ဒီကနေ့ ဇွန်လ ၁၆ ရက်မှာတော့ ကျောက်ဖြူမြို့ နဲ့ အနီးဆုံးက ရပ်ကွက်တွေအထိ တိုက်ပွဲရဲ့သက်ရောက်မှုတွေရှိလာပြီး မြို့သိမ်းတိုက်ပွဲတွေ ဆီ ကို ဦးတည်လာပြီးလို့ ဒေသခံတွေ က သုံးသပ်ကြပါတယ်။
မြို့ပေါ်မှာရှိတဲ့ ကျောက်ဖြူလေဆိပ်နဲ့ ခလရ ၃၄ တပ်ရင်းတွေ အနီးကို အာရက္ခတပ်တော် ဘက်က လက်နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ၊ မြို့ပေါ်က စကစ ဂိတ်တွေ အပြင်အထန်ခံစစ်ပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“မြို့ပြင်ဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကနေ စစ်ကောင်စီ တွေ က ကျောက်ဖြူ မြို့ဘက်ကို ပြန်ပြေးလာကြတယ်၊ မြို့ထဲက တပ်တွေနဲ့ ပူးပေါင်းပြီးခံစစ်ပြင်နေတယ် ” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြို့တစ်ဖက် က ၃၂ ရဲတပ်ရင်းဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲတွေ နောက်ဆုတ်လာရာကနေ ၊ တိုက်ပွဲဟာ မြို့နဲ့ တဖြည်းဖြည်းနီးကပ်လာတာဖြစ်ပါတယ်။
ကျောက်ဖြူမြို့ တိုက်ပွဲတွေထဲကို စစ်ကောင်စီဘက်က အင်အားထောင်ချီပို့လွှတ်ပြီးမြို့မကျရေးခုခံနေတာဖြစ်ပါတယ်။
အာရက္ခတပ်တော် AA ဘက်ကလည်း မြို့ကို အဘက်ဘက်က ဝန်းရံထားပြီး တိုက်ပွဲတွေဟာ အရှိန်အမြင့်ဆုံးကိုရောက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“မြို့ပေါ်မှာတော့ ရုတ်ရုတ် သဲသဲဖြစ်နေပါတယ်၊ တော်တော်များများကတော့ မြို့က ထွက်သွားပါပြီ။ ကျန်တဲ့ သူတွေလည်း ထွက်လို့ရတဲ့နေရာက ထွက်ဖို့ပြင်နေကြပါတယ်။ ဘဏ်တွေ ဘာတွေ တစ်ခုမှအလုပ်မလုပ်တော့ပါဘူး ” လို့ ကျောက်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။
ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ် လက်အောက်ခံတပ်များ ၊ စကခ (၅) လက်အောက်ခံတပ်ရင်းများ ဖြစ်တဲ့ ခမရ ၅၄၃၊ ၅၄၂ ၊ အမှတ် (၁၇) ခြေလျှင်တပ်ရင်း လက်အောက်ခံ ခလရ ၄၃ နဲ့ ရဲတပ်ရင်း ၃၂ တို့ အထိုင်တပ်အနေနဲ့ ရှိနေတာဖြစ်ပါတယ်။
ဒါအပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်း ဉပဒေနဲ့ ခေါ်ယူထားတဲ့ စစ်သားအသစ်များစွာကို အသုံးပြုပြီး ကျောက်ဖြူရှေ့တန်းကို ပို့လွှတ်ထားတာဖြစ်ပါတယ်။
အမ်းချောင်းသူ ၊ လေးဝတီ FM
A convenient car catalog auto ae catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.
silver legacy casino
References:
hack.allmende.io