Laywaddy FM

သံတွဲမြို့အနီးတွင် စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကျဲနေ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် အတွင်းရှိ ရွှေလှေကျေးရွာ သူဌေးချောင်းရေအားလျပ်စစ်စီမံကိန်း
အနီးကို စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကျဲနေကြောင်း သိရပါတယ်။
\”ရွှေလှေနားကို လာကျဲတာ။ နေ့လည်း ၁၂နာရီကျော်လောက်ကပဲ။ ပတ်ပြီးကို ကျဲချနေတာ။
ဆယ်လုံးလောက် ရှိမယ်ထင်တယ်\” လို့ သံတွဲဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီမှ လေယာဥ်ဖြင့် လာရောက် ကျဲချနေသော နေရာများမှ
သူဌေးချောင်းရေအားလျပ်စစ်စီမံကိန်းအနီးရှိ ဒေါ်မြရွာနား ဖြစ်ကြောင်းလည်း သိရပါတယ်။
\”ကြားရသလောက် ဗုံးတင်ကျဲတာမဟုတ်ဘူး။ လေယာဥ်ပေါ်ကနေ စက်သေနတ်တွေနဲ့လည်း
ပစ်တယ်ထင်တယ်။ သေနတ်သံလည်း ကြားရတယ်\” လို့ သူက ထပ်မံဆိုပါတယ်။
အဆိုပါ ဗုံးကျဲချနေသော သူဌေးချောင်းရေအားလျပ်စစ်စီမံကိန်း နေရာတွင် စစ်ကောင်စီမှ
အင်အား တစ်ရာကျေ်ဖြင့် တပ်စွဲထားသော နေရာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီနှင့် အာရက္ခတပ်တော် တို့ ဧပြီလအစောပိုင်းက သံတွဲမြို့နယ် ကွေ့ချောင်းကျေးရွာ
အနီးတွင် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ကြပြီးနောက် သံတွဲမြို့နယ်ကို စစ်အင်အားတိုးချဲ့ကာ
ရေကြောင်း၊ လေကြောင်းမှ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခြင်း ပိုမို
ပြုလုပ်လာပါကြောင်း သိရပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *