Tag: AA
သံတွဲ ၊ ဂွမြို့နယ်က ငါးဖမ်းလှေများကို ညအချိန်ငါးဖမ်းခွင့် တားမြစ်ချက် ULA/AA ထုတ်ပြန်
သံတွဲ နဲ့ ဂွမြို့နယ်က ငါးဖမ်းသမားတွေကို ညအချိန် ပင်လယ်ပြင် လုံးဝမထွက်ကြဖို့ အောက်တိုဘာ ၁၉ ရက်က အာရက္ခတပ်တော်ဘက်က ထုတ်ပြန်လိုက်ပါတယ်။ ပင်လယ်ပြင်မှာ ရှိတဲ့ စစ်ကောင်စီ သဘေ်ာတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ပိုမိုနီးကပ်လာပြီး ၊ ဒေသတွင်းက ငါးဖမ်းလှေတွေကို ဖမ်းဆီးခေါ်ဆောင်တာ ၊ သတ်ဖြတ်တာတွေ လုပ်လာတဲ့…
ရခိုင်ရိုးမပေါ်က စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ်ဗျူဟာကြီး ကျသွားပြီ(AA နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ပထမဆုံးပူးပေါင်းထိုးစစ်အောင်ပွဲ)
ရခိုင်ရိုးမ ကျောရိုးပေါ်မှာရှိတဲ့ နတ်ရေကန် အမည်ရှိ စစ်ကောင်စီရဲ့ ခံစစ်ဗျူဟာကြီးကို အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေက အောက်တိုဘာ ၁၄ ရက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။ ဆယ်လနီးပါးထိုးစစ်ဆင်ခဲ့ရတဲ့ ဒီဗျူဟာကုန်းဟာ ရခိုင်ရိုးမရဲ့ အမြင့်ဆုံးနေရာမှာ ၊ စခန်းပေါင်း ၁၀ ခုနီးပါး နဲ့ ဗျူဟာ ကျကျ…
ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ရိုက်ကူးမယ့် ရခိုင်ရုပ်ရှင်ဇာတ်လမ်း
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပဖို့ သိပ်မလိုတဲ့ အချိန်မှာ ကြံ့ခိုင်ရေးပါတီရဲ့ ကိိုယ်စားလှယ်လောင်းတစ်ဦးက ရခိုင်အနုပညာရှင်တွေကို အသုံးပြုပြီး ငွေကြေးစိုက်ထုတ်ကာ ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ် ဖန်တီးရိုက်ကူးနေပါတယ်။ ထုတ်လုပ်သူ ဦးနေမင်းထွန်းဟာ ရခိုင်အမျိုးသားတစ်ဦးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် လာမယ့်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ကို ဝင်ပြိုင်မယ့်သူဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဖြစ်တဲ့ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်လမ်း…
အာဆာဟာ လူမျိုးစု လွတ်မြောက်ရေးတပ်လား ၊ အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့လား
ကမ္ဘာ့စာမျက်နှာမှာ ရခိုင်အရေးနဲ့ ပတ်သက်ရင် ရိုဟင်ဂျာ အရေး ကို အဓိက ရှုမြင်လျှက်ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ ဘူးသီးတောင် ၊ မောင်တော နယ်စပ်မှာ လှုပ်ရှားလာတဲ့ ARSA ၊ RSO အဖွဲ့တွေ ရဲ့အကြောင်းဟာလည်း ရိုဟင်ဂျာအရေးမှာထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်လာပါပြီ။ ARSR နဲ့ RSO အဖွဲ့တွေ ဆိုတာ…
စစ်ကောင်စီရေတပ် က သံတွဲကို ဦးတည်ပြီး ထိုးစစ်ဆင်တဲ့ အသွင်တိုက်ခိုက်လာတာကြောင့် ရခိုင်ကမ်းရိုးတန်းနေထိုင်သူများ အထူးသတိပြုဖို့ ULA/AA ထုတ်ပြန်
သံတွဲမြို့နယ်၊ ငပလီကမ်းခြေ နဲ့ မျက်နှာချင်းဆိုင်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီ ရေတပ်သင်္ဘောတွေဟာ ကမ်းခြေကို ထိုးစစ်ဆင်တဲ့ အသွင်တိုက်ခိုက်လာတဲ့ အတွက် ကမ်းရိုးတန်းနေပြည်သူများ စစ်ရေးသတိရှိကြဖို့ အောက်တိုဘာ ၁၀ ရက်မှာ အာရက္ခတပ်တော်ဘက်က ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီရေတပ် နဲ့ လေတပ်ဟာ စက်တင်ဘာလ နဲ့ အောက်တိုဘာလတွေ မှာ…
သတင်းထောက် မမုဒြာကို ချက်ချင်းလွှတ်ပေးဖို့ အမျိုးသမီးသတင်းသမားများ အဖွဲ့တောင်းဆို
အမျိုးသမီးသတင်းထောက် မမုဒြာကို ချက်ချင်းပြန်လွှတ်ပေးဖို့ Myanmar Women in Media (MWiM) က အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ Border News Agency (BNA) ရဲ့ မောင်တောမြို့ အခြေစိုက် သတင်းထောက် မမုဒြာကို အာရက္ခတပ်တော် AA…
ရန်ကုန်တိုင်း ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ကြံ့ခိုင်ရေးပါတီ ၊ ပြည်သူ့ပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ အပါအဝင် ကိုယ်စားလှယ် (၇) ဦး ဝင်ပြိုင်မယ်။
"ရန်ကုန်ရောက်နေတဲ့ ရခိုင်စစ်ဘေးရှောင်တွေ ၊ ရခိုင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် အလုပ်လုပ်ပါ့မယ်" ဆိုတဲ့ မဲဆွယ်မှု နဲ့အတူ လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ပြိုင်မယ့် လူ (၇) ဦးအထိ ရှိနေတယ်လို့သတင်းရရှိပါတယ်။ စစ်အုပ်စုက ဦးဆောင်ပြီးကျင်းပတဲ့ ဒီရွေးကောက်ပွဲကို ရခိုင်တော်လှန်ရေးအင်အားစု အသီးသီးက အသိအမှတ်မပြုပေမယ့် ရန်ကုန်မြို့မှာနေထိုင်တဲ့ ရခိုင်နိုင်ငံရေး…
သံတွဲဒေသ ကို စကစဘက်က တန်ပြန်ထိုးစစ်ဆင်တဲ့ အသွင်နဲ့ တိုက်ခိုက်လာ
အာရက္ခအစိုးရ ထိမ်းချုပ်ထားတဲ့ သံတွဲဒေသ ကို စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်ဆင်လာတဲ့ အသွင်နဲ့ ရေကြောင်း ၊လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာကို တွေ့ရပါတယ်။ စက်တင်ဘာ ၂၇ ရက်ညပိုင်းက သံတွဲမြို့ပေါ် အမှတ် (၄) ရပ်ကွက် ကို တိုက်ခိုက်ခဲ့ပြီး ၊ စက်တင်ဘာ ၂၈ ညပိုင်းမှာလည်း…
ရခိုင်က ကျောင်းသားတွေ သေဆုံးမှုနဲ့ နဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ကို ICC မှာ တရားစွဲဖို့ လိုအပ်ကြောင်း အာဆီယံလွှတ်တော် ကိုယ်စားလှယ် အဖွဲ့ APHR က ထုတ်ပြန်
ရခိုင်ပြည် ကျောက်တော်မြို့ က ကျောင်းသား ၂၀ သေဆုံးမှုနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာ ရာဇဝတ်ရုံး ICC မှာ တရားစွဲဆိုဖို့ လိုအပ်ကြောင်း အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်ရေးကာကွယ်ရေးအဖွဲ့ (ASEAN Parliamentarians for Human Rights –…
တိုက်ပွဲလုံးဝ မရှိသော နေရာက အရပ်သားပစ်မှတ်များကို သီးသန့်ပစ်မှတ်ထားနေ(မြောက်ဦးနဲ့ ကျောက်တော် ကို အကြိမ်ကြိမ် တိုက်ခိုက်လာ)
စစ်ကောင်စီဟာ ၂၀၂၅ ဇန်နဝါရီလ ကနေ အခု စက်တင်ဘာလ အထိ ကိုးလတာကာလအတွင်းမှာ ရခိုင်ပြည်က တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိတဲ့ အရပ်သားပြစ်မှတ်များကိုသာ ပစ်မှတ်ထားနေတာကို တွေ့ရှိရပါတယ်။ လေကြောင်းတိုက်ခိုက် ခံရတဲ့ မြို့တွေဟာ ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက သိမ်းပိုက်ခံထားရပြီး စစ်ကော်မရှင် တပ်တွေ တပ်ဆုပ်သွားရတဲ့ မြို့တွေလည်းဖြစ်ပါတယ်။ အခုရက်ပိုင်းမှာ…