Laywaddy FM

ဘူးသီးတောင်က စကခ(၁၅) အပါအဝင် တပ်ရင်း(၄)ရင်း နှင့် မောင်တော ကျီးကန်းပြင်ဌာနချုပ်အပါအဝင်စခန်းကြီး(၄)ခု သိမ်းထားပြီဟု AA ထုတ်ပြန်

ဘူးသီးတောင်က စကခ(၁၅) အပါအဝင် တပ်ရင်း(၄)ရင်း နှင့် မောင်တော ကျီးကန်းပြင်ဌာနချုပ်အပါအဝင်စခန်းကြီး(၄)ခု သိမ်းထားပြီဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က စကခ (၁၅) တပ်မဌာနချုပ် အပါအဝင် တပ်ရင်း ၄ ခု နှင့် မောင်တောမြို့နယ်က
ကျီးကန်းပြင်ဌာနချုပ်အပါအဝင် စခန်းကြီး(၄)ခုကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ AA က
တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ) များဖြစ်ကြသော စကခ (၅) တောင်ကုတ်၊
စကခ (၉) ကျောက်တော် နှင့် စကခ (၁၅) ဘူးသီးတောင်တို့ ရှိကြပြီး အဆိုပါထဲထဲမှ စကခ (၁၅) ဘူးသီးတောင်
တပ်မဌာနချုပ်ကို မေလ ၂ ရက်က သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဘူးသီးတောင်မြို့မှ သိမ်းပိုက်ရယူထားသော စခန်းတွေကတော့ ဘူးသီးတောင် အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်၊
ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ(၅၆၅)နဲ့ ခမရ (၅၅၁) တို့ဖြစ်ပါတယ်။
တပ်ရင်းများကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်
လက်နက်ချအညံ့ခံသော သုံ့ပန်းများကို ဖမ်းဆီးရမိထားပြီး စကခ (၁၅) တပ်မဌာနချုပ်အား ကာလအတန်ကြာ
ဝိုင်းရံပိတ်ဆို့ကာ ဧပြီလ နောက်ဆုံးအပတ်မှ ထိုးစစ်အရှိန်မြှင့်ပြီး (၁၂) ရက်အကြာတွင်
သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ခမရ (၅၅၁) နှင့် စကခ (၁၅) တပ်မဌာနချုပ်မှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က လိုက်လံရှင်းလင်း
တိုက်ခိုက်လျက်ရှိသောကြောင့် ဘူးသီးတောင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မှ သိမ်းပိုက် ရရှိထားတဲ့ စခန်းတွေကတော့ တာဝါတိုင် စခန်းကုန်း၊
(၆) မိုင်စခန်းကုန်း၊ နခခ-၁ (ကျီးကန်းပြင်) နှင့် နခခ-၁၀ (လှဖိုးခေါင်) စခန်းတို့ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းရှိ စကခ ၃ ခုထဲမှ တစ်ခုဖြစ်သော စကခ (၉) ကျောက်တော် လက်အောက်ခံတပ်ရင်းများ အားလုံးကို
အာရက္ခတပ်တော် က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်ကတည်းက တစ်ခုမကျန် အပြီးသတ်သိမ်းပိုက်
ရယူထားပြီဖြစ်ပါတယ်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *