Laywaddy FM

သံတွဲ နန်းချောင်းကျေးရွာ ဗုံးကြဲခံရ

သံတွဲ နန်းချောင်းကျေးရွာ ဗုံးကြဲခံရ

ရခိုင်ပြည် သံတွဲမြို့နယ် နန်းချောင်းကျေးရွာကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်ခဲ့လို့စစ်ရှောင်တွေနဲ့ အတူဒေသခံတွေ ဒဏ်ရာ ရရှိခဲ့တယ် သတင်းရရှိပါတယ်။

နိုဝင်ဘာ ၂၇ ရက် မနေ့က မနက်ပိုင်းမှာ သံတွဲမြို့နယ် နန်းချောင်းကျေးရွာ အနီးက လျှပ်စစ်ဓာတ်အားခွဲရုံ အနီးကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်ခဲ့ပြီး အဲ့ဒီ အနီးအနားမှာ ရှိတဲ့ ဒေသခံ ရှစ်ယောက် ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

“အဲ့ဒီအနားက လျှပ်စစ်ဓာတ်အားပေးတဲ့ နေရာ ပတ်ဝန်းကျင်ကို ဦးတည်ပြီး လာကြဲသွားတာပါ အစအန တွေ လွင့်စင်ပြီး လူတွေ ထိ ပါတယ်။ အဲ့ ဝန်း တစ်ခုလုံးလည်း ပျက်စီးသွားပါတယ်” လို့ ဒေသခံကပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့သူတွေကတော့ ဉီးကျော်လင်းသူ (နန်းချောင်း) ၊ မအေးသန္တာထွေး (နန်းချောင်း)၊ မောင်ခန့်ပိုင်စိုး (လင်းသာ-စစ်ရှောင်) ၊ မအိမြတ်ဖြိုး (လင်းသာ-စစ်ရှောင်) ၊ မငယ်မရီ (လင်းသာ-စစ်ရှောင်) ၊ ဒေါ်ခင်ဝင်း(ဂျိတ္တော)၊ အောင်ခန့်ကျော် (ဂျိတ္တော ) ၊ ဉီးမောင်ယိုင်သိမ်း (ဂျိတ္တော )တို့ ဖြစ်ကြပါတယ်။

အမ်းချောင်းသူ(လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

4 thoughts on “သံတွဲ နန်းချောင်းကျေးရွာ ဗုံးကြဲခံရ

  1. Casino Pinco предоставляет доступ к современным слотам и популярным играм.
    Casino Pinco
    Игрокам доступны бонусы и специальные предложения.

Leave a Reply

Your email address will not be published. Required fields are marked *