ရခိုင်ပြည် ၊ မြေပုံမြို့နယ် အာရက္ခပြည်သူ့အစိုးရ တရားရေးဌာနမှာ တာဝန်ကျနေတဲ့ တရားသူကြီးဟာ အဓမ္မပြုကျင့်ဖို့ ကြံစည်တဲ့ အမှုတစ်ခုကို စီရင်ချက်မချဘဲ ၊ တရားခံလို့ ယူဆရသူကို ပြန်လွှတ်ပေးလိုက်တဲ့ အတွက် ULA/AA ရဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ သတင်းရရှိပါတယ်။
အဲ့ဒီအမှုနဲ့ပက်သက်ပြီး တရားသူကြီး နဲ့ အတူ ပြစ်မှုကျူးလွန်တဲ့တရားခံ သားမောင်ချေ(ခ)မျိုးသက်နိုင်ကို ဗီတာ (၂)စစ်ဒေသမှာ ULA/AA ရဲ့ ဗဟိုထောက်လှမ်းရေးက ခေါ်ယူစစ်ဆေးနေတယ်လို့ ဗီတာ(၂)စစ်ဒေသ က သတင်းရင်းမြစ်က ပြောပါတယ်။
” ဗီတာ (၂)စစ်ဒေသမှာ ခေါ်ယူစစ်ဆေးနေတာ သိပ်မကြာသေးဘူး ။ တရားခံကိုလည်း ဖမ်းထားတယ်။ ဒီအမှုရဲ့ အမှုမှန် ပေါ်ပေါက်ဖို့ စစ်ဆေးနေတာပါ ၊ တရားသူကြီးက နစ်နာသူရဲ့ တိုင်ကြားမှုကို လေးစားမှုမရှိတာပေါ်လွင်နေပါတယ်” ဗီတာ(၂)စစ်ဒေသ က သတင်းရင်းမြစ်လို့ ပြောပါတယ်။
အဲ့ဒီအမှုဟာ ၂၀၂၄ ခုနှစ် မေလ ၂၉ ရက်နေ့ က အိမ်နီးချင်းအမျိုးသမီးကို နေအိမ်နောက်ဘက်မှာ အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့ပြီး ၊ ပတ်ဝန်းကျင်က သိသွားတဲ့ အတွက် ပူးပေါင်းဖမ်းဆီးခဲ့တဲ့ အမှုဖြစ်ပါတယ်။
ဖမ်းဆီးခံရသူကိုမြေပုံမြို့ က အုပ်ချုပ်ရေးဌာနကို အပ်နှံခဲ့ပေမယ့်ပြန်လွှတ်ပေးလိုက်တဲ့ အတွက် တရားခံဟာ လွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။
မကြာသေခင်ရက်ပိုင်းက အဓမ္မပြုကျင့်ဖိုကြံစည်ခံရသူ အမျိုးသမီးဟာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု ဖြစ်နေတဲ့ အကြောင်း ၊
Zaw Than Oo အမည်ရှိ facebook အကောင့်က နေ ပြန်လည်ဖော်ထုတ်ခဲ့ရက အခုလို ပြန်လည် စစ်ဆေးလာတာဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး Arakanese Ladies အဖွဲ့တည်ထောင်သူ ဒေါ်နှင်းဇာဖြူကလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ
“အေပိုင် အချိန်ကာလတိမှာ မမာ့ချေတိ၏ဘဝလုံခြုံ မှု့နန့် နစ်နာမှု့တိကို အရေးတယူလုပ်ပနာ တရားခံတိကို အရေးယူပီးဖို့ တောင်းဆိုပါရေ” လို့ ရေးသားထားပါတယ်။
မေလ အတွင်းက ဖြစ်ပွားခဲ့တဲ့ မင်းပြားမြို့နယ် ဖားပြို ရွာက အသက် ၉ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အမှုဟာလည်း လက်ရှိအချိန်ထိ ဆုံးဖြတ်ချက်မချ နိုင်သေးဘူးဖြစ်ပါတယ်။
ဒီအမှုတွေဟာ ဆိုရင် လူမှုကွန်ယက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပြီး နောက် ရခိုင်အဖွဲ့အစည်း ၁၁ ခုကလည်း သေဒဏ်ပေးဖို့အထိ တောင်းဆိုထားပါတယ်။
တရားဉပဒေ စိုးမိုးရေး နဲ့ ပွင့်လင်းမြင်သာမှုရှိရေး အတွက် မတရားမှုတွေနဲ့ ပတ်သက်ရင် လူထုရဲ့ အသံတွေ ဖော်ထုတ်ဖို့ လိုအပ်နေပါတယ်။
ဓာတ်ပုံ- ဧရာဝတီ
I’ve been messing around a bit on damangamesbet, and honestly, it’s not bad. The game selection is solid, and they seem to be pretty on the ball with updates. Give it a look if you’re bored. Get in the game: damangamesbet
Curious about 123win94. Hoping to finding some fun and maybe even winning something! Well, here is hoping! Give it a shot yourself: 123win94
Thank you for another magnificent article. Where else could anybody get that kind of info in such an ideal method of writing? I have a presentation subsequent week, and I am at the look for such information.