မေလ ၂၉ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ထိရှိလာပြီး ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင် စတဲ့ ရခိုင်ကမ်းရိုးတန်းဒေသ ဟာ သက်ရောက်မှု အချို့ ရှိနိုင်တယ်လို့ လို့ မိုးလေဝသ စောင့်ကြည့်သုံးသပ်သူ ဦးဝင်နိုင် သတိပေးထားပါတယ်။
ဘဂ်လားပင်လယ်အော်မှာ ဖြစ်ပေါ် နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ဖြစ်နိုင်ချေ ရာနှုန်းပြည့်နေပြီ ဖြစ်တယ်လို့ ဦးဝင်နိုင် က မေလ ၂၆ ရက် ည ၉ နာရီကျော်မှာ သတိပေးထားပါတယ်။
ECMWF cyclone activity chart ရဲ့ ဖော်ပြချက်မှာ မေလ ၂၉ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိလာတာ ကိုတွေ့ရပြီး
၂၇-၂၈-၂၉-၃၀ ရက်တွေမှာ မြန်မာနိုင်ငံဘက်ကို မုန်တိုင်းအရှိန်သက်ရောက်နိုင်တဲ့ အခြေအနေလည်း ပိုတိုးလာမယ်လို့ သူက ရေးသားထားပါတယ်။
ရခိုင်ကမ်းရိုးတန်းတလျှောက်က ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင် စ တဲ့ ဒေသတွေမှာ မိုး/လေ/လှိုင်း ပြင်းထန်နိုင်ပါတယ် လို့ အထူးသတိပေးထားပါတယ်။
ဒီမုန်တိုင်းဟာ “မိုခါ” တုန်းကလို မုန်တိုင်းတိုက်ရိုက်ဝင်မှာ မဟုတ်တာကြောင့် ၊ မိုခါ လို ပျက်စီးထိခိုက်မှု မများနိုင်ဘူးလို့ တော့ ကနဦးခန့်မှန်းထားပါတယ်။
မိုးကြီးခြင်း လေကြီးခြင်း လှိုင်းကြီးခြင်း စတဲ့ မုန်တိုင်းရဲ့ သက်ရောက်မှုတွေဟာ မေလ ၂၇ ရက်နေ့ကနေ ဇွန်လ နှစ်ရက်အထိ တစ်ပတ်တိတိကြာမြင့်နိုင်ပါတယ် လို့ ရေးသားထားပါတယ်
လေးဝတီ FM