Laywaddy FM

မောင်တောမြို့သိမ်းတိုက်ပွဲက အလင်း၀င်လာ သူ အချို့ကို လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ မိသားစုလက်ထဲအပ်နှံ

မောင်တောမြို့သိမ်းတိုက်ပွဲက အလင်း၀င်လာ သူ အချို့ကို လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ မိသားစုလက်ထဲအပ်နှံ

ရခိုင်ပြည်၊ မောင်တောမြို့သိမ်းတိုက်ပွဲ တွင်းက လက်နက်ချအလင်းဝင်လာသူများထဲမှ အချို့ကို ULA/AA က ထပ်မံလွှတ်ပေးလိုက်ပါတယ်။

ဒီတစ်ပတ်အတွင်းမှာ သုံးကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်မှာတော့ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းက စစ်သုံ့ပန်း ၃၂ ဦး ထပ်မံလွှတ်ပေးခဲ့တာဖြစ်ပါတယ်။

” တိုက်ပွဲအတွင်းမှာ သူတို့ စိတ်နဲ့ သူတို့ အလင်းဝင်လာတဲ့သူတွေ ကို လွှတ်ပေးတာပါ ၊ လက်ရဖမ်းဆီးရမိသူတွေ မပါသေးပါဘူး ၊ “ လို့ AA နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က လေး၀တီFM ကို ပြောပါတယ်။

ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်းမှာ ထောင်နဲ့ ချီတဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေ နဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ULA/AA က ထိမ်းသိမ်းထားပြီး အဲ့ဒီအထဲက အောက်ခြေတပ်သားတွေနဲ့ မိသားစုဝင်တွေကို ပြန်လွှတ်ပေးတာဖြစ်ပါတယ်။

လွတ်ငြိမ်းခွင့်ရတဲ့ စစ်ကောင်စီတပ်သားတွေ ဟာ ရခိုင်ပြည်က နေ မိမိနေရပ်တွေကို ဘယ်လိုပြန်မလဲ ဆိုတဲ့ မေးခွန်းတွေလည်းရှိလာခဲ့ပါတယ်။

” အိမ်ပြန်ခရီးကိုလည်းသက်ဆိုင်ကULA ကတာ၀န်ယူပေးပါတယ် ၊သူတို့ အိမ်တွေက ရခိုင်ပြည် က လွတ်မြောက်နယ်မြေတွေမှာပဲ ရှိပါတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီ ဟာ ရခိုင်လူမျိုးအချင်းချင်း တိုက်ခိုက်ရစေဖို့အတွက် ၊ ရခိုင်ဝန်ထမ်းအများအပြားကို ဘူးသီးတောင် ၊ မောင်တော ဒေသတွင်းမှာ နေချ ရာထားခဲ့တာဖြစ်ပါတယ်။

မောင်တောစစ်သုံ့ပန်းထဲက လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေကို အိမ်ပြန် ခရီးစရိတ်အဖြစ် တစ်ဦးကို ငွေကျပ် သုံးသိန်းစီ ထောက်ပံ့လိုက်တယ်လို့လည်းဆိုပါတယ်။

ရခိုင်ပြည်သိမ်းတိုက်ပွဲ အတွင်းက ဖမ်းဆီးရမိတဲ့ စစ်သုံ့ ပန်းတွေ ကို မင်းပြားမြို့က ၂ ကြိမ် ၊ဘူးသီးတောင်မြို့က ၁ ကြိမ် နဲ့ မောင်တော ၁ကြိမ် လွတ်ငြိမ်းခွင့် လေးကြိမ် ပေးခဲ့ပြီးဖြစ်ပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲမှာ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ကြည်း/ ၂၆၈၉ရ ၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ ကြည်း/၆၁၃၃၅ (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြား ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတာဖြစ်ပါတယ်။

#မောင်တော#လွတ်ငြိမ်း

အဉ္စနလီညှင်း လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *