မေလ ပထမ ပတ်ထဲမှာ ရာသီဥတု ဆိုးရွားဖောက်ပြန်ပြီး မြန်မာနိုင်ငံ အနှံ့လေပြင်းမုန်တိုင်းတွေ နဲ့
မိုးကြိုးတွေ ရဲ့ ဒဏ်ကို ခံနေကြရပါတယ်။
မေလ ၂ ရက်နေ့က ကချင်ပြည်နယ် မိုးကောင်းမြို့နယ် က ဆားမှော်ကျေးရွာမှာ
သစ်ပင်အောက်မှာ ချည်ထားတဲ့ နွား ၂၂ ကောင်ဟာ မိုးကြိုးပစ်ခံရပြီး တစ်ပြိုင်နက်ထဲ
သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒါပြင် ရခိုင်ပြည်နယ် မြောက်ဦးမြို့နဲ့ ပလက်၀ မြို့နယ် တို့မှာ
မိုးသက်လေပြင်းကျရောက်ခဲ့တဲ့အတွက် နေအိမ် ဆယ်လုံးကျော် ပျက်စီးခဲ့ပါတယ်။
မေလ ၂ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့မှာ လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်တွေ
လဲပြိုပြီးလမ်းတွေ ပျက်စီးခဲ့ပါတယ်။
အပူရှိန်ပြင်းပြီး ရာသီဥတု ဆိုးရွားစွာဖောက်ပြန်နေတဲ့ ဒဏ်ကြောင့် မြန်မာနိုင်ငံ တွင်းက
ချောက်မြို့ ၊ညောင်ဦးမြို့ ၊ မင်းဘူးမြို့ ၊ မန္တလေးမြို့တို့ဟာ ကမ္ဘာ့ အပူရှိန် အမြင့်ဆုံး
စရင်းတွေမှာ ပါဝင်ပြီး နေ့စဉ် လူသေဆုံးမှုတွေ နဲ့ ကြုံတွေ့နေရပါတယ်။