Tag: arakan army

ကျောက်ဖြူက ဘီလျံဒေါ်လာချီတဲ့ စီမံကိန်းကြီးတွေ AA ထိမ်းချုပ်နယ်မြေတွေအတွင်း ပိတ်မိတော့မှာလား
မြန်မာအာဏာရှင်တွေ နဲ့ လက်မှတ်ထိုးပြီး ဆယ်စုနှစ်ကြာအောင် အဆီအနှစ်တွေ သဲ့ ထုတ်ယူနေ တဲ့ ရခိုင်ကမ်းရိုးတန်းမှာအခြေစိုက်ထားတဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ တရုတ်စီမံကိန်းတွေဟာ ဒီကနေ့မှာတော့ အရင်ကလို သက်တောင့်သက်သာ သဲ့ထုတ်နေလို့မရတော့ပါဘူး။ အာရက္ခတပ်တော် AA က ကမ်းရိုးတန်း နဲ့ ရိုးမ တောင်တန်းတွေပါ မကျန် မြေလှန်ထိုးစစ်ဆင်နေပြီး တရုတ်နဲ့…

မောင်တော စစ်ပွဲကြားက မွတ်ဆလင်ပြည်သူ အချို့ကို AA ကယ်ထုတ်
အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ မောင်တော ဒေသခံ မွတ်ဆလင်များကို ကယ်ထုတ်နေစဉ်

စစ်တွေတွင် ရဲတစ်ဦး ဓားထိုးခံရပြီးနောက် စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားဖမ်းဆီးနေ
လူဇော် ရခိုင်ပြည် စစ်တွေမြို့မှာ ရဲတစ်ဦး ဓားထိုးခံရပြီး ဒဏ်ရာရရှိသွားပြီးတဲ့နောက်မှာ စစ်တွေမြို့ပေါ်က အရပ်သားတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဓားထိုးခံရတဲ့ရဲဟာ အစိုးရအဖွဲ့ရုံးအနီးမှာ အထိုးခံရတာဖြစ်ပြီးတော့ ထိုးတဲ့သူက စိတ်မနှံတဲ့သူလို့သိရပါတယ်။ ဓားနဲ့ထိုးသူကို ဖမ်းဆီးပြီးတော့ ရိုက်နှက်စစ်ဆေးတဲ့အခါ သူ့ရဲ့ထွက်ဆိုချက်အတိုင်း ရပ်ကွက်တချို့က သက်လတ်ပိုင်းလူတွေကို ဖမ်းဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။…

ဂွမြို့နယ်က အရေးကြီးစစ် ကောင်စီစခန်းတွေကို AA ထိုးစစ်ဆင်
ရခိုင်ပြည် ရဲ့ တောင်ဘက် အစွန်ဆုံးအနားသတ်မြို့ဖြစ်တဲ့ ဂွမြို့ ကိုသိမ်းပိုက်နိုင်ရေး အတွက် မနေ့ည နေပိုင်းက စတင်ပြီး ကျိန္တလီမှာ ရှိတဲ့ စစ်ကောင်စီ စခန်းတွေကို အာရက္ခတပ်တော် AA က စတင်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ "မနေ့က ည နေ ခြောက်နာရီလောက်မှာ AA က ကျိန္တလီက…

မောင်တောတွင် ပိတ်ပိနေသော အရပ်သားပြည်သူ ၁၃၀၀၀ ကျော် AA ကယ်ထုတ်
ရခိုင်ပြည် မောင်တောမြို့ကို အာရက္ခတပ်တော်မှ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီမှ မောင်တောမြို့ မကျစေရေးအတွက် ဒေသခံပြည်သူများကို ဖမ်းဆီးပိတ်လှောင်ကာ လူသားဒိုင်းကာပြုလုပ်ပြီး ခုခံနေကြောင်း သိရပါတယ်။ အဆိုပါ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသော ဒေသခံပြည်သူများထဲမှာ ၁၃၀၀၀ ကျော်ကို အာရက္ခတပ်တော်မှ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ မောင်တော်မြို့နယ်ရှိ ပန်းတောပြင်၊ ညောင်ချောင်း၊ ဗိုလ်မှူး…

ကျိန္တလီတွင် တိုက်ပွဲ ပြင်းထန်နေသဖြင့် ဂွမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ ထွက်ပြေး
ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့တွင် အာရက္ခတပ်တော် နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေသဖြင့် ဂွမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအားလုံးနီးပါး ထွက်ပြေးသွားကြောင်း သိရပါတယ်။ "ကျိန္တလီက ဂွမြို့နယ် အစ ဆိုတော့ အဲဒီမှာ တိုက်ပွဲဖြစ်နေပြီဆိုတော့ ဂွမှာ တိုက်ပွဲဖြစ်လာဖို့ မကြာတော့ဘူး။ အဲတော့ မြို့ခံအများစုက တိမ်းရှောင်သွားကြပြီ။ အခြေခံလူတန်းစားလောက်ပဲ…