Laywaddy FM

ဧရာဝတီတိုင်းရောက် ရခိုင်စစ်ရှောင်တွေကို ကျေးရွာတွေအတွင်းက အတင်းဖယ်ခိုင်းနေ

ဧရာဝတီတိုင်းရောက် ရခိုင်စစ်ရှောင်တွေကို ကျေးရွာတွေအတွင်းက အတင်းဖယ်ခိုင်းနေ

ဧရာဝတီတိုင်းမှာ စစ်ရှောင်ဖို့ရောက်ရှိနေကြတဲ့ ရခိုင်စစ်ရှောင်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတွေအတွင်းက အတင်းဖယ်ခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။

ဧရာဝတီတိုင်း ‌ပုသိမ်ခရိုင် ၊ ငွေဆောင်အနီးဝန်းကျင်ရွာတွေမှာရောက်ရှိနေကြတဲ့ ရခိုင်စစ်ရှောင်တွေ အပါအဝင် ၊ ဂွမြို့နယ်နဲ့ ဧရာဝတီတိုင်းကြားမှာ ရှိတဲ့ ကျေးရွာတွေက ဒေသခံတွေကိုပါ ဖယ်ခိုင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ကျောက်ချွန်က နေ ငွေဆောင်အထိ ၁၁/ တွေ အကုန်ဖယ်ခိုင်းနေတယ်၊ အရင်ရောက်နေတဲ့ လူတွေကိုတော့ ဘာမှ မပြောသေးဘူး ၊ နောက်ရောက်လာတဲ့ လူတွေကို နေလို့မရဘူးဆိုပြီး ပြောင်းခိုင်းနေတယ် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက အသုတ်လိုက်ခေါ်ခေါ်ပြီးပြောတယ်၊ စုစုပေါင်းရွာ ၂၀ လောက်ရှိတယ်” လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ရခိုင်ပြည် ဂွမြို့နယ် မှာ စစ်ရေးတင်းမာနေတဲ့ အတွက် ဂွမြို့နယ်တွင်းက ဒေသခံတွေဟာ လတ်တလောစစ်ဘေးရှောင်မှုတွေ ရှိနေကြသလို ၊ သံတွဲမြို့နယ် တွင်းက စစ်ဘေးရှောင်တွေလည်း ဂွမြို့ နဲ့ ဧရာဝတီတိုင်းကြားက ကျေးရွာတွေမှာ နေထိုင်ကြရတာဖြစ်ပါတယ်။

ဂွမြို့နယ်က ဧရာဝတီ တိုင်းဘက်ကို စစ်ရှောင်သွားသူ အများစု ဟာ လတ်တလောမှာ စားနပ်ရိက္ခာအခက်အခဲ နဲ့ ကြုံနေရတဲ့ အပြင် အခုလို ကျေးရွာတွေ အတွင်းက ပါ နှင်ထုတ်ခံနေရတဲ့ အတွက် သွားစရာ နေရာမရှိဘဲ အခက်အခဲ ကြုံနေကြတယ်လို့ သိရပါတယ်။

“အများစုက တော့ ဘုန်းကြီးကျောင်းတွေက ပဲ စောင့်ရှောက်ရတာများတယ်၊အဆင်ပြေသလို ယာယီတဲလေးတွေထိုးပြီးနေကြရတယ် ၊ရွာထဲမှာမဟုတ်ဘဲ ရွာနီးချုပ်စပ်မှာနေတဲ့ လူတောင်မနေရ ဆိုပြီး နှင်နေတယ် “ လို့ ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ စစ်ရှောင်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လတ်တလောမှာ ဧရာဝတီတိုင်းနဲ့ ဂွမြို့နယ် အကြားက ကျေးရွာတွေမှာ စစ်ရေးပြင်ဆင်မှုတွေရှိနေပြီး စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေလည်းမကြာခန လုပ်နေတယ်လို့ ဆိုပါတယ်။

Lemon (လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

8 thoughts on “ဧရာဝတီတိုင်းရောက် ရခိုင်စစ်ရှောင်တွေကို ကျေးရွာတွေအတွင်းက အတင်းဖယ်ခိုင်းနေ

  1. Играешь в казино? ап икс сайт Слоты, рулетка, покер и live-дилеры, простой интерфейс, стабильная работа сайта и возможность играть онлайн без сложных настроек.

Leave a Reply

Your email address will not be published. Required fields are marked *