Laywaddy FM

သံတွဲက အဖမ်းခံထားရတဲ့ အမျိုးသမီးနဲ့ ၂ ရက်ကြာတဲ့အထိ အဆက်သွယ်မရလို့မိသားစုဝင်များ စိတ်ပူနေ

ရခိုင်ပြည်နယ် သံတွဲမြို့ကအမျိုးသမီးတစ်ဦးကို ဧပြီလ ၇ ရက်က သံတွဲစျေးက အပြန် မှာ
စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီး ၂ ရက်ကြာတဲ့ အထိ သတင်းအစအန
မရသေးလို့ မိဘတွေ စိတ်ပူနေကြပါတယ်။
အဖမ်းဆီးခံရသူ အမျိုးသမီး အမည်မှာ မမေသဇင်ဖြစ်ပြီး အသက် ၃၀ အရွယ်ရှိကာ
ဘောက်တောင်ရွာမှာနေထိုင်သူဖြစ် တယ်လို့ သိရပါတယ်။
\”သူ့မိသားစုတွေက သူ့သမီး နဲ့ အဆက်အသွယ်မရလို့ အရမ်းစိတ်ပူနေကြတယ်။ ရဲစခန်းမှာ
သွားစုံစမ်းတော့လည်း မသိဘူး ဆိုပြီး ပြောတယ်\” လို့ သံတွဲဒေသခံတစ်ဦးက ဆိုပါတယ်။
လေးဝတီအက်အမ် ရဲ့ စုံစမ်းချက်အရ အဆိုပါ အမျိုးသမီးကို စစ်ကောင်စီ က လမ်းခုလပ် မှာ
ဖမ်းဆီးခဲ့ ပြီး ငပလီမြို့ ၅၅ တပ်ရင်းမှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။
မမေသဇင်သည် ယခင်က သံတွဲစျေးတွင်းက ထီဆိုင်တစ်ခု ရဲ့ အရောင်းဝန်ထမ်းတစ်ဦးဖြစ်ပြီး
လက်ရှိတွင် သူမရွာဖြစ်သော ဘောက်တောင်ရွာတွင် ကုန်‌ခြောက်ရောင်းချ နေသူ ဖြစ်ပြီး
အနေသူ တစ်ဦး ဖြစ်တယ်လို့ သူ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပ်တယ်။
သံတွဲမြို့မှာ စစ်ကောင်စီ တပ်ဖွဲ့တွေ က ဒေသခံတွေ ကို အကြောင်းပြချက်မရှိဘဲ
ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်ခဲ့ပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *