Tag: arakan army
မင်းပြား အခြေစိုက် ခမရ ၃၈၀ တပ်ရင်းကို စစ်ကောင်စီ ဗုံးကြဲ
ပြီးခဲ့တဲ့ နှစ်က အာရက္ခတပ်တော်သိမ်းပိုက်ခဲ့တဲ့ မင်းပြား အခြေစိုက် ခမရ ၃၈၀ တပ်ရင်းထဲကို မနေ့ည သန်းခေါင်ယံမှာ စစ်ကောင်စီဘက်က လေကြောင်းကတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဇွန်လ ၁၉ ရက် ည ၁၂ နာရီဝန်းကျင်မှာ မင်းပြား ခမရ ၃၈၀ ဝန်းထဲကို ရုတ်တရက်တိုက်ခိုက်ခံရပြီး အဆောက်အအုံတချို့…
ရခိုင်မှာ မိုးဆက်တိုက်ကြီးနေ ပုဏ္ဏားကျွန်းက စစ်ရှောင်နေရာတွေ ရေနစ်မြုပ် အကူအညီတွေလိုအပ်
ရခိုင်မှာ မိုးဆက်တိုက်ကြီးနေတဲ့ အတွက် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လျှက်ရှိပါတယ်။ ဇွန်လ ၁၅ ရက်နေ့ကနေ ၁၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်ခဲ့ပြီး တောင်ကျရေတွေလည်း စီးနေတာဖြစ်ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကျော်ဟာ ရေနစ်မြုပ်မှုဒဏ်ကို ခံနေရပြီး အမိုးအကာ ၊ အစားအသောက်နဲ့ ဆေးဝါး အကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။ လူသားချင်းစာနာမှု…
ကျောက်ဖြူတိုက်ပွဲများ ဟာ မြို့သိမ်းတိုက်ပွဲ အဖြစ် ဦးတည်လာ
ဒီကနေ့ ဇွန်လ ၁၆ ရက်မှာတော့ ကျောက်ဖြူမြို့ နဲ့ အနီးဆုံးက ရပ်ကွက်တွေအထိ တိုက်ပွဲရဲ့သက်ရောက်မှုတွေရှိလာပြီး မြို့သိမ်းတိုက်ပွဲတွေ ဆီ ကို ဦးတည်လာပြီးလို့ ဒေသခံတွေ က သုံးသပ်ကြပါတယ်။ မြို့ပေါ်မှာရှိတဲ့ ကျောက်ဖြူလေဆိပ်နဲ့ ခလရ ၃၄ တပ်ရင်းတွေ အနီးကို အာရက္ခတပ်တော် ဘက်က လက်နက်ကြီး…
ကျောက်ဖြူရှေ့တန်းက ဒုတပ်ရင်းမှူး တစ်ဦး ဒဏ်ရာနဲ့ ဆေးကုသခံယူရင်း ရန်ကုန်မှာသေဆုံး
ကျောက်ဖြူ OTG တရုတ်စီမံကိန်းကွင်းပတ်၀န်းကျင် မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့က ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့် ဟာ ရန်ကုန်ဆေးရုံ မှာ သေဆုံးပြီး ဒီကနေ့ ဇွန် ၁၅ ရက်မှာ သူ့မိသားစုက ရက်လည်ဆွမ်းသွတ်ခဲ့ပါတယ်။ မေလ ၃၀ ရက်က OTG စီမံကိန်းဝန်းကျင်မှာ တပ်စွဲထားတဲ့…
စစ်ကောင်စီထိမ်းချုပ်ထားတဲ့ မြို့တွေမှာ ရခိုင်နဲ့ မွတ်ဆလင်ကြား တင်းမာမှုဖြစ်လာအောင် လုပ်ဆောင်နေ
ရခိုင်ပြည်က စစ်ကောင်စီ ထိမ်းချုပ်ထားဆဲမြို့တွေ ဖြစ်တဲ့ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့တွေမှာ ရခိုင် နဲ့ မွတ်ဆလင်ကြား တင်းမာမှုတွေဖြစ်လာအောင် စစ်ကောင်စီဘက်က သွေးထိုးလှုံ့ဆော်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံ တွေ က ပြောကြပါတယ်။ ကျောက်ဖြူမြို့ပေါ်မှာ စစ်ကောင်စီဘက်က သင်တန်းပေးထားတဲ့ မွတ်ဆလင်လူငယ်တွေကို အသုံးချပြီး ၊ ရခိုင်တွေရဲ့ နေအိမ်တွေမှာ ငွေကြေးကောက်ခံတာတွေ…
ကြည်း ၊ရေ ၊ လေ စစ်ကြောင်းသုံးခုနဲ့ ကျောက်ဖြူ တိုက်ပွဲကို စစ်ကောင်စီ အင်အားဖြည့်ထိုးစစ်ဆင်နေ
ကျောက်ဖြူမြို့ မင်းတပ်တောင်အနီး မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲ ကို စစ်ကောင်စီဘက်က ကြည်း ၊ ရေ ၊ လေ စစ်ကြောင်း သုံးခုကို အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရရှိပါတယ်။ ဇွန်လ ၉ ရက်က ခမရ ၅၄၃ ကနေ မြေပြင်စစ်ကြောင်းအင်အား ၂၀၀…
သံတွဲမြို့နေရာ သုံးခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၄ ယောက် သေဆုံး၊ ၁၀ ယောက် ဒဏ်ရာရ
သံတွဲမြို့နယ်နေရာ သုံးခုကို ယမန်နေ့၊ ည ၁၀ နာရီကျော် က ဝန်းကျင်မှာ စစ်ကောင်စီဂျက်ဖိုက်တာနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၄ ယောက် သေဆုံး ပြီး၊၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ သေဆုံးသွားသူတွေဟာ သံတွဲမြို့နယ် ကျောက် ကြီးရွာမှာ သွားရောက်…
ULA/AA သိမ်းပိုက်ထားတဲ့ မောင်ရွှေလေးရေတပ် ကို စစ်ကောင်စီ အလစ်အငိုက် တိုက်ခိုက်လာ
ULA/AA ထိမ်းချုပ်ထားတဲ့ သံတွဲမြို့နယ် ၊ မောင်ရွှေလေးရေတပ် အနီးဝန်းကျင်မှာ စစ်ကောင်စီရဲ့ နေဗီ နှစ်စီးသုံးစီးခန့် ရောက်ရရှိလာပြီး ကမ်းခြေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဖြစ်ပေါ်နေတယ် လို့ သတင်းရရှိပါတယ်။ ဇွန်လ ၅ ရက်က မောင်ရွှေလေး ၊ ဂျိတ္တော ၊ ငပလီ ကမ်းခြေတစ်လျှောက်ကို…
အသက်မပြည့်သေးသည့် မိန်းကလေး ကို မုဒိမ်းမှုကျူးလွန်ပြီး သတ်ပစ်ခဲ့သည့် အမှု ၊ သံသယ တရားခံ (၈) ဦး ULA/AA ဖမ်းဆီး
ရခိုင်ပြည် မင်းပြားမြိုု့ ဖားပြိုကျေးရွာက အသက်(၉) နှစ်အရွယ် မိန်းကလေးကို အဓမ္မကျူးလွန်ပြီး သတ်ဖြတ်ခဲ့တဲ့ အမှုမှာ သံသယ ရှိသူတွေကို ULA/AA က ဖမ်းဆီးထားတယ်လို့ ဇွန်လ ၅ ရက်က အသိပေးထုတ်ပြန်လာပါတယ်။ အဲ့ဒီအမှုဟာ AA ထိမ်းချုပ်နယ်မြေမှာ ဖြစ်ပေါ်ခဲ့တဲ့ အတွက် ULA/AA လက်အောက်မှာ…
နတ်ရေကန် ဆက်သွယ်ရေးစခန်းကြီး ကို AA သိမ်းပိုက်
ရခိုင်ရိုးမတွင်းက နတ်ရေကန်ဗျူဟာကုန်း အနီးက နတ်ရေကန် MPT တာဝါလို့ လူသိများတဲ့ ဆက်သွယ်ရေးစခန်းကို အာရက္ခတပ်တော်က မနေ့ည ပိုင်းက သိမ်းပိုက်လိုက်တယ် လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီရဲ့ MPT တာဝါကုန်းစခန်းကို AA ဘက်က မနေ့က ဇွန်လ ၃ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တစ်ယောက်က…