ရခိုင်ပြည်နယ် မှာ စစ်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ မတ်လ ၂၁
ရက်အထိ မြို့ရွာအသီးသီးက အရပ်သား ဒေသခံ ၁၇၉ ဦးသေဆုံးခဲ့ရ တယ် လို့ရခိုင့်တပ်တော်ရဲ့
စစ်ပွဲအတွင်း လူ့အခွင့်ရေးစောင့်ကြည့်တဲ့ဌာန HDOC က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေဟာ ကျောက်တော်၊ မင်းပြား၊မြောက်ဦး ၊မြေပုံ ၊ ရသေ့တောင်၊ ဘူးသီးတောင် ၊
ပုဏ္ဏားကျွန်း ၊ကျောက်ဖြူ ၊ အမ်း ၊ စစ်တွေ စတဲ့မြို့နယ် အနှံ့မှာ ဖြစ်ပွားနေပြီး ဒီဒေသတွေ
မှာရှိတဲ့ အမျိုးသမီး ၆၄ ဦး ၊ အမျိုးသား ၁၁၅ ဦးတို့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာ ရရှိတဲ့ အရပ်သား ၄၆၈ ဦးထိ ရှိနေတယ်လို့ လည်း HDOC က
ဆိုပါတယ်။ ပြည်နယ် အနှံ့က မြို့ပေါင်း ၁၅ မြို့မှာ လ နဲ့ချီတဲ့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်
ဖြစ်ပွားနေပြီး လေးလ အတွင်းမှာ ဒုက္ခသည် သုံးသိန်းကျော် အထိ တိုးလာ တာလည်း
ဖြစ်ပါတယ်။
ဒီ IDP စစ်ရှောင်စခန်းတွေမှာ စစ်ပွဲရှောင်နေရတဲ့ ဒေသခံ တွေ အတွက် အရေးပေါ်
အစားအသောက် ၊ အဝတ်အထည်နဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ HDOC က
ထုတ်ပြန်ပါတယ်။
ဒီသေဆုံးမှုမှာ ရခိုင်ဒေသတွင်းမှာ နေထိုင် ကြတဲ့ ရခိုင်၊ မရမာကြီး၊ ချင်း ၊ ရိုဟင်ဂျာ စတဲ့
လူမျိုးပေါင်းစုံပါဝင်နေပါတယ်။