Laywaddy FM

စစ်ကောင်စီ ရိက္ခာထောက်ပို့ ကားတန်း ကို အမ်း-ပဒါန်းလမ်းပိုင်းပေါ်မှာ PRA တိုက်ခိုက်(နိုဝင်ဘာလ ကနေ ဒီဇင်ဘာ ပထမ အပတ်ထိ စစ်ကောင်စီ ၅၀ ခန့်ကို ချေမှုန်းပြီးကြောင်းထုတ်ပြန် )

စစ်ကောင်စီ ရိက္ခာထောက်ပို့ ကားတန်း ကို အမ်း-ပဒါန်းလမ်းပိုင်းပေါ်မှာ PRA တိုက်ခိုက်(နိုဝင်ဘာလ ကနေ ဒီဇင်ဘာ ပထမ အပတ်ထိ စစ်ကောင်စီ ၅၀ ခန့်ကို ချေမှုန်းပြီးကြောင်းထုတ်ပြန် )

အမ်း-ပဒါန်းလမ်းပိုင်းကို အသုံးပြုပြီး နပခ ဌာနချုပ်ကို ရိက္ခာထောက်ပို့ ဖို့ တက်လာတဲ့ စစ်ကောင်စီ ရဲ့ စစ်ကားသုံးစီးကို ဒီဇင်ဘာ ၄ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ပြီးခဲ့ပြီး စစ်ကောင်စီ အင်အားအများအပြား ကျဆုံးခဲ့တယ်လို့ PRA (မကွေး) က ထုတ်ပြန်ပါတယ်။

မကွေးတိုင်း ငဖဲမြို့နယ် စွန်တက်ရွာနဲ့ လင်းတဲရွာကြား က လမ်းပိုင်းတစ်နေရာမှာ မှိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ရိက္ခာတင်လာတဲ့ စစ်ကားသုံးစီးအနက်မှာ နှစ်စီးဟာ မှိုင်းဆွဲခံရပြီး ရှေ့ဆက်မရတော့သလို ၊ ကားပေါ်မှာပါတဲ့ စစ်ကောင်စီတပ်သား ၉ ဉီးဟာ လည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

ဒါအပြင် အဲ့ဒီလမ်းပိုင်းကို အသုံးပြုပြီး ထောက်ပို့ နဲ့ စစ်ကူတွေ ပို့နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာ ပထမ အပတ်အတွင်းမှာ စစ်ကောင်စီတပ်သား ၅၀ ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်တယ် လို့ ဆိုပါတယ်။

အမ်း နပခ ဌာနချုပ်တိုက်ပွဲက စစ်ရှုံးလို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း လမ်းပိုင်းပေါ်က နေ ပိတ်ဆို့ဖမ်းဆီး မှုတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

PRA (မကွေး) တပ်ဖွဲ့ဟာ အမ်းမြို့ကို စစ်ကူပို့တဲ့ စစ်ကြောင်းတွေကို နိုဝင်ဘာ လ အတွင်းက လည်း အခုလို ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Lemon(လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *