ယနေ့ Thursday, 21st November 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

စစ်ရေးပြင်းထန်နေတဲ့ အမ်းမှာ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ ပြတ်လပ်

စစ်ကောင်စီ နဲ့ အာရက္ခတပ်တော် တို့ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ
စစ်ကောင်စီရဲ့လမ်းခရီး
ပိတ်ဆို့ထားမှုတွေကြောင့် စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမြို့နယ်အတွင်းက
စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် က ပြီးခဲ့တဲ့ မတ်လ (၂၄)ရက် ကစလို့
ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်ကလည်း ခရီးသွားလာခွင့်နဲ့
ကုန်ပစ္စည်းသယ်ယူခွင့်တွေကို တင်းကျပ်စွာ ပိတ်ဆို့ထားခဲ့တာလည်း ဖြစ်ပါတယ်။
အခုလို လမ်းပိတ်ဆို့မှုတွေကြောင့် ဒေသခံတွေဟာ တနေရာနဲ့တနေရာ သွားလာလို့မရတော့ဘဲ
မြို့ပေါ်မှာပဲ
ပိတ်မိနေကြပြီး အချိန်ကြာလာတာနဲ့အမျှ ရိက္ခာပြတ်လပ်မှုတွေနဲ့ ဆေးဝါးပြတ်လပ်မှုတွေကို
ကြုံတွေ့လာနေရတယ်လို့ အမ်းဒေသခံတွေက ပြောပါတယ်။
\”ဆန်တပြည်ကို ငါးထောင်ကျော်နဲ့ ပေးဝယ်ရတာတောင် ကိုယ်လိုချင်သလောက်ဝယ်လို့မရဘဲ
အကန့်အသတ်နဲ့တန်းစီပြီးဝယ်ရတဲ့အခြေနေမျိုးကို ရောက်နေပါတယ်။ တိုက်ပွဲဖြစ်တာက
လပိုင်းပဲရှိသေးတယ်။ အခုလိုအခြေနေမျိုးကြုံနေရပြီဆိုတော့ နောက်လတွေဆိုရင်
ဘယ်လောက်ထိ ဒုက္ခဖြစ်လာမလဲဆိုတာ တွေးကြည့်လို့တောင် မရဘူး\” လို့ အမ်းမြို့ခံတစ်ဦးက
ပြောပါတယ်။
ဒါ့အပြင် အမ်းမြို့၊ ပြည်သူ့ဆေးရုံကြီးမှာလည်း ဆေးဝါးအလုံအလောက်မရှိတော့သလို
မြို့ပေါ်ဆေးဆိုင်တွေမှာလည်း ဆေးဝါးပစ္စည်းတွေ ရှာမရတော့ဘဲ
ပြတ်တောက်လာနေပြီဖြစ်ကြောင်းလည်း အမ်းဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ အရပ်သားတွေနေထိုင်နေတဲ့ နေရာတွေကို လက်နက်ကြီးတွေ၊
ဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်နေတာကြောင့် ထိခိုက်သေဆုံးမှုတွေ
မကြာခဏရှိနေပြီး အခုလိုကာလမျိုးမှာ ဆေးဝါးအလုံအလောက်မရှိတဲ့အတွက် စိုးရိမ်စိတ်တွေ
ပိုဖြစ်နေရတယ်လို့ အမ်းဒေသခံတစ်ဦးက ဆိုပါတယ်။
\” တိုက်ပွဲမဖြစ်ခင်ကတော့ စစ်ဆေးရုံကြီးကနေ ပြည်သူ့ဆေးရုံအတွက်
ဆေးဝါးထောက်ပံ့တာရှိတယ်။ အခုတော့ သူတို့စစ်ဆေးရုံအတွက်ပဲ ရဟတ်ယာဉ်တွေနဲ့

လာချပေးတယ်။ ဒီကာလက ဘယ်အချိန် လက်နက်ကြီးတွေနဲ့ လာပစ်မယ်မှန်း
မသိနိုင်တဲ့ကာလဆိုတော့ အရေးအကြောင်းဆို ဆေးဝါးလုံလုံလောက်ရှိဖို့ အရေးကြီးတာပေါ့။
အခုတော့ ရိက္ခာတွေရော ဆေးဝါးတွေရော ပြတ်လာနေတာတွေကို တွေ့ရတော့
ကြောက်စိတ်တွေပိုဝင်လာတယ် \”လို့ ထပ်မံ ဆိုပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် တို့ကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး
တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ကာ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက မြို့ (၈)
မြို့ကို အာရက္ခတပ်တော် ကသိမ်းပိုက်ရရှိထားပြီလည်း ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ စစ်ရှုံးထားတဲ့ မြို့တွေကို လက်နက်ကြီးပစ်ခတ်မှုတွေ၊
လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေဆဲဖြစ်သလို သူတို့ထိန်းချုပ်ထားတဲ့ မြို့တွေမှာလည်း
လမ်းခရီးပိတ်ဆို့မှုတွေ တောက်လျှောက်လုပ်လာနေတာကြောင့် ရခိုင်ပြည်သူတွေဟာ
စားနပ်ရိက္ခာ ပြတ်တောက်မှုဒဏ်ကိုသာမက ကုန်ဈေးနှုန်းအဆမတန် မြင့်တက်မှုဒဏ်ကိုလည်း
ခံနေရတာလည်း ဖြစ်ပါတယ်။

Shine Bu Chay

Shine Bu Chay is Photographer, Photo and Video Journalist, Music Producer, Graphic Desginer, Video Editor and Web Developer. He Developed many News Agency Sites and taked many Photos around in Myanmar.

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *