Laywaddy FM

နတ်ရေကန်က တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်သား (၂၃) ဦးကို အရှိုချင်း အဖွဲ့ ဖမ်းဆီး

နတ်ရေကန်က တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်သား (၂၃) ဦးကို အရှိုချင်း အဖွဲ့ ဖမ်းဆီး

နတ်ရေကန်လေကြောင်း ကာကွယ်ရေးတပ်က တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှို ချင်း ကာကွယ်ရေးတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။

အာရက္ခတပ်တော်မှ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ် တည်ရှိရာတောင်ကုန်းအား တိုက်ခိုက်စဉ်အတွင်း ထွက်ပြေးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေကို အရှိုချင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သုံးရက်အတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃ ဦးကို လက်ရဖမ်းဆီးရမိခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်ပြန်လာပါတယ်။

၎င်းတို့နှင့် အတူ MA -1 (၁၃ လက်)၊ MA -2 (၁ လက် )၊ MA-11( ၂ လက်)၊ MA -5( ၁ လက်) စုစုပေါင်း လက်နက်ငယ် (၂၀ လက်)

လက်ပစ်မိုင်း (၁၈ လုံး)၊ EY သီး (၁၂ လုံး)၊ ကျည် (၄၀၀၀ ကျော်) နှင့်အတူအခြား စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ အရှိုချင်း ကာကွယ်ရေးတပ်မှ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

One thought on “နတ်ရေကန်က တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်သား (၂၃) ဦးကို အရှိုချင်း အဖွဲ့ ဖမ်းဆီး

Leave a Reply

Your email address will not be published. Required fields are marked *