Tag: arakan army
အမ်းမြို့မရဲစခန်းက နယ်ထိန်းအရာရှိ အပါအဝင် ၃ ဉီး စနိုက်ဘာ ထိမှန်သေဆုံး
ရခိုင်ပြည် ၊ အမ်း မြို့နယ် မြို့မရဲစခန်း မှ နယ်ထိန်းအရာရှိ တစ်ဉီးအပါအဝင် ၃ ဉီးဟာ အမ်းမြို့ အထွက် ပဲပဒုံ တံတားဂိတ် တိုက်ပွဲမှာ AA ရဲ့ စနိုက်ဘာ ကျည်ထိမှန်ပြီး နိုဝင်ဘာ ၁၁ ရက် ည ပိုင်းက သေဆုံးသွားတယ်လို့…
အမ်းမြို့ပေါ်မှာ ရပ်ကွက်တွေ အတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ခံစစ်ပြင်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ပေါ်က ဒေသခံတွေနေထိုင်တဲ့ ရပ်ကွက်တွေအတွင်းမှာ စစ်ကောင်စီဝင်ရောက်နေရာယူလာပြီး ကာကင်းတွေ ပြုလုပ်လာတဲ့အတွက် ဒေသခံတွေဟာ ကစဉ့်ကလျားနဲ့ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ အမ်းမြို့ အောက်ရွာရပ်ကွက်ထဲကို မနေ့ည နိုဝင်ဘာ ၁၃ ရက်ညပိုင်းက စစ်ကောင်စီတပ်သားတွေ စီးနင်းဝင်းရောက်ခဲ့ပြီး နေအိမ်အတွင်းက ကျေးရွာသားတွေကို မောင်းထုတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ "မနေ့ညနေ…
ရခိုင်ပြည်သိမ်း တိုက်ပွဲကြီး တစ်နှစ်ပြည့်ပြီ ။
ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ဟာ ရခိုင်ပြည်သိမ်းတိုက်ပွဲကြီး စတင်ခဲ့တဲ့ နှစ်ပတ်လည်တဲ့ ရက်ဖြစ်ပါတယ်။ အားလုံးသိကြတဲ့ အတိုင်း ဒီတိုက်ပွဲကို ရခိုင်ပြည်သူ ပြည်သားတွေကိုယ်စား အကောင်အထည်ဖော်နေသူကတော့ အာရက္ခတပ်တော် AA ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ "ရခိုင်ပြည်မှာ စစ်ကောင်စီ တစ်ယောက်မှ မကျန်စေရ" "အဂ်ါဂြိုလ်က လာတားလည်း…
လူ လှောင်အိမ်ထဲက ဘဝများကို လက်တွေ့ ကိုင်တွယ် ဖြေရှင်းခြင်း
တကယ်တော့ ကမ္ဘာကြီးဆိုတာ အုပ်စုဖွဲ့ပြီး တိုက်နေကြတဲ့ စစ်မြေပြင်တစ်ခုဖြစ်နေခဲ့တာကြာပြီ။ အမှန်အမှားဆိုတာ ကိုယ့်ဖက်က ဘယ်နှစ်ယောက်ရှိလဲ။ ကိုယ်အုပ်စုက ဘယ်လောက်တောင့်လဲ။ ကိုယ့်နောက် မှာ ကမ္ဘာ့ အင်အားကြီး အကောင်ကြီးတွေ ဘယ်နှစ်ယောက်ပါလဲ ဆိုတာအပေါ်မှာ မူတည်နေခဲ့တာလည်း ကြာခဲ့ပြီပေါ့။ ဥပမာ - အခု အစ္စရေးနဲ့ ဟစ္စဘိုလာ ဘယ်သူတွေကမှန်လဲ။…
မိုင်ရာချီတဲ့ “အမ်းရိုးမ ၊ အမ်းတောင်ကြားလမ်း” ကို ခြေလျှင်ကျော်ဖြတ် စစ်ရှောင်နေရ
ရခိုင်ပြည် အမ်းမြို့နယ်နဲ့ တောင်ကုတ်မြို့နယ် တို့ က ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ အမ်းရိုးမ ကို ခြေလျှင်ကျော်ဖြတ်ပြီး စစ်ရှောင်နေကြရတယ် လို့ သတင်းရရှိပါတယ်။ ရခိုင်ရိုးမတောကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ အမ်းတောင်ကြားလမ်း ရဲ့ ခြေလျှင်လမ်းပိုင်းတွေက ဖြတ်သန်းထွက်ခွာကြရပြီး ၆ ရက် ၇ ရက်အထိ ခြေလျှင်…
ကျောက်ဖြူက ဘီလျံဒေါ်လာချီတဲ့ စီမံကိန်းကြီးတွေ AA ထိမ်းချုပ်နယ်မြေတွေအတွင်း ပိတ်မိတော့မှာလား
မြန်မာအာဏာရှင်တွေ နဲ့ လက်မှတ်ထိုးပြီး ဆယ်စုနှစ်ကြာအောင် အဆီအနှစ်တွေ သဲ့ ထုတ်ယူနေ တဲ့ ရခိုင်ကမ်းရိုးတန်းမှာအခြေစိုက်ထားတဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ တရုတ်စီမံကိန်းတွေဟာ ဒီကနေ့မှာတော့ အရင်ကလို သက်တောင့်သက်သာ သဲ့ထုတ်နေလို့မရတော့ပါဘူး။ အာရက္ခတပ်တော် AA က ကမ်းရိုးတန်း နဲ့ ရိုးမ တောင်တန်းတွေပါ မကျန် မြေလှန်ထိုးစစ်ဆင်နေပြီး တရုတ်နဲ့…
မောင်တော စစ်ပွဲကြားက မွတ်ဆလင်ပြည်သူ အချို့ကို AA ကယ်ထုတ်
အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ မောင်တော ဒေသခံ မွတ်ဆလင်များကို ကယ်ထုတ်နေစဉ်
စစ်တွေတွင် ရဲတစ်ဦး ဓားထိုးခံရပြီးနောက် စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားဖမ်းဆီးနေ
လူဇော် ရခိုင်ပြည် စစ်တွေမြို့မှာ ရဲတစ်ဦး ဓားထိုးခံရပြီး ဒဏ်ရာရရှိသွားပြီးတဲ့နောက်မှာ စစ်တွေမြို့ပေါ်က အရပ်သားတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဓားထိုးခံရတဲ့ရဲဟာ အစိုးရအဖွဲ့ရုံးအနီးမှာ အထိုးခံရတာဖြစ်ပြီးတော့ ထိုးတဲ့သူက စိတ်မနှံတဲ့သူလို့သိရပါတယ်။ ဓားနဲ့ထိုးသူကို ဖမ်းဆီးပြီးတော့ ရိုက်နှက်စစ်ဆေးတဲ့အခါ သူ့ရဲ့ထွက်ဆိုချက်အတိုင်း ရပ်ကွက်တချို့က သက်လတ်ပိုင်းလူတွေကို ဖမ်းဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။…
ဂွမြို့နယ်က အရေးကြီးစစ် ကောင်စီစခန်းတွေကို AA ထိုးစစ်ဆင်
ရခိုင်ပြည် ရဲ့ တောင်ဘက် အစွန်ဆုံးအနားသတ်မြို့ဖြစ်တဲ့ ဂွမြို့ ကိုသိမ်းပိုက်နိုင်ရေး အတွက် မနေ့ည နေပိုင်းက စတင်ပြီး ကျိန္တလီမှာ ရှိတဲ့ စစ်ကောင်စီ စခန်းတွေကို အာရက္ခတပ်တော် AA က စတင်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ "မနေ့က ည နေ ခြောက်နာရီလောက်မှာ AA က ကျိန္တလီက…
မောင်တောတွင် ပိတ်ပိနေသော အရပ်သားပြည်သူ ၁၃၀၀၀ ကျော် AA ကယ်ထုတ်
ရခိုင်ပြည် မောင်တောမြို့ကို အာရက္ခတပ်တော်မှ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီမှ မောင်တောမြို့ မကျစေရေးအတွက် ဒေသခံပြည်သူများကို ဖမ်းဆီးပိတ်လှောင်ကာ လူသားဒိုင်းကာပြုလုပ်ပြီး ခုခံနေကြောင်း သိရပါတယ်။ အဆိုပါ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသော ဒေသခံပြည်သူများထဲမှာ ၁၃၀၀၀ ကျော်ကို အာရက္ခတပ်တော်မှ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ မောင်တော်မြို့နယ်ရှိ ပန်းတောပြင်၊ ညောင်ချောင်း၊ ဗိုလ်မှူး…