ UID လို့ခေါ်တဲ့ ဂဏန်းခြောက်လုံးပါတဲ့ စာရွက်ကို
ယူဆောင်လာရမှာ ဖြစ်ပါတယ်။
ပြည်တွင်းစစ် နဲ့ စစ်မှုထမ်း ဥပဒေ လို အကြပ်အတည်းတွေကြားမှာ မကြာခဏ ဆိုသလို
မူဝါဒတွေ ၊ အပြောင်းအလဲ ဖြစ်နေပြီး အဲ့ဒီလို သတင်းအချက်အလက်တွေကို မျက်ခြေ
မပြတ်ကြဖို့ လိုအပ်ပါတယ် လေးဝတီ FM ပရိတ်သတ်များ ခင်ဗျား။

Shine Bu Chay

Related Posts

7 thoughts on “မှတ်ပုံတင် နဲ့ ခရီးသွားလာ ခွင့်ကို စတင်ကန့်သတ်လာ

Leave a Reply

Your email address will not be published. Required fields are marked *