တကယ်တော့ ကမ္ဘာကြီးဆိုတာ အုပ်စုဖွဲ့ပြီး တိုက်နေကြတဲ့ စစ်မြေပြင်တစ်ခုဖြစ်နေခဲ့တာကြာပြီ။ အမှန်အမှားဆိုတာ ကိုယ့်ဖက်က ဘယ်နှစ်ယောက်ရှိလဲ။ ကိုယ်အုပ်စုက ဘယ်လောက်တောင့်လဲ။ ကိုယ့်နောက် မှာ ကမ္ဘာ့ အင်အားကြီး အကောင်ကြီးတွေ ဘယ်နှစ်ယောက်ပါလဲ ဆိုတာအပေါ်မှာ မူတည်နေခဲ့တာလည်း ကြာခဲ့ပြီပေါ့။
ဥပမာ – အခု အစ္စရေးနဲ့ ဟစ္စဘိုလာ ဘယ်သူတွေကမှန်လဲ။ ယူကရိန်းနဲ့ ရုရှား ဘယ်သူတွေကမှားလဲ။ လက်ရှိဖြစ်ရပ်တစ်ခုတည်းအပေါ်မှာချည်းပဲ ကြည့်လို့ဆုံးဖြတ်လို့ မရနိုင်ဘူး။ နောက်ခံအကြောင်းတရားတွေ ရယ်၊ အခုဖြစ်ရပ်နဲ့လုပ်ဆောင်မှုတွေကြောင့် သက်ရောက်လာမယ့်အနာဂတ်အကျိုးစီးပွားတွေနဲ့လည်း သက် ဆိုင်နေတယ်။
ရခိုင်ပြည်အနောက်ဘက်အခြမ်း က ရိုဟင်ဂျာလူနည်းစု အဖွဲ့ တွေရဲ့ ကိစ္စမှာလည်း ဒေသတွင်းနဲ့ မြေပြင်အခြေအနေမှန်တွေ၊ တကယ့်သမိုင်း မှန်နောက်ခံတွေနဲ့ လက်တွေ့မှာ တကယ်ဦးတည်သင့်တဲ့ ခေါင်းစီးတွေကိုလျစ်လျူရှုပြီး ဒေသတွင်း မတည် မငြိမ်ဖြစ်ရင်ပြီးရော၊ ဥပမာ- တရုတ်အဆင်မပြေရင်ပြီးရောစသည်ဖြင့် ကိုယ့်အကျိုးစီးပွားအတွက် မျက်စိ မှိတ်ပြီး ကုန်းအော်နေကြတာ ကြာခဲ့ပေါ့။
အဲဒီအတွက် တကယ်ပေးဆပ်ပြီး တကယ်ဒုက္ခရောက်နေသူတွေက အဲဒီဒေသက လူ့အဖွဲ့အစည်းတွေပဲဖြစ်တယ်။
အရင်ကတည်းက တွေးမိတာရှိတယ်။ အမှုအခင်းတစ်ခု တရားရုံးကို ရောက်လာတယ် ဆိုရင်တောင် မှ နှစ်ဖက်ကြားနာမှုတွေ လုပ်ရတာပဲ။ တရားခံလို့ စွပ်စွဲခံရသူတွေတောင်မှ ဥပဒေအရ ခုခံချေပခွင့်တွေ ပေး ကြရသေးတာပဲ။ ဒါပေမယ့် ရိုဟင်ဂျာဆိုပြီး ဝိုင်းလော်နေကြတဲ့ ကိစ္စမှာ အဲဒီဝိုင်းလော်နေကြသူတွေနဲ့ ကမ္ဘာ့ အဖွဲ့အစည်းရယ်လို့ ကိုယ့်ကိုယ်ကို ဟန်လုပ်အားတင်းနေကြရတဲ့အဖွဲ့တွေမှာလည်း နားတစ်ဖက်ပဲ ရှိနေခဲ့ကြတယ် ဆိုတာ လက်တွေ့ အဖြစ်အပျက်တွေက သက်သေဖြစ်နေခဲ့ပြီ။
တစ်ကယ်တော့ ဒီကိစ္စဟာ အမည်နာမ ပြဿနာတစ်ခုတည်း မဟုတ်ဘူး (တစ်ခါတစ်ခါ )အမည်နာမ သက်သက်တွေတောင် လက်ခံနိုင်ဖို့ ခဲယဉ်းကြသေးတာ။ Burma နဲ့ Myanmar ဆိုတာတောင် အခုထိ မကျေ လည်နိုင်သေးတာ။ အခုက နာမည်ကိစ္စတစ်ခု သက်သက်လည်း မဟုတ်ဘူး။ နိုင်ငံသားဖြစ်လိုမှုလောက် လည်းပဲ မဟုတ်ဘူး။ နယ်မြေတွေ ရယူချင်ရုံအဆင့်လောက်လည်းပဲ မဟုတ်ဘူး။ ကိုးကွယ်ရာ ဘာသာတရား တွေ ပြန့်ပွားစေချင်တာထက်လည်း မကဘူး။ ဒီကိစ္စဟာ နောက်လူမျိုးတစ်မျိုးရဲ့ ဖြစ်တည်မှု ဂုဏ်သိက္ခာတွေနဲ့ တိုက်ရိုက်ပတ်သက်တယ်။
ရာဇဝင်သမိုင်းကြောင်း အထောက်အထားတွေနဲ့တိုက်ရိုက်သက်ဆိုင်တယ်။ ဒီကိစ္စ ဟာ win-win game မဟုတ်ဘူး။ see-saw game ပဲဖြစ်နေတယ်။ တစ်ဖက်ကို အမှန်လို့သတ်မှတ်လိုက်တာနဲ့ တစ်ဖက်က လူမျိုးဖြစ်တည်မှုပါ ပျောက်ရမယ့် ကိစ္စ ဖြစ်တယ်။
ဒီနေရာမှာ သမိုင်းဆိုင်ရာ အထောက်အထားတွေနဲ့ ကိုယ်တိုင်ပါဝင် ငြင်းခုံဖို့ မရည်ရွယ်ထားဘူး။ ဒါ ပေမယ့် ဗြိတိသျှခေတ်က မှတ်တမ်းတွေ၊ ဗြိတိသျှခေတ်နောက်ပိုင်း မှတ်တမ်းတွေ၊ ဗြိတိသျှခေတ်မတိုင်မီက မှတ်တမ်းတွေနဲ့ ခိုင်မာတဲ့ သမိုင်းဆိုင်ရာ ကျောက်စာ၊ အဆောက်အဦတွေ စသည်ဖြင့် အရေးဆိုမှုတွေ၊အငြင်း ပွားမှုတွေအပေါ် အဆုံးအဖြတ်ပေးနိုင်တဲ့ အထောက်အထားတွေကို လျစ်လျူရှုပြီး တစ်ဖက်ထဲကိုဇောင်းပေး ပြီး ပြောဆိုနေကြတာတွေဟာ နောက်တစ်ဖက်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပစ်ပယ်လိုက်တာပဲ ဖြစ်တယ်။
ဒါကို လူသားချင်းစာနာမှုတို့၊ လူ့အခွင့်အရေးတို့လို့ မခေါ်နိုင်တော့ဘူး။ အမှန်အမှားမသိဘဲ ဘက် လိုက်မှု၊ လူမျိုးတစ်မျိုးရဲ့ ၊ သမိုင်းကြောင်း၊ ဖြစ်တည်မှုနဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးလိုမှုပဲ ဖြစ်သွားမယ်။
ဒေသတစ်ခုအတွင်းမှာ ပဋိပက္ခဖြစ်ပွားကြရတဲ့အခါ ထိခိုက်နစ်နာရမှုတွေ၊ သေကြေ ပျက်စီးဆုံးရှုံး ရမှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ မလုံခြုံမှုတွေကို နှစ်ဖက်စလုံးက ခံစားကြရပေမယ့် အဲဒီအတွက် ဝမ်းနည်း ကြောင်းပြောဆိုမှုတွေ၊ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေကို တစ်ဖက်တည်းကိုပဲ အသိအမှတ်ပြုသလိုမျိုး လုပ်ဆောင်နေမှုတွေဟာလည်း ကမ္ဘာကြီးကို ကောင်းသောအရွေ့တစ်ခုဆီသို့ မဦးတည်စေတဲ့အပြင် မျှတတဲ့ ရလာဒ်တစ်ခုကိုလည်း မထွက်ပေါ်လာစေပါဘူး။
တစ်ဖက်နဲ့တစ်ဖက် အမြင်မကြည်လင်မှုတွေ၊ သံသယတွေ၊ မုန်းတီးမှုတွေ၊ အာဃာတတွေနဲ့
မတည် ငြိမ်မှု၊ မငြိမ်းချမ်းမှုတွေကိုပဲ ပိုပြီးဖြစ်ပေါ်စေမှာ ဖြစ်တယ်။ ဒါပေမယ့် ဒီနှစ်ဖက်လူ့အဖွဲ့အစည်းတွေကြားထဲ မှာ ဝင်ရောက်စွက်ဖက်ပြီး လူသားချင်းစာနာမှုတွေ၊ လူ့အခွင့်အရေးတွေကို တွင်တွင်ပြောနေတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေရဲ့ ရည်ရွယ်ချက်က
ဒေသတွင်း ဒီလိုမတည်မငြိမ်မှုတွေကို ကြာနိုင်သမျှ ကြာရှည်မျောနေစေဖို့နဲ့ သိန်းချီတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုကို ဒုက္ခသည်စခန်းထဲမှာ ကြာရှည်လှောင်ပိတ်ထားပြီး ကိုယ့်ရဲ့နိုင်ငံရေး အကျိုးအမြတ်လောက်ပဲရဖို့ ရည်ရွယ်တယ်ဆိုရင်တော့လည်း နောက်ထပ်ပြောစရာလည်း
ရှိမယ်တော့မဟုတ် လောက်ဘူး။
ကမ္ဘာ့အရေးအခင်းဖြစ်စဉ်တွေကို ကြည့်ကြမယ်ဆိုရင် ဒီလိုမျိုးကိစ္စတွေကို တကယ်အဆုံးအဖြတ် ပေးနိုင်တဲ့ အဖွဲ့အစည်း၊ နိုင်ငံတွေ ရှိလို့လား။ အဲဒီလိုရော ဆုံးဖြတ်ပိုင်ခွင့်ရှိလို့လား။ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စတွေကိုလည်း ဥပမာ – ကုလသမဂ္ဂရဲ့ ဒီလုံခြုံရေးကောင်စီနိုင်ငံအနည်းငယ်လောက်ကလေးက ဆုံး ဖြတ်ကြတာတွေ၊ ဗီတိုသုံးကြတာတွေဟာ တကယ်ရော တရားမျှတမှုရှိလို့လား။ ဒီဗီတိုနိုင်ငံတွေရဲ့ အုပ်စုထူ ထောင်မှုအတွက်ပဲ အသုံးချခံနေရတာလား။
ဒီလိုဆုံးဖြတ်ကြတာတွေကိုလည်း ဘယ်လောက်လိုက်နာမှုတွေ ရှိကြလို့လဲ။ ဒါတွေဟာ အခုနောက်ပိုင်းမှာ ကမ္ဘာ့နိုင်ငံတွေကြားထဲကနေ ထွက်ပေါ်လာနေတဲ့ အသံတွေဖြစ်ပါ တယ်။
ပဋိပက္ခကို တကယ်လက်တွေ့ဖြေရှင်းရေးအတွက် ဦးတည်တယ်ဆိုရင် ပထမဆုံးလုပ်သင့်တာက အဲဒီဒေသကို လက်ရှိထိန်းချုပ်အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းကို တရားဝင်အသိအမှတ်ပြု ဆက်ဆံပြီး အဲဒီအဖွဲ့ အစည်းနဲ့ဆွေးနွေးရေးဆိုတဲ့ လမ်းကြောင်းကနေ ချဉ်းကပ်ကြရမှာပဲဖြစ်တယ်။ အဲဒါဆိုရင်တော့ လက်တွေ့ကျ တဲ့ ဖြေရှင်းရေးလုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်တာမည်ပါမယ်။ ကမ္ဘာကြီးရဲ့ လက်ရှိဖြစ်ပျက်နေမှုတွေကို ကြည့်ရင် နယ်မြေတစ်ခုမှာ လက်ရှိနေထိုင်ကြတဲ့သူတွေ၊ လက်ရှိထိန်းချုပ်ထားတဲသူတွေ၊ လက်ရှိအုပ်ချုပ်ရေးကို ထူထောင်ထားတဲ့သူတွေက လက်တွေ့အားဖြင့် စီမံ
ပိုင်ခွင့်ရှိသူတွေဖြစ်တယ်။
ကျန်တာတွေက နောက်မှရှင်းကြရတာမျိုးတွေဖြစ်ပြီး ကမ္ဘာ့အုပ်စုတွေ ပြိုင်ဆိုင်မှု ကြားထဲမှာ ဘယ်လောက် ကြာရှည်မျောနေကြမယ်ဆိုတာ မပြောနိုင်တဲ့ အနေအထားတွေဖြစ်ပါတယ်။ ဥပမာ – အခု အစ္စရေးနိုင်ငံ ပိုင်နက်တွေထဲမှာ ပါလက်စတိုင်းနယ်မြေတွေ ပါနေသည်ဖြစ်စေ၊ ဒါမှမဟုတ် ပါလက် စတိုင်းနယ်မြေတွေဆိုတာ ရှေးသမိုင်းကြောင်းတွေအရ အစ္စရေးနယ်မြေတွေဖြစ်သည်ဖြစ်စေ၊ လက်ရှိထိန်းချုပ် ရယူ အုပ်စိုးနေတဲ့သူတွေက လက်တွေ့ပိုင်ဆိုင်နေကြတာပဲဖြစ်တယ်။
အခု ရိုဟင်ဂျာအမည်ခံသူတွေရဲ့ ကိစ္စဆိုရင်လည်း ရခိုင်ပြည်ကို လက်တွေ့စီမံအုပ်ချုပ်နေတဲ့ အာရက္ခ တပ်တော်နဲ့ ဆွေးနွေးရမှာပဲဖြစ်တယ်။ အဲလိုအသိအမှတ်ပြုပြီး မဆွေးနွေးဘူးဆိုရင် ရခိုင်ပြည်ဟာ မြန်မာ ပြည်ထောင်စုထဲက တရားဝင်ခွဲထွက်ပြီး နိုင်ငံထူထောင်ထားတဲ့
နိုင်ငံတစ်ခုမဟုတ်တဲ့အတွက် မြန်မာပြည် ထောင်စုအစိုးရအဖွဲ့ ပေါ်ပေါက်လာအောင် စောင့်ကြရမှာဖြစ်တယ်။
မြန်မာပြည်ထောင်စုအစိုးရအဖွဲ့ဆိုတာကလည်း အခု စစ်ကောင်စီကိုရော၊ NUG ကိုရော ဆိုလိုတာ မဟုတ်ဘဲ တန်းတူညီမျှမှုနဲ့ အသစ်ပြန်လည်ဖွဲ့စည်းကြမယ့် မြန်မာပြည်ထောင်စုအသစ်ကို ဆိုလိုတာဖြစ် တယ်။ လက်ရှိမြေပြင်အခြေအတွေအရ အဲလိုဖြစ်လာဖို့ဆိုတာ စစ်ကောင်စီကို
အပြုတ်မတိုက်နိုင်သေးတာ ရယ်၊ ရှမ်းပြည်ထဲက ပြဿနာတွေရယ်လောက်နဲ့ပဲ နောက်ထပ် ဘယ်လောက်ကြာနေဦးမယ်ဆိုတာ တွက် ကြည့်နိုင်တယ်။
ဥပမာ – ဒီ ရိုဟင်ဂျာ ဆိုတဲ့ အမည်သုံးစွဲမှုနဲ့ သူ့ရဲ့နောက်ခံပြုထားတဲ့ သမိုင်းကြောင်းတွေအပေါ်မှာ ၂၀၁၅ -၂၀၂၀ မြန်မာပြည် ဒီမိုကရေစီ
အရပ်ဖက်အစိုးရလက်ထက်အထိ တရားဝင်လက်ခံခြင်း၊ အသိအမှတ် ပြုခြင်းမျိုးတွေ မရှိခဲ့ပါဘူး။ ဒီတော့ မြန်မာပြည်ဟာ အခုအခါ စစ်အာဏာသိမ်းပြီးအုပ်စိုးနေမှုကို သူကိုယ်တိုင် တော်လှန်နေကြရပြီး တိုင်းပြည်ဖရိုဖရဲဖြစ်နေတဲ့ အချိန်ဖြစ်တယ်။ ဒါတွေကို ပြန်လည်စုစည်းဖို့၊
ပြည်ထောင်စု ဖွဲ့စည်းပုံပေါ်ပေါက်လာဖို့ အများကြီး အချိန်တွေ ယူကြရဦးမှာပဲဖြစ်တယ်။
ဒီတော့ အာရက္ခတပ်တော် ဒါမှမဟုတ် အာရက္ခပြည်အစိုးရအနေနဲ့ ဒါတွေဟာ ပြည်ထောင်စုတစ်ခု လုံးတဲ့ သက်ဆိုင်တဲ့ကိစ္စတွေဖြစ်တာကြောင့် ပြည်ထောင်စုအစိုးရစစ်စစ် ပေါ်ပေါက်လာတဲ့အထိ စောင့်ရမယ် လို့ပြောလိုက်တာနဲ့ ဒီကိစ္စဟာ နောက်ထပ်နှစ်ပေါင်းများစွာ
ဆက်မျောနေဦးမှာပဲ ဖြစ်တယ်။
အဲဒီအတောအတွင်းမှာ ဘင်္လားဒေ့ရှ်ကမ်းဘက်က ဒုက္ခသည်စခန်းက လူ့အသိုင်းအဝိုင်းဟာ လူ့အခွင့် အရေးလို့ အော်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားခေါင်းစီးအောက်မှာ တကယ်ရသင့်တဲ့ လူ့အခွင့် အရေးတွေ ပျောက်ဆုံးနေကြရဦးမှာပဲဖြစ်တယ်။
ဆိုချင်တာကဘယ်သူတွေမှန်တယ်၊ မှားတယ်ဆိုတာ ခဏ ထားလို့ နေထိုင်ရေး၊ စားသောက်ရေး၊ ပညာသင်ကြားရေး၊ ကျန်းမာရေး၊ လွတ်လပ်မှုနဲ့ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တွေ ရဲ့ အသုံးချခံအဖြစ်တွေကနေ လွတ်မြောက်မှုတွေ ဆုံးရှုံးရပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ
ထိခိုက်ခံစားရမှု၊ လိင်ပိုင်းဆိုင်ရာ ကျူးကျော်ခံရမှုနဲ့ မလုံခြုံမှုတွေကြားထဲမှာ နှစ်ပေါင်းများစွာ ဆက်ပြီး နေထိုင်ကြရဦးမှာပဲဖြစ်တယ်။
လူ့အခွင့်အရေးကို အသံအကျယ်ကြီးပြောဆိုနေကြတဲ့ ဘယ်နိုင်ငံကမှလည်း လက်တွေ့အားဖြင့် သူတို့နိုင်ငံတွေဆီ ခေါ်ယူကြမှာလည်း မဟုတ်ပါဘူး။
နောက်တစ်ချက်က အခုမောင်တောတို့ ဘူးသီးတောင်တို့မှာ၊ ဘင်္ဂလားဒေ့ရှ်ဘက်ကမ်းက ဒုက္ခသည် စခန်းတို့မှာ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက် အဖွဲ့တွေခိုအောင်းပြီး ငြိမ်းငြိမ်းချမ်းချမ်းနေလိုကြတဲ့ သူတို့ လူမျိုးတွေကိုရော၊ ရခိုင်လူမျိုးနဲ့ လူမျိုးစုတွေကိုရော
လက်နက်ကိုင်အကြမ်းဖက်မှုတွေ ကျုးလွန်နေကြတာ တွေကို မသိချင်ယောင်ဆောင်နေကြတာမျိုးတွေဟာလည်း ပဋိပက္ခကို ငြိမ်းသွားမှာစိုးလို့ မီးဆက်ထိုးပေးရာ ရောက်နေတယ်။
ဒါတွေဟာလည်း ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အမှန်အတိုင်း ဖော်ထုတ်ကြရမယ့် ကိစ္စတွေဖြစ်တယ်။ မြေပြင်အခြေအနေတွေအရဆိုရင် ရခိုင်ပြည်ထဲမှာ အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အတူနေထိုင်နေကြတဲ့ ဒီအသိုင်းအဝိုင်းနှစ်ခုကြားမှာ ပဋိပက္ခအသံမျိုးတွေ မကြားရသလောက်ဘဲ ဖြစ်တယ်။ ဗမာအစိုးရအဆက်ဆက် လွတ်လပ်စွာနေ ထိုင်ခွင့်တွေ ဆုံးရှုံးခဲ့ရပြီး အခုအချိန်မှာ အာရက္ခပြည်သားတွေအဖြစ် လွတ်လပ်တဲ့ အခွင့်အရေးတွေ ရရှိကြလို့ ကျေနပ်နေကြတဲ့အသံတွေပဲ ကြားနေရတာရှိတယ်။ အထူးသဖြင့် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင် စတဲ့ဒေသတွေမှာ ရိုဟင်ဂျာအမည်ခံ သူတွေဟာ အာရက္ခတပ်တော်က လက်ရှိတည်ထောင်နေတဲ့ အားလုံးပါဝင်တဲ့
အုပ်ချုပ်ရေးထဲမှာ ပါဝင်လာကြ တာတွေကို တွေ့လာရတယ်။
ဘူးသီးတောင်၊ မောင်တော ဒေသတွေမှာတော့ တစ်ချို့ရိုဟင်ဂျာမူဆလင် အမည် ခံသူတွေဟာ RSO တို့ ARSA တို့လိုမျိုး
မူဆလင်အစွန်းရောက် လက်နက်ကိုင်အုပ်စုတွေရဲ့ လွှမ်းမိုးမှုအောက် တွေမှာ လူမျိုးရေးအစွန်းရောက် မှု မှိုင်း မိနေကြတာတွေလည်း ရှိတယ်။
၂၀၂၀ နောက်ပိုင်းအခင်းအကျင်းကို စဉ်းစားတဲ့နေရာမှာ ဝီရသူတို့ ဦးဆောင်ခဲ့တဲ့ ဘာသာရေးအစွန်းရောက်တွေ က မွတ်ဆလင်တွေ အပေါ် ခွဲခြားဆက်ဆံမှုတွေ နဲ့ သွားချိန်ထိုးနေ အုံးမယ် ဆိုရင် ဒါဟာ တော်တော် နှံ့စပ်မှု အားနည်းနေပြီလို့ ထောက်ပြရမှာဖြစ်တယ်။ ဒါမှ မဟုတ် လူ့အခွင့်အရေး ခွဲခြားမှုကြီး လို့လည်း ဆိုနိုင်တယ်။
ဆိုလိုချင်တာက ရခိုင်ပြည်ထဲမှာရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်အသိုင်းအဝိုင်းတွကြားထဲမှာ ဒီလူ့ အဖွဲ့အစည်းနှစ်ခုဟာ
ရေရှည်ပေါင်းစည်း နေထိုင်သွားကြရမယ်ဆိုတဲ့အချက်နဲ့ လက်ရှိအာရက္ခတပ်တော်ဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးကိုအလိုရှိပြီး အုပ်ချုပ်ရေးမှာကအစ အားလုံးပါဝင်ရေးကို လုပ်ဆောင် နေတယ် ဆိုတဲ့အချက်တွေအပေါ်မှာ သဘောပေါက်နားလည်လက်ခံလာမှုတွေက များလာတယ်။
တကယ် တမ်းကျရင် ကိုယ့်ဒေသက၊ ကိုယ့်အချင်းချင်းကြားက ပြဿနာကို ဘယ်သူကမှ တကယ်ဂရုစိုက်တာ မဟုတ် ဘူး။ အချင်းချင်းမညှိကြရင် ဒီလူတွေပဲ နစ်နာကြရပြီး ကျန်တဲ့သူတွေက နိုင်ငံရေးနဲ့ ငွေကြေးအကျိုးအမြတ် ရသွားတာပဲ အဖတ်တင်တယ်ဆိုတာကို
သဘောပေါက်လာကြပြီလို့ ဆိုနိုင်တယ်။
ပြီးတော့ ရိုဟင်ဂျာ / မူဆလင်တွေအနေနဲ့ ပထမဆုံး တကယ်ရသင့်တာက နိုင်ငံသားဖြစ်ရေး၊ နိုင်ငံသား အခွင့်အရေးကို အမှန်တကယ် ရရှိရေးဖြစ်တယ်။ အာရက္ခပြည်မှာမွေး အာရက္ခပြည်မှာကြီးလာတဲ့ အာရက္ခပြည်သား မူဆလင်တွေဟာ အာရက္ခပြည်အပေါ်သစ္စာစောင့်သိရင် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရလာမှာပဲဖြစ်တယ်။
ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်တွေနဲ့ အဲဒီအပေါ်မှာ နာမည်ခံလုပ်စားနေကြသူ တွေရဲ့ သွေးထိုးမှုတွေကြောင့် မတန်တဆ အခွင့်အရေးတွေ အရေးဆိုလာခဲ့ကြပေမယ့် အခုထိ အဲဒီမတန်တဆ အခွင့်အရေး တွေကိုထားလို့ နိုင်ငံသားတောင် မဖြစ်ကြရသေးဘဲ အကျယ်ချုပ်ထဲပိတ်မိပြီး
အသုံးချခံတွေအဖြစ်နဲ့ အခွင့် အရေးတွေ ဆုံးရှုံးနေကြရတာ နှစ်ပေါင်း (၇၀) မကတော့ဘူး။ ဒါတွေဟာ တက်ကြွလှုပ်ရှားသူတွေ အတွက် နှစ်စဉ် စီမံကိန်းတွေ ဆိုပေမယ့် အဲ့ဒီလူလှောင်အိမ်ထဲက လူတွေက မျိုးဆက်တွေ တဆက်ပြီး တဆက် စတေးခံနေရတာဖြစ်တယ်။
အခုဆိုရင် အာရက္ခပြည်အစိုးရ လက်ထက်မှာ အာရက္ခပြည်သားဖြစ်ဖို့၊ နိုင်ငံသားဖြစ်ဖို့၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ အာရက္ခပြည်ထဲက အခြားလူမျိုးစုတွေနဲ့အတူ ငြိမ်းချမ်းစွာ၊ သဟဇာတဖြစ်စွာ နေထိုင်ကြဖို့ အခွင့်အလမ်းတွေ ပေါ်လာပြီဖြစ်တယ်။ ဒါကိုဒီခေါင်းစဉ်ကိုအသုံးချပြီး ကိုယ်ကျိုးအတွက် လုပ်နေကြသူတွေ ကတော့ မလိုလားကြလောက်ဘူး။
ဒါကြောင့် အာရက္ခပြည်ထဲက ရိုဟင်ဂျာ၊ မူဆလင်တွေရော၊ ဒုက္ခ သည်စခန်းက ရိုဟင်ဂျာ၊မူဆလင်တွေရော လက်တွေ့ကျတဲ့ အခွင့်အရေးကို သဘောပေါက်ဖို့လို ပါတယ်။
ဒီတော့ လူသားချင်းစာနာမှုဆိုင်ရာ၊ လူ့အခွင့်အရေးဆိုင်ရာတွေကို ပြောကြမယ်ဆိုရင် ပဋိပက္ခကြား ထဲက နှစ်ဖက်စလုံးဟာ လူ့အဖွဲ့အစည်းတွေဖြစ်ကြတဲ့အတွက် တရားမျှတမှုရှိတဲ့ ဆွေးနွေးမှုရလဒ်တွေ ထွက် မလာသေးခင်မှာ တစ်ဖက်အဖွဲ့အစည်းတွေကိုပဲ လူ့အခွင့်အရေးဆိုင်ရာ
ဘက်လိုက်မှုတွေ မလုပ်ကြဖို့လို တယ်။ နှစ်ဖက်စလုံးက လက်နက်ကိုင် အကြမ်းဖက်မှုတွေ မလုပ်ကြဖို့လိုတယ်။ အကယ်၍ နှစ်ဖက်စလုံးက ဒီ လူ့အဖွဲ့အစည်းတွေအပေါ်မှာ အကြမ်းဖက်မှုတွေလုပ်ကြရင် နှစ်ဖက်စလုံးကို ကန့်ကွက်ကြဖို့လိုတယ်။
ဒီပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းကြတဲ့အခါ ဒါမှမဟုတ် ဝင်ရောက်စွက်ဖက်ကြတဲ့အခါ နှစ်ဖက်အသိုင်း အဝိုင်း၊ နှစ်ဖက်လူ့အဖွဲ့အစည်းတွေကို တရားဝင်ပြောခွင့်တွေ ပေးဖို့လိုတယ်။ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေ နဲ့ နှစ်ဦးနှစ်ဖက်ပါဝင်တဲ့ ဆွေးနွေးမှုတွေလုပ်ကြဖို့လိုတယ်။
ဆွေးနွေးကြတဲ့အခါလည်း ဒုက္ခသည်စခန်းထဲမှာ၊ အာရက္ခပြည်ထဲမှာ လှောင်ပိတ်ခံနေကြရတဲ့ တကယ်လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ ဘဝမျိုးကနေ လွတ် လပ်တဲ့နိုင်ငံသားဖြစ်ရေးလိုမျိုး လက်တွေ့ဆန်ပြီး လက်ငင်းအကောင်အထည်ပေါ်နိုင်တဲ့ ကိစ္စမျိုးတွေကို ဦး တည်ဖို့လိုပါတယ်။
မဟုတ်ရင် ဒီကိစ္စဟာ ကိုယ်ကျိုးစီးပွားအတွက် လုပ်စားလို့ကောင်းတဲ့ လူလှောင်အိမ် တစ်ခုအဖြစ် အနေနဲ့ပဲ သက်ဆိုးရှည်နေမှာဖြစ်ပါတယ်။
နေထက်မိုးဇော်သည် နိုင်ငံရေး ဆောင်းပါးများရေးသားသည့် နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဉီးဖြစ်သည်။
Интернет магазин ковров в Краснодаре предлагает широкий ассортимент продукции для любого интерьера.
Ковры со скидкой
Все товары отличаются высоким качеством и долговечностью, что делает покупку выгодной.
slots inferno
References:
http://www.google.co.bw
Популярное место среди любителей онлайн казино http://www.dwise.co.kr/bbs/board.php?bo_table=free&wr_id=729362
https://universe-news.ru/fullnews/7634979/medvedev-i-rublev-vstretilis-v-finale-mastersa-v-majami-rossijskij-tennis-triumfiruet.html
I usually compare westace casino/ by looking at free spins promos, slot tournaments, and featured games on the homepage. Note 2169.
https://maps.google.nr/url?q=https://www.montessorijobsuk.co.uk/author/shelbycruz24/
https://matras-promtex.ru/
Sur realz-casino-99.fr, realz casino apparait dans les differentes sections de jeux, ce qui attire l’attention assez rapidement. Je fais aussi attention a la vitesse de chargement et a la simplicite des menus. Une interface bien pensee rend l’experience beaucoup plus agreable. C’est un point que je regarde toujours.
Franchement session nocturne sur https://lionemellio.pointblog.net/hugo-bets-casino-ce-qu-il-faut-savoir-sur-cette-nouvelle-plateforme-de-jeux-en-ligne-92299313 pour voir les offres VIP, le catalogue reste varie avec prudence. Je regarde surtout les conditions de retrait avant de jouer.
Beaucoup regardent blackjack rapide sur https://www.magazzinisonori.com/index.php/component/kunena/welcome-mat/55198-nouveau-casino-top avec une interface fluide.