ရခိုင်ပြည် ကျောက်တော်မြို့ က ကျောင်းသား ၂၀ သေဆုံးမှုနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာ ရာဇဝတ်ရုံး ICC မှာ တရားစွဲဆိုဖို့ လိုအပ်ကြောင်း အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်ရေးကာကွယ်ရေးအဖွဲ့ (ASEAN Parliamentarians for Human Rights – APHR) က စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။

အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေးကာကွယ်ရေး အဖွဲ့ ဝင် အင်ဒိုနီးရှား ၊ မလေးရှား ၊ ထိုင်း နိုင်ငံ ကလွှတ်တော်ကိုယ်စားလှယ်တွေက ၊ “အာဆီယံ နိုင်ငံတွေ အနေနဲ့ ဒီ ကိစ္စ ကို ပေါ့ပေါ့တန်တန် မလုပ်ဖို့ “သတိပေးထားတာဖြစ်ပါတယ်။
တရားမျှတမှုအတွက် နိုင်ငံတကာ အရေးယူမှုများ (ဥပမာ – နိုင်ငံတကာရာဇဝတ်တရားရုံး ICC) ကို အသုံးပြုပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ် ကို တရားစွဲရန် လိုအပ်ကြောင်း အထူးတင်ပြထားပါတယ်။

တဆက်တည်းမှာပဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်စေရန် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှု နဲ့ လေယာဉ်လောင်စာဆီ ကို တင်းကြပ်သော ထိန်းချုပ်မှုများကို ချမှတ်ရန် လည်း တောင်းဆိုထားပါတယ်။
“အာဆီယံနိုင်ငံများသည် စိုးရိမ်ကြောင်းကြေညာချက်ထက် ကျော်လွန်ကာ သေချာတိကျသော လုပ်ဆောင်ချက်များဖြင့် ဤ အကြမ်းဖက်မှုများကို တားဆီးရန်၊ ဒီမိုကရေစီ အဖွဲ့များအား ပံ့ပိုးရန်နှင့် စစ်ကောင်စီကို တရားမဝင်မှုအတွက် တာဝန်ခံစေရန် လိုအပ်ပါသည်” လို့ APHR အဖွဲ့ဝင်၊ မလေးရှားလွှတ်တော်ကိုယ်စားလှယ် ဝေါင်းချန် (Wong Chen) က ပြောကြားထားပါတယ်။
ဒါအပြင် အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အင်ဒိုနီးရှား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မာဆီ ခရစ်စတီ ဘာရန့် (Mercy Chriesty Barends) က
“အာဆီယံနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ကျွန်ုပ်တို့အစိုးရများသည် ပြည်သူများကို သတ်ဖြတ်ခြင်းကို အမှန်တကယ် တုံ့ပြန်ဖို့ မဖြစ်မနေ လိုအပ်ပါသည်။ မြန်မာပြည်သူများကို ကာကွယ်ရန် နိုင်ငံတကာအဆင့်တွင် အရေးပေါ် အရေးယူမှု လိုအပ်ပါသည်” လို့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
လေးဝတီ FM
Been playing on jilipark1 for a while now. The site’s solid, easy to get around, and haven’t had any issues with withdrawals. Thumbs up. jilipark1
Yo, been trying out phpgames22 lately, and so far, so good! Nothing groundbreaking, but solid gameplay and fun to kill some time with. Worth a look! phpgames22
How ya goin’? Tried the jackpotlandapp. Pretty fun little app if you ask me. Worth a shot if you’re looking for a quick game on the go. Give it a go: jackpotlandapp