Laywaddy FM

အမ်း မြို့မ ရဲစခန်းက ဒုရဲမူးကြီးဝင်းနိုင် အပါအဝင် အရာရှိ များထွက်ပြေး

အမ်း မြို့မ ရဲစခန်းက ဒုရဲမူးကြီးဝင်းနိုင် အပါအဝင် အရာရှိ များထွက်ပြေး

ရခိုင်ပြည် ၊ အမ်းမြို့ က မြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ဒုရဲမှူးကြီး ဝင်းနိုင် အပါအဝင် အရာရှိ လေးဆယ်ဝန်းကျင်ဟာ အမ်းမြို့ စစ်ပွဲအတွင်းက ထွက်ပြေးသွားပြီး ခြေရာပျောက်နေတယ် လို့ လေးဝတီ FM က သတင်းရရှိပါတယ်။

အဲ့ဒီထွက်ပြေးသွားတဲ့ အဖွဲ့မှာ အမ်းမြို့ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲမှူး၊ မြို့နယ်မှူး၊ ခရိုင်အရာရှိများ နဲ့ တပ်ဖွဲ့ဝင်အင်အား ၄၀ ခန့်ပါဝင်တယ်လို့ အမ်းမြို့ ရဲတပ်ဖွဲ့မိသားစုဝင် အတည်ပြုပါတယ်။

“သူတို့မသွားခင်တစ်ရက် က ၊ ညပိုင်းမှာ လျှို့ဝှက်အစည်းအဝေးလုပ်ပြီး နောက်တစ်ရက်မှာ စစ်ကောင်စီတပ်ရင်းကို ရွေ့ပြောင်းသလိုလိုနဲ့ ဟန်ဆောင်ပြီး ရိုးမဘက်ကို ထွက်ပြေးသွားကြတယ်၊ ဒုရဲမှူးကြီး ဝင်းနိုင် နဲ့ မြို့နယ်မှူး မင်းဉီး တို့က ဉီးဆောင်တယ် ၊ နပခ မှာ တာဝန်ချပေးတဲ့ တပ်ဖွဲ့ဝင် ၁၀ ဉီးလည်း အတူလိုက်သွားတယ်” လို့ရဲတပ်ဖွဲ့မိသားစုဝင် တစ်ဦးက လေးဝတီ FM ကို ပြောပါတယ်။

အာရက္ခတပ်တော်က အမ်းမြို့မ ရဲစခန်းကို နိုဝင်ဘာ ၂၃ ရက်မှာ သိမ်းပိုက်ခဲ့ပြီး ၊ မသိမ်းပိုက်ခင် ရက်ပိုင်းအလိုမှာ အခုလို အပေါ်ပိုင်းအရာရှိကြီးတွေ ထွက်ပြေးသွားကြတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

အမ်းမြို့မ ရဲစခန်းက အာရက္ခတပ်‌တော် သိမ်းပိုက်ခံရပြီးနောက်မှာ အမ်းမြို့မရဲစခန်းက လက်ကျန်တပ်ဖွဲ့ဝင်အချို့ဟာ BE တပ်လို့ခေါ်တဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှာ ပူးပေါင်းခဲ့ကြပါတယ်။

အဲ့ဒီBE တပ်ကို အာရက္ခတပ်တော်က ထိမ်းချုပ်တဲ့အချိန်မှာလည်း ဒုရဲမှူးနဲ့ အဖွဲ့ဟာ ဖမ်းဆီးခံရတဲ့ အထဲမပါဝင်ဘဲ ပျောက်ဆုံးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“လက်နက်လည်းမချဘူး ၊ တိုက်လည်းမတိုက်ဘဲ တိုက်ပွဲကနေ ထွက်ပြေးသွားတဲ့သဘောပါ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ ဟာ အမ်း-နပခ ဌာနချုပ်မှာ ပြင်းပြင်းထန်ထန်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ရဲတပ်ဖွဲ့ ဝင်တွေဟာ အခုလိုတိုက်ပွဲက ရှောင်ပြေးသွားကြတာဖြစ်ပါတယ်။

အမ်းမြို့အခြေစိုက်တဲ့ (၁) ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း ၊

(၂) အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း ၊

(၃) လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၊

(၄) စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ ၊

(၅) တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

၆။ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ

( ၇) လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်

(၈_)စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်

(၉) အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ

(၁၀) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊

(၁၁) ခမရ( ၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း

(၁၂)အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊

(၁၃) အမ်းမြို့မ ရဲ စခန်း

(၁၄) အထက(၂) ယာယီ စစ်ဆေးရုံ တို့ ကို AA က သိမ်းပိုက်ထားပါတယ်။

အဉ္စနလီညှင်း (လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *