ရခိုင်ပြည် စစ်တွေ မြို့နယ် ဝါဘိုကျေးရွာကို ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းမှာ စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနေအိမ် ၁၀ လုံးခန့်ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီဟာ စစ်တွေမြို့ နဲ့ ချောင်းတစ်ဖက်ကမ်းခြားတဲ့ ဝါဘိုကျေးရွာကို ပေါင် ၅၀၀ ဗုံးတွေနဲ့ လာရောက်ကြဲချခဲ့ပြီး ကျေးရွာထဲမှာ နေအိမ်တန်းလိုက်မီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။
“ဝါဘိုရွာကို ဗုံးကြဲပြီး ၊ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာတွေရှိတယ်၊ ရေတပ်ကလည်း ပစ်နေတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းမှာ စစ်တွေမြို့ အနီးဝန်းကျင်မှာ နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေတာဖြစ်ပါတယ်။
ဝါဘိုကျေးရွာ ဇန်နဝါရီလ က တစ်ကြိမ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အမ်းချောင်းသူ
လေးဝတီ FM
Вы можете выбрать игры различных жанров и форматов.
Пинко Казино
Каждый игрок получает качественный сервис и поддержку.
Бонусы и фриспины доступны сразу после регистрации https://freecomau.com/index.php?page=user&action=pub_profile&id=8280&item_type=active&per_page=16
One thing I look for on https://dragonia-casino-24.fr/ is a solid mix of video slots, instant play options, and clear bonus info.
https://zookompleks.ru