နေတိုးနဲ့ ခြူးလေးတို့ဟာ အကယ်ဒမီရ ကြတယ် လို့ ဆိုနေကြပေမယ့် ” အကယ်ဒမီ ပေးခြင်းခံရ” တယ် လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။
ရခိုင်တပြည်လုံးနီးပါး အသိမ်းခံနေရချိန် ၊ ရခိုင်ဆိုရင် ကန့်သတ်ဖမ်းဆီးရုံမက ၊ ရခိုင်တက်တူးကိုတောင် အရေပြားက လှီးထုတ်ခိုင်းပြီး ထောင်ချနေတဲ့ အချိန်မှာ ရခိုင်အမျိုးသား တစ်ယောက်နဲ့ ရခိုင်အမျိုးသမီး တစ်ယောက် ကို ရွှေနှစ်ကျပ်သားပါတဲ့အရုပ် ပေးပြီး စင်ပေါ်တက် ပြီး
ပါးစပ်ဖြဲ ပြုံးပြခိုင်းတဲ့ နောက်ကွယ်က လူက ဘယ်သူ လို့ ထင်ပါသလဲ။
ဒီဆောင်းပါးဟာ နေတိုး ဟာ အရည်အချင်းမရှိဘဲ အကယ်ဒမီ ရတယ် လို့ ဆိုလိုခြင်းမဟုတ်ပါ။
နေတိုးကို အကယ်ဒမီ ပေးမယ် ဆို နှစ်တိုင်းပေးလို့ရတဲ့ မင်းသားဆိုတာ လည်း အားလုံးသိပြီးသားဖြစ်ပါတယ်။
အထူးသဖြင့် အခုလို စနစ်တစ်ခုလုံး ပျက်စီးသွားပြီး လူတော်တွေ ရှားသထက် ရှားလာတဲ့ အချိန်မှာ နေတိုးလို မင်းသားမျိုးဟာ ပိုလို့တောင် ထင်းထင်းကြီးရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့် မလိုအပ်သေးရင် တော်ချင်သလောက်တော် ၊ တတ်ချင်သလောက်တတ် ၊ လုပ်ပြချင်သလောက် လုပ်ပြ စင်ပေါ်တင်မှာ မဟုတ်ပါဘူး။
လိုအပ်လို့ ဆွဲထုတ်လာတဲ့ သရုပ်ပြဇာတ်လမ်း တစ်ခုသာဖြစ်ပါတယ်။
“အနုပညာ နဲ့ အကယ်ဒမီ” ဆိုတဲ့ တန်ဖိုးဟာ အမည်ခံသက်သက်ဖြစ်ပြီး လူစိတ်ဝင်စားမယ့် ပွဲတစ်ပွဲကို လုပ်ပြလိုက်ခြင်းသားဖြစ်ပါတယ်။
ခေတ်အဆက်ဆက် အကယ်ဒမီပေးပွဲတွေဟာ ပြည်သူရဲ့ နှလုံးသားကို သိမ်းကြုံးယူပြီး ဝမ်းသာ ၊ ဝမ်းနည်း ၊ စိတ်ခံစားချက် အမျိုးမျိုးနဲ့ အာရုံစူးစိုက်ခြင်းခံရတဲ့ ပွဲတွေ ဖြစ်ပါတယ်။
ရွေ့လျားလာတဲ့ ကာလတွေမှာ အကယ်ဒမီပေးပွဲ ဆိုတာ လုပ်ပွဲကြီးမှန်း တစ်နှစ်ထက် တစ်နှစ် အားလုံးသိလာကြပြီလည်းဖြစ်ပါတယ်။
ပိုဆိုးတာက တော့ အနုပညာအရည်သွေး ကို ချီးမြှင့် ပေးတဲ့ အမျိုးသားဇာတ်ဆောင်ဆုကို စစ်ကောင်စီ ဝန်ကြီးက ကိုင်စရာမလိုပါ။
ဝါရင့် အနုပညာရှင်ကြီးတွေက သာ မျိုးဆက်သစ်တွေကို ချီးမြှောက်ရတဲ့ ဆုပါ။
ဘာကြောင့် မောင်မောင်အုန်းက နေတိုးကို ဆုချီးမြင့်ခဲ့ပါသလဲ ။
ဒီပွဲဟာ သူတို့ စီစဉ်တဲ့ ပွဲမို့ သူတို့ စင်ပေါ်တက်တယ်၊ သူတို့ ဆုချီးမြှင့်တယ်။ အနှစ်သာရက တော့ ဒါပါပဲ ။
ဘယ်သူ ဘာကောင်ဖြစ်ဖြစ် ပေးချင်တဲ့ လူကို ပေးတဲ့ အကယ်ဒမီ အမည်ခံ နှစ်သိမ့်ဆုပေးအပ်ခြင်းတွေ ဟာ စစ်ကောင်စီ ရဲ့ နှစ်စဉ်လုပ်ရိုးလုပ်ထုံးတွေဖြစ်ပါတယ်။
နေတိုးအတွက် လည်း ရခိုင်ပြည်သိမ်းတိုက်ပွဲကြီး ဖြစ်နေတဲ့ နှစ် ၊ ရခိုင်တပြည်လုံး မီးဟုန်းဟုန်းတောက်တဲ့ နှစ်မှာ အကယ်ဒမီပေးခြင်းခံရ လို့
ဘဝမှာ ဘယ်ပုံ ဘယ်နည်းနဲ့ စိတ်ကြည်နူးနေ မလဲ ၊ ဘယ်ပုံ ဘယ်နည်းနဲ့ အမှတ်ရနေမလဲ ။
“မာန်အောင်ကျွန်း ကို ရေတပ်က ဝိုင်းထားပြီး ပြည်သူတွေငတ်ပြတ်နေတဲ့ နှစ်ဟာ နေတိုး အကယ်ဒမီရတဲ့ နှစ် ပါပဲ” လို့ အမှတ်ရနေမှာလား။
သမိုင်းတစ်ခုမှတ်တိုင် တစ်ခုချင်းစီ စိုက်ထူရာမှာ မတူညီတဲ့ အခြမ်းတွေမှာ မားမားကြီး ရပ်ပြလိုက်တယ်ဆိုရင်တော့ သမိုင်းမှတ်တိုင်တွေဟာ
ပြောင်းပြန်ဖြစ်နေမှာ ဖြစ်ပါတယ် ။
ရခိုင်လူမျိုးတွေ ဟာ ရခိုင်လူမျိုး ထွန်းထွန်းပေါက်ပေါက် တစ်ယောက် ရှိခဲ့ရင်၊ ဘာလုပ်လုပ် အပြစ်မမြင်ဘဲ အားပေးရှာတယ်။
ဒါဟာလည်း ဘယ်လောက်မှာ နွံထဲမှာ ချိုးနှိမ်ခံထားရသလဲ ၊ ဘယ်လောက်များ အခွင့်အလမ်းတွေ ကန့်သတ်ခံထားရသလဲ ဆိုတာ သိသာစေတဲ့
သက်သေပါပဲ ။
တပြည်နယ်လုံးမှာ ရုပ်ရှင်ရုံတောင်မရှိတဲ့ နေရာက တစ်နိုင်ငံလုံး ရဲ့ အသည်းစွဲ မင်းသား ဖြစ်အောင် ကြိုးစားပြတဲ့သူကို အားမပေးဘဲ ဘယ်သူနေနိုင်မှာလဲ။
တစ်ယောက်လောက် ထွန်းပေါက်လာရင် လူမျိုးတစ်ခုလုံး အားသွန်ခွန်စိုက် အားပေးရဖို့ ဆိုတာ တာဝန်ကြီးတစ်ခုလို ၊ အမျိုးသားရေး ကိစ္စလိုကို လုပ်ကြတာပါ။
ဒါကြောင့်လည်း နေတိုးရဲ့ အနုပညာရေချိန် နဲ့ ပရိတ်သတ်လက်ခံမှု အားကို ပါးရည်နပ်ရည်ရှိတဲ့ မောင်မောင်အုန်းက ကောင်းကောင်းကြီး အသုံးချသွားတာဖြစ်ပါတယ်။
မောင်မောင်အုန်း ဆိုတာ အရင်က ရခိုင်ပြည် ရဲ့ ဝန်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ် အခုတော့ ပြန်ကြားရေး ဝန်ကြီးအဖြစ် တာဝန်ယူထားပြီး အခုလို ပွဲလမ်းသဘင်တွေ ဆုချီးမြင့်တဲ့ ကိစ္စတွေကို ပဲ ကောင်းကောင်းကြီး ကိုင်တွယ်နေတာ ကို တွေ့ရပါတယ်။
မောင်မောင်အုန်း ဟာ ဦးသိန်းစိန် သမ္မတ လက်ထက် က ကာလတွေကို ပြန်ကြည့်ရင် ရခိုင်တပြည်လုံးကို ဇီးဖြူသီးဇကောထဲထည့်လိမ့်သလို ဝရုန်းသုန်းကားဖြစ်အောင်လုပ်ခဲ့သူဖြစ်ပါတယ်။ သူ့လုပ်ထုံးက အင်မတန်ရိုးရှင်းပါတယ် ။
ရခိုင်တစ်ဖက်ခြမ်းမှာ မီးမွှေး လူမျိုးရေးပြသနာတွေ ၊အဓိကရုန်းတွေ ဖြစ်အောင်လုပ်ထားပြီး တစ်ဖက်မှာလည်း စင်ပေါ်တက်ချင်တဲ့ ရခိုင်ဇာတ်ရူးတွေကို စင်ပေါ်တင်ပေးလိုက်တယ်။ စင်ကြိုက်တဲ့ ရခိုင်တွေ ကို ကောင်းကောင်းကြီး ထိမ်းထားတဲ့ သူပေါ့။
“ပွဲငတ်နေတာကြာပြီ” ဆိုပြီး လာသမျှ ပွဲမလွတ်တမ်း စင်အောက်က ထိုင်အားပေးတဲ့ ပွဲကြိုက်တဲ့ ရခိုင်တွေ အတွက် အထူးအစီအစဉ် တွေ
စီစဉ်သူဖြစ်ပါတယ်။ ရခိုင်ရိုးရာတွေ ဖော်ထုတ်သလိုလို ၊ စည်းလုံးရေးတွေ လုပ်သလိုလို နဲ့ ပွဲစည်အောင်လုပ်ထားတတ်သူ ဖြစ်ပါတယ်။
အဲ့ဒီတော့ ရခိုင်နဲ့ ပတ်သက်လာရင် ဘယ်အချိန်မှာ ဘယ်သူ့ကို စင်ပေါ်တင်ရမယ်။ ဘယ်အချိန်မှာ ဘယ်သူကို ဘာလုပ်ခွင့်ပေးရမယ် ဆိုတာ ကောင်းကောင်းကြီး သိပါတယ်။
စစ်ကောင်စီဟာ ရခိုင်တွေ အပေါ်ကြောက်နေတဲ့ စိတ်ကို ဖုံးဖိထားချင်တယ်။ ရခိုင်ပြည်မှာ တိုက်ပွဲရှုံးနေတာတွေ ကို ဖုံးဖိထားချင်တယ်။
ပြည်မရောက် ရခိုင်တွေ ကို ဖိနှိပ်ညှင်းဆဲ ဖမ်းဆီး နေတာတွေကို ဖုံးဖိထားချင်တယ်။
စစ်ပွဲအောင်မြင်မှု နဲ့ ရခိုင်တွေ ရှေ့ထွက်လာခြင်းကို ဖုံးဖိထားချင်တယ်။ ရခိုင်ပြည်က မြို့ရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတာကို ဖုံးဖိထားချင်တယ်။
ရခိုင်တပြည်လုံး လက်လွှတ်ထားရတာကို တတ်နိုင်သလောက် ဖုံးဖိထားချင်တယ်။ ဒါကြောင့် ဒီပွဲမှာ နေတိုးနဲ့ ခြူးလေးကို အကယ်ဒမီပေးဖို့ ရွေးခြယ်လိုက်တာဖြစ်တယ်။
ရခိုင်တိုက်ပွဲကြီးမှာ ပါဝင်ပတ်သက်ပါတယ် ဆိုတဲ့ လူတချို့တောင် “နေတိုးကွ ၊ ခြူးလေး ကွ” နဲ့ အပျော်လုံးတွေ ဆို့နေကြတာကိုတွေ့ရပါတယ်။
စစ်ကောင်စီဟာ အခြေအနေ မပျက်တဲ့ စနစ်တစ်ခုကို တတ်နိုင်သလောက်တည်ဆောက် ဝါဒဖြန့်နေတာဖြစ်ပါတယ်။
ဒီအချိန်ဟာ ရခိုင်ပြည်သိမ်းတိုက်ပွဲကြီး ဆင်နွဲနေတဲ့အချိန် ၊ ရခိုင်ပြည်ကို ပြန်လည်တည်ဆောက်နေတဲ့ အချိန် ၊ရခိုင်တပြည်လုံးအတွက် ခက်ခဲကြမ်းတမ်းနေတဲ့ အချိန် ဖြစ်ပါတယ်။
ငါခင်းတဲ့ လမ်းမှာလျှောက် ငါပေးတဲ့ အရုပ်ကို ယူ ၊ ရော့ငါတို့ကို ကျေးဇူးတင်စမ်း ဆိုတဲ့ အဓိပ္ပါယ်နဲ့ တော့ နေတိုး နဲ့ ခြူးလေး လောက်ကိုပဲ ခြယ်လှယ်လို့ရ ပါလိမ့်မယ်။
စင်ပေါ်တက်ရလို့ မျက်ရည်လေး စမ်းစမ်းနဲ့ ဝမ်းမြောက်တော်မူနေတဲ့ စင်ရူး ၊ ဆုရူး ဇာတ်ရူး စိတ်ဓာတ်တွေ ရှိိနေသမျှ နေတိုးတွေ ၊ ခြူးလေး တွေ ထပ်ပြီး ထပ်ပြီး ထွက်လာအုံးမှာပါပဲ ။ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ အသုံးတော်ခံတွေ ဖြစ်နေအုံးမှာပါပဲ ။
မြို့ကြီး ပြကြီးတွေ မှာ နေထိုင်ပြီး အနုပညာ အသိုင်းအဝိုင်းမှာ ဝင်ဆန့်နေကြပါတယ် ဆိုသော ၊
ပြည်သူ လူထု ရဲ့ အာရုံစိုက်အားပေးခြင်းကို ခံရသော ရခိုင်လူမျိုး ထွန်းပေါက်သူတွေ အနေနဲ့လည်း
စစ်ကောင်စီ အခိုင်းခံ ၊ ပြစားခံ အဖြစ် ကနေ ရုန်းထွက်ပြီး ပြန်လည်တည်ဆောက်ရေးမှာ ပြည်တန်တဲ့ ပတ္တမြားတွေ ဖြစ်ဖို့ ဆန္ဒပြုရင်း……..
ငြိမ်းချမ်းစေ ၊ လေးဝတီFM
fantastic internet site, I could definitely go to your web page once more…acquired some really nice info.
Assume you are doing good linking to position you on the first pages of search engines.
There are some serious financial ramifications here.
Woh I enjoy your content , saved to bookmarks!
A friend of mine advised me to review this site. And yes. it has some useful pieces of info and I enjoyed reading it.
Amazing! Your site has quite a few comment posts. How did you get all of these bloggers to look at your site I’m envious! I’m still studying all about posting articles on the net. I’m going to view pages on your website to get a better understanding how to attract more people. Thank you!
Well done! Keep up this quality!
This is something that will need all of our combined efforts to address.
A friend of mine advised me to review this site. And yes. it has some useful pieces of info and I enjoyed reading it.
With internet full of dupe articles it is nice to find original content like yours thank you so very much.
I’ve read several good stuff here. Definitely worth bookmarking for revisiting. I surprise how much effort you put to make such a magnificent informative site.
I saw a similar post on another website but the points were not as well articulated.
It’s the best time to make some plans for the future and it is time to be happy. I’ve read this post and if I could I wish to suggest you some interesting things or tips. Maybe you can write next articles referring to this article. I wish to read even more things about it!
Nice Post. It’s really a very good article. I noticed all your important points. Thanks.
I concur with your conclusions and will eagerly look forward to your future updates. The usefulness and significance is overwhelming and has been invaluable to me!
I simply could not leave your site before suggesting that I actually enjoyed the usual info a person supply in your visitors? Is going to be back often to inspect new posts
I simply could not leave your site before suggesting that I actually enjoyed the usual info a person supply in your visitors? Is going to be back often to inspect new posts
Very often I go to see this blog. It very much is pleasant to me. Thanks the author
I’m so happy to read this. This is the type of manual that needs to be given and not the random misinformation that’s at the other blogs. Appreciate your sharing this best doc.
Hello.This article was extremely interesting, particularly since I was searching for thoughts on this subject last couple of days.
Its wonderful as your other blog posts : D, regards for putting up.
Your posts provide a clear, concise description of the issues.