Laywaddy FM

အသက်ဘေးမကြောက် လွတ်မြောက်လိုသည်

အသက်ဘေးမကြောက် လွတ်မြောက်လိုသည်

စစ်မေ (၁)

မခင်မေဝင်း (အမည်လွှဲ) ဟာ အသက် ၁၉ နှစ်မှာ အာရက္ခတပ်တော်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ သူဟာ တက္ကသိုလ်ဆက်တက်ဖို့ မိဘတွေက တိုက်တွန်းခဲ့ပေမယ့် အာရက္ခတပ်တော်ထဲကိုသူ့ဆန္ဒနဲ့သူပဲ ဝင်သွားခဲ့တယ်။

၂၀၂၁ စစ်တပ်အာဏာမသိမ်းခင်ကပဲ တပ်တော်ထဲကိုဝင်ခဲ့တဲ့ မခင်မေဝင်းဟာ အာဏာသိမ်းပြီးချိန်မှာတော့ ဆေးတပ်မှာ ဗိုလ်ကြီးဖြစ်နေပါပြီ။ ၁၀၂၇ တော်လှန်းရေးလှိုင်းနဲ့အတူ ရခိုင်ပြည်မြို့သိမ်းတိုက်ပွဲတိုင်းမှာ သူဟာ ဆေးတပ်ဗိုလ်ကြီးအဖြစ် ကျရာတာဝန်ကို ထမ်းဆောင်ခဲ့တယ်။

တစ်မြို့ပြီးတစ်မြို့သိမ်းတိုင်းမှာ သူဟာ မြို့သူ မြို့သားတွေကို တိုက်ပွဲအတွင်းက ကယ်ထုတ်ပေးနိုင်ခဲ့တယ်။ သက်ကြီးရွယ်အိုတွေ ၊ နာမကျန်းသူတွေ၊ ဒဏ်ရာ ရသူတွေကို ဦးစားပေးကယ်တင်ရတဲ့နေရာမှာ သူအလုပ်လုပ်တယ်။ ဒီလိုနဲ့ သူ့ဇာတိမွေးရပ်မြို့ကို သိမ်းမယ့်တိုက်ပွဲ ရောက်ရှိလာတော့ တခြားမြို့တွေလိုပဲ၊ မိသားစုတွေကို ကယ်ထုတ်ဖို့ သူကြိုးစားခဲ့တယ်။

ဒါပေမယ့် သူ့မျက်စိရှေ့မှာတင် သူ့အိမ်ဟာ မီးခိုးတအူအူနဲ့ တိုင်ငုတ်တစ်ခုသာကျန်ခဲ့တယ်။ သူ့မောင်လေးက လွဲပြီး သူ့အမေ၊ သူ့အဖေနဲ့ ညီမလေးပါ ဒီမြို့သိမ်းတိုက်ပွဲမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ကိုယ့်အသက်ကို ပေးဖို့ အဆင်သင့်ရှိတဲ့ မခင်မေဝင်းဟာ မမျှော်လင့်ဘဲ မိသားစုရဲ့ အသက်တွေကိုပါ ပေးလိုက်ရတယ်။ ဒါဟာ အာရက္ခတပ်တော်(အေအေ)ထဲ ဝင်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသမီး ငယ်တစ်ဦးရဲ့ အတွေ့အကြုံတစ်ခု။

စစ်သည် (၂)

နောက်ထပ်ဇာတ်လမ်းတစ်ခုကတော့ သိပ်မကြာသေးခင်ကပဲ ဖြစ်ခဲ့တဲ့ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာက အသက် (၅) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့အမှုပါ။

သေဆုံးသွားတဲ့ ကလေးငယ်မှာ သူ့ကို အကာအကွယ်ပေးနိုင်မယ့် အစ်ကိုတွေ၊ အစ်မတွေရှိပါတယ်။ ဒါပေမဲ့ သူတို့အားလုံးဟာ အာရက္ခတပ်တော်ထဲမှာတာဝန်ထမ်းဆောင်လျှက်ရှိပါတယ်။ အိမ်မှာ အမေအိုနဲ့ ကလေးငယ်က လွဲရင် ကာကွယ်မယ့်သူမရှိလို့ အခု လို အဖြစ်မျိုးကြုံခဲ့ရ တာဖြစ်ပါတယ်။ အာရက္ခတပ်တော်ထဲက တစ်ဦးချင်းတစ်ယောက်ချင်းဟာ ရခိုင်ပြည်လွတ်မြောက်ဖို့ မိသားစုတွေကို စွန့်ထားရသူတွေပါ။ လူတိုင်း ကိုယ့်မိသားစုနဲ့ နွေးနွေးထွေးထွေး နေချင်ကြပေမယ့် ဒီစစ်သည် စစ်မေတွေ ကတော့ လွတ်မြောက်ရေးအတွက် အားလုံးကို စွန့်လွှတ်ပြီးသား ပါ။

စစ်သည် (၃)

တတိယမြောက်ဇာတ်လမ်းကတော့ သံတွဲမြို့နယ် ဂျိတ္တောကျေးရွာက အမွှာညီအစ်ကို အကြောင်းပါ။

ဒီညီ အမွှာညီအစ်ကို ဟာ သံတွဲမြို့သိမ်းတိုက်ပွဲပြီးချိန်မှာ တက်ကြွတဲ့ စိတ်ဓာတ်နဲ့ အာရက္ခတပ်တော်ထဲကို သူ့တို့ သဘောနဲ့ သူတို့ ဝင်ရောက်ခဲ့ပြီး ၊ ဂွမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ပါတယ်။

ပြီးတော့ ဧရာဝတီ ဘက်အခြမ်းက တိုက်ပွဲမှာ ဇွန်လ အတွင်းက ကျဆုံးသွားခဲ့ပါတယ်။ သူ့ အမေအိုဟာ အခုချိန်အထိ စစ်ရှောင်စခန်းမှာ ရှိတုန်းပါပဲ ။

အာရက္ခပြည်သား လူငယ်လူရွယ်တွေဟာ သူတို့ရဲ့ အသက်တွေသာမက သူတို့မိသားစုရဲ့ အသက်တွေကို ရခိုင်ပြည်ကြီးအတွက် ပေးဆပ်ထားရတယ်ဆိုတာ အထက်ပါ ဖြစ်စဉ်တွေက သက်သေပြုနေပါတယ်။

အခုလို အာရက္ခပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့်သာ အာရက္ခတပ်တော်ဟာ အောင်မြင်မှုပန်းတိုင်တွေကို စိုက်ထူနိုင်ခဲ့တယ်လို့ဆိုရင် မှားလိမ့်မယ် မထင်ပါဘူး။

အာရက္ခတပ်တော်နဲ့ အာရက္ခပြည်သူဟာ ရေသောက်မြစ်နဲ ပင်စည်လို တစ်ဦးနဲ့တစ်ဦး မှီတည်နေကြတာပါ။

ရခိုင်ပြည်တိုက်ပွဲတွေမှာ ပြည်သူတွေဟာ အသက်တွေ၊ အိုးအိမ်စည်းစိမ်တွေကို ပြာအဖြစ် ခံပြီး အာရက္ခတပ်တော်ချီတက်လာမယ့်လမ်းကို ဖြောင့်တန်းစေခဲ့တာကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ပြီးသားဖြစ်ပါတယ်။

အမျိုးသမီးဖြစ်စေ ၊ အမျိုးသား ဖြစ်စေ ၊ တောင်ပိုင်းသား ဖြစ်စေ မြောက်ပိုင်းသားဖြစ်စေ ကိုယ့်အမိမြေအတွက် ကာကွယ်ဖို့ အသင့်ဖြစ်နေခဲ့ပါတယ်။ လူငယ်တွေဟာ အသက်ဘေး မကြောက်ဘဲ လွတ်မြောက်လိုသူတွေ ဖြစ်ပါတယ်။

“အာရက္ခတပ်တော်ထိုးစစ်ဆင်ပြီဆိုတာနဲ့ မြို့သိမ်း သတင်း ထိုင်သာစောင့်” ဆိုစမတ်ပြုရအောင် စွမ်းဆောင်နိုင်တာဟာ လွတ်မြောက်လိုတဲ့ စိတ်ဓာတ် ကြောင့် ဆိုတာ ရာနှုန်းပြည့်သေချာပါတယ်။

တိုက်ရည်ခိုက်ရည် စွန့်လွှတ်စိတ်တွေ မြင့်မားလာတာဟာ ရှေ့ဆောင်လမ်းပြမှုကောင်းမွန်မှုကြောင့် တပ်တော်အပေါ် ယုံကြည်မှုကြောင့်သာဖြစ်ပါတယ်။

အသက်ပေးခဲ့ရရင်တောင် ဒီမြို့ ဒီမြေကို သိမ်းပိုက်နိုင်တဲ့ အတွက် အောင်မြင်တယ် လို့ ဂုဏ်ယူရင်း စွန့်လွှတ်ခဲ့ကြသူများသာ ဖြစ်ပါတယ်။

လေးဝတီ FM အနေ နဲ့ စွန့်လွှတ်ခဲ့တဲ့ သူရဲကောင်းများကို ဂုဏ်ယူဦးညွတ်ကြောင်းပြောကြားလိုပါတယ်။

မြို့သိမ်းတိုက်ပွဲတွေ ပြီးဆုံးချိန်မှာလည်း တပ်တော်ထဲမှာ အင်အားတွေဖြည့်တင်းဖို့၊ အာရက္ခပြည်ကြီးကို ပြန်တည်ဆောက်ဖို့ အာရက္ခပြည်သူတွေဟာ ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းတွေ အဖြစ်လာ ပူးပေါင်းပါဝင်နေကြပါတယ်။

စစ်မေ (၄)

သံတွဲမြို့သိမ်းတိုက်ပွဲကာလမှာ ရန်ကုန်မြို့ကို ရောက်နေတဲ့ သူနာပြုဆရာမတစ်ဦးဟာ သံတွဲတစ်မြို့လုံး လွတ်မြောက်ပြီလို့ သတင်းကြားတဲ့အခါ စစ်ကောင်စီရဲ့ အတားအဆီး အပိတ်အပင်တွေ ကြားထဲက သံတွဲကို ပြန်လည်ဝင်ရောက်ခဲ့ တယ်။

သူ့အမျိုးသားဟာ ဘဏ်ဝန်ထမ်းဖြစ်ပြီး မြို့ပေါ်မှာ ပညာတတ်လူတန်းစားအဖြစ် ရှင်သန်ရပ်တည်နိုင်တဲ့ အခြေအနေ ရှိပေမယ့် လင်မယားနှစ်ယောက်စလုံးဟာ အလုပ်အကိုင်တွေကို စွန့်လွှတ်ပြီး ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ်ပြည်ကို ပြန်လည်ထူထောင်ရေးမှာ သူ့ ဆန္ဒနဲ့ သူ ရဲရဲကြီးပါဝင်ခဲ့တယ်။

ကိုယ့်ပြည်ကို ချစ်တဲ့ စိတ်၊ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်နဲ့ တပ်တော်ထဲကို ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် ရတနာတွေ ပဲဖြစ်ပါတယ်။ သူတို့ ဟာလည်း အသက်ဘေးမကြောက် လွတ်မြောက်လိုတဲ့ ပြည်သူတွေပဲ ဖြစ်ပါတယ်။

အာရက္ခပြည်သူတွေတစ်ဦးချင်းစီမှာထားရှိတဲ့ ဒီလိုစိတ်ဓာတ်တွေနဲ့ တွန်းလှန်တိုက်ခိုက်ခဲ့လို့ အောင်မြင်မှုတွေ အလီလီရရှိခဲ့တာဟာလည်း အာရက္ခတပ်တော်ရဲ့ ဂုဏ်သိက္ခာတစ်ခုပါပဲ။

အာရက္ခတပ်တော်ဟာ ဒီဂုဏ်သတင်းနဲ့ပဲ လူငယ်လူရွယ်တွေကို စုဝေးပြီး ခိုင်မာတဲ့ တပ်တော်ကြီးတစ်ခုအဖြစ် တည်ဆောက်နိုင်ခဲ့တယ်။ စစ်အာဏာရှင် ရဲ့ စစ်တပ်ကို တပ်လန်သွားတဲ့ အထိ အင်းအားကောင်းလာခဲ့ပါတယ်။

ဒီအင်အားနဲ့ပဲ ရခိုင်ပြည်ရဲ့ မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒီဂုဏ်သတင်းနဲ့ပဲ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စံနမူနာပြု လေးစားခြင်း ခံခဲ့ရတယ်။

ဒါပေမယ့် ၂၀၂၅ မတ်လမှာ ထုတ်ပြန်ကြေညာလိုက်တဲ့ အာရက္ခပြည်သူ့အစိုးရ စစ်မှုထမ်းဥပဒေရဲ့ နောက်ဆက်တွဲ လုပ်ရပ်တွေဟာ အာရက္ခတပ်တော် အနှစ်နှစ်အလလ ကြိုးပမ်းရပ်တည်ခဲ့သမျှကို အမဲစက်ကြီးတစ်ခုပမာဖြစ်ခဲ့တယ်လို့ ဆိုချင်ပါတယ်။

အထက်က ထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေအကြောင်းပြုပြီး အောက်ခြေမှာ အတင်းအဓမ္မ တပ်သားစုဆောင်းတာ၊ အတင်းအဓမ္မခိုင်းစေတာတွေ ဟာ နည်းလမ်း မကျဘူးလို့ ဆိုရမှာပါ။

ဒါအပြင် ဒီဉပဒေ ကို ဆန့်ကျင်လို့ ဖမ်းတာဆီးတာ တွေဟာလည်း စစ်ဘုရင်တွေရဲ့ လုပ်ထုံးလုပ်ဟန်လို့ စွက်စွဲ စရာ ဖြစ်နေပါတယ်။

လွတ်မြောက်လိုတဲ့ လူငယ်တွေကို အာဏာနဲ့ ချဉ်နှောင်ခြင်းဖြစ်ပါတယ်။ တော်လှန်ရေးဟာ သိပ်ကို အနုပညာ ဆန်ကြောင်း အာရက္ခတပ်တော် ခေါင်းဆောင်တွေ ကောင်းကောင်းသိတယ် ဆိုတာ ငြင်းစရာမလိုပါဘူး။

ရခိုင်လူငယ်တွေဟာ အသက်ဘေး မကြောက်ဘဲ လွတ်မြောက်လို သူတွေသာ ဖြစ်တယ်။ အာရက္ခတပ်တော်ထဲ မြင့်မားတဲ့ခံယူချက် စိတ်ဓာတ်တွေနဲ့ ဝင်ရောက်ခဲ့တဲ့ ရခိုင်လူငယ်တွေရဲ့ တန်ဖိုးထားမှုတွေကိုလည်း သေးသိမ်ရာဖြစ်စေတယ်။ ရခိုင်ပြည်သူတွေရဲ့ ထောက်ခံဝန်ရံမှုအားနဲ့ အာရက္ခတပ်တော်ကြီး ကြီးထွားရှင်သန်ပြီး အောင်ပွဲတွေအလီလီရရှိခဲ့ တာကို ဒီနေရာမှာ ထောက်ရှုသင့်တယ်။

တကယ်တော့ အုပ်ချုပ်ရေးနဲ့ စစ်ရေးမှာ ပါဝင်မယ့် အင်အားတွေကို စည်းရုံးရေးအသွင်နဲ့ သာ ချည်းကပ်ဖြေရှင်း ခြင်းက ပိုမိုကောင်းမွန်ပါတယ်။ အာရက္ခပြည်သူတွေ လက်ထဲမှာ အာရက္ခပြည်ရှိတဲ့အကြောင်း ကို ပိုမိုသိမ်မွေ့တဲ့နည်းလမ်းတွေ နဲ့ ပူးပေါင်းပါဝင်စေသင့်ပါတယ်။ အာရက္ခတပ်တော် အပေါ်မှာ လေးစားတန်ဖိုးထားမှု ကို ပိုမိုမြှင့်တင်သင့်ပါတယ်။

အခုတော့ အာရက္ခတပ်တော်ရဲ့ စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်မှုဟာ စစ်အာဏာရှင်ရဲ့ စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်မှုနဲ့ မခြားဖြစ်နေတယ်လို့ ဆိုရပါတော့မယ်။

မဖြစ်မနေ ပါဝင်ရမယ့် ဉပဒေ ထုတ်ခြင်းကြောင့် တရားမဝင်လမ်းကြောင်းတွေ က ထွက်ခွာဖို့ တွန်းပို့သလိုတောင် ဖြစ်နေတယ် ဆိုတာ ကို သတိပြုဖို့လိုအပ်ပါတယ်။

အာဏာရှင် အောက်က လွတ်မြောက်လိုစိတ် နဲ့ တွန်းလှန်သူတွေဟာ ကိုယ့်ကို ဖိနှိပ်သူ မှန်သမျှ ကို အာဏာရှင်လို့ သတ်မှတ်မှာသာ ဖြစ်တယ်။

စိတ်ခံစားချက် ဟာ လွန်စွာ နုညံ့သိမ်မွေ့ပါတယ်။ ကိုယ့်ပြည် ကိုယ့်ရွာ လွတ်မြောက်လိုစိတ်အစား တစ်ကိုယ်ရေစာ လွတ်မြောက်လိုစိတ် အဖြစ် မပြောင်းလဲသွားဖို့ ဟာ လည်း အာရက္ခပြည်သူ့ အစိုးရ ရဲ့ စည်းရုံးရေး အရည်အသွေးပေါ်မှာ မှီတည်ပါတယ်။

တိုင်းပြည်တစ်ခု တည်ဆောက်ဖို့၊ စီမံအုပ်ချုပ်ဖို့၊ ကာကွယ်ဖို့ဆိုရာမှာ ဆုံးဖြတ်ချက်တိုင်း၊ အကောင်အထည် ဖော်မှုတိုင်းဟာ လွန်စွာအရေးကြီးပါတယ်။

ဘယ်လိုပင်ကောင်းမွန်တဲ့လုပ်ရပ်တွေလုပ်ခဲ့ပါစေ လုပ်နည်း ကိုင်နည်းမှားယွင်းတဲ့အခါ ကြိုးစားတည်ဆောက်ခဲ့သမျှဟာ သဲထဲ ရေသွန်ဖြစ်ရတတ် တယ် ဆိုတဲ့အကြောင်း လေးဝတီက အလေးအနက်ထောက်ပြအပ်ပါတယ်။

ငြိမ်းချမ်းစေ ရေးသည်။

လေးဝတီFM

Kay Zue

Related Posts

43 thoughts on “အသက်ဘေးမကြောက် လွတ်မြောက်လိုသည်

  1. Грати в найкраще топ казіно — широкий вибір автоматів та настільних ігор, вітальні бонуси та спеціальні пропозиції. Дізнайтеся про умови участі та актуальні акції.

  2. MMORPG игра сайт Скрайда — онлайн-мир приключений, сражений и развития персонажа. Выбирайте класс героя, исследуйте локации, участвуйте в PvP и PvE боях, вступайте в гильдии и проходите квесты в захватывающей многопользовательской игре.

  3. Мучает варикоз? https://zdorovie-veny.ru информационный сайт о здоровье вен и лечении варикоза ног: УЗДС диагностика, лечение варикоза, ЭВЛО (лазерное лечение), склеротерапия, восстановление и компрессионный трикотаж. Рекомендации врача, ответы на частые вопросы и профилактика варикоза.

  4. Проблемы с застройщиком? металлические шильды помощь юриста по долевому строительству, расчет неустойки, подготовка претензии и подача иска в суд. Защитим права дольщиков и поможем получить компенсацию.

  5. Ищешь кран? кран шаровый приварной для трубопроводов различного назначения. Надежная запорная арматура для систем водоснабжения, отопления, газа и промышленных магистралей. Высокая герметичность, долговечность и устойчивость к нагрузкам.

  6. Проблемы с застройщиком? металлические шильды помощь юриста по долевому строительству, расчет неустойки, подготовка претензии и подача иска в суд. Защитим права дольщиков и поможем получить компенсацию.

  7. Информационный сайт https://zdorovie-veny.ru о здоровье вен и лечении варикоза ног: УЗДС диагностика, лечение варикоза, ЭВЛО (лазерное лечение), склеротерапия, восстановление и компрессионный трикотаж. Рекомендации врача, ответы на частые вопросы и профилактика варикоза.

  8. A website https://grand-screen.com for searching and analyzing mobile apps. Compare features, explore reviews, ratings, and capabilities of Android and iOS apps. A convenient catalog helps you quickly find useful services and programs.

  9. Нужен отель? отель белорусская идеальное место для расслабления в центре столицы. Тихий бутик-отель 4* сочетает классический комфорт с современным спа-комплексом. Гостей ждет настоящий отдых: можно посетить бассейн, расслабиться в сауне или заказать индивидуальные программы. Уютные номера и близость к метро делают этот отель со спа в Москве идеальным выбором для романтических и оздоровительных путешествий.

  10. Отель в центре Москвы апартаменты в москва сити омфортное размещение рядом с главными достопримечательностями столицы. Уютные номера, современный сервис, удобное расположение рядом с метро, ресторанами и деловыми центрами города.

  11. Нужна гостиница? отель на час цены уютные номера рядом с метро и деловым центром города. Удобное размещение для туристов и деловых поездок, комфортные условия проживания, современный сервис и удобная транспортная доступность.

  12. Услуги по настройке https://sysadmin.guru и администрированию серверов и компьютеров. Установка систем, настройка сетей, обслуживание серверной инфраструктуры, защита данных и техническая поддержка. Помогаем обеспечить стабильную работу IT-систем.

  13. Current weather Podgorica Montenegro, today and in the coming days. Accurate forecast of temperature, precipitation, wind, and humidity. Find out what the weather is like in Podgorica now, the weekly forecast for the month, and weather trends in Montenegro’s capital.

  14. Hacksaw Gaming – это провайдер, который многие выбирают за драйв, нестандартные механики и мощные бонусные режимы. Но из-за большого количества тайтлов легко пропустить реально стоящие игры или не понять, где какая волатильность и “характер” слота. Мы собрали это в Telegram-канале: обзоры, рекомендации, новинки и короткие разборы слотов Hacksaw. Ссылка: https://t.me/s/hacksaw_slots

  15. Чтобы не выбирать наугад и не тратить время на “красивые витрины”, проще ориентироваться на рейтинг онлайн казино, где всё разложено по полочкам. В Telegram мы собираем подборки по разным запросам: где условия честнее, какие бонусы реально отыгрываются, где поддержка отвечает быстро, и на что обратить внимание до регистрации и депозита. Формат простой и “человечный”: короткие выводы, важные нюансы и обновления, когда что-то меняется — чтобы вы могли быстро понять, стоит ли заходить на площадку.

  16. Профессиональный запой вывод на дому детоксикация организма, помощь при алкогольной интоксикации и восстановление самочувствия пациента. Специалист приезжает на дом и оказывает профессиональную помощь.

  17. Качественное SEO https://outreachseo.ru продвижение сайта для бизнеса. Наши специалисты предлагают эффективные решения для роста позиций в поисковых системах. Подробнее об услугах и стратегиях можно узнать на сайте

Leave a Reply

Your email address will not be published. Required fields are marked *