Tag: arakan army
ဂွမြို့ အနီး လောင်းကျိုးကမ်းခြေ အထိ AA သိမ်းပိုက်ပြီး
ရခိုင်ပြည် တောင်ဘက် အစွန်ဆုံး က ဂွမြို့ကို ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော် စစ်ကြောင်းဟာ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်မှာ လောင်းကျိုးကမ်းခြေ ကို သိမ်းပိုက်ပြီးဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ် ဆီက သိရပါတယ်။ အာရက္ခတပ်တော်ဟာ သံတွဲမြို့နယ်ဘက်ကနေ စတင်ပြီး ဂွမြို့ကို သံတွဲ-ဂွလမ်းပိုင်းအတိုင်း ထိုးစစ်ဆင်လာပြီး စစ်ကောင်စီတပ်တွေ…
မောင်တောနခခ( ၅) ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပိတ်ဆို့တိုက်ခိုက်(မြို့သူကြီးတပ်ရင်းက ထွက်ပြေးလာတဲ့ စကစ တပ်သားအချို့ကို AA ဖမ်းဆီးထား)
ရခိုင်ပြည် အနောက်ဘက်အခြမ်းက နယ်စပ်မြို့တစ်ခုဖြစ်တဲ့ မောင်တောနယ်စပ်မှာ ကို အပြီးသတ်ထိမ်းချုပ်နိုင်ရေးအတွက် အာရက္ခတပ်တော်ဟာ မောင်တော နခခ(၅) ကို လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။ အခု လိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေတဲ့ အတွက် အဲ့ဒီတပ်ရင်းထဲက ရဲတပ်သား ၁၀ ဉီးကျော်ဟာ စစ်ပွဲအတွင်းက ထွက်ပြေးလာကြပြီး…
အမ်းနပခ ဌာနချုပ် ထဲ လေကြောင်းက လာချတဲ့ ရိက္ခာအမြောက်အများ AA ထပ်မံ ရရှိ
အမ်းနပခဌာနချုပ် ထဲ မှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေ အတွက် စစ်ကူနဲ့ ရိက္ခာတွေကို လေကြောင်းက နေ့ရောညပါ ပို့ဆောင်နေ ပြီး အဲ့ဒီ ရိက္ခာတွေ တွေကို AA က ထပ်မံသိမ်းဆည်း ရရှိတယ်လို့ သိရပါတယ်။ အမ်းနပခဌာနချုပ်ထဲမှာ စစ်ကောင်စီ ပူးပေါင်းတပ်တွေ ဟာ စုပေါင်း…
တောင်ကုတ်မြို့က ခိုးမှုများကို ဖြေရှင်းနေ ၊ ပစ္စည်းတွေကို ပိုင်ရှင်ထံပြန်ပေးမယ်လို့ AA ဂတိပြု
ရခိုင်ပြည်တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ပြင်းထန်ပြီးနောက် တောင်ကုတ်မြို့ဟာ မြို့လုံးကျွတ် နီးပါး ထွက်ပြေးတိမ်ရှောင်နေရချိန်မှာ ဖောက်ထွင်းမှုတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို ပြည်သူပိုင် ပစ္စည်းတွေ ခိုးယူခံနေရတဲ့ အတွက် အဲ့ဒီခိုးမှုတွေကို ကိုင်တွယ်ဖြေရှင်းနေတယ်လို့ အာရက္ခတပ်တော် က နိုဝင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ် ။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ…
ရခိုင်စစ်ရှောင် ၇၀ ကျော် ပဒါန်းမြို့အဝင်ဂိတ်မှာ ဖမ်းဆီးခံရ
အမ်းတိုက်ပွဲအတွင်းက ထွက်ပြေးလာတဲ့ စစ်ရှောင်တွေကို ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် မနက်က ပဒါန်း မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရပြီး ရဲစခန်း ကို ခေါ်ဆောင်သွားတယ်လို့ လေးဝတီ FM က သတင်းရရှိပါတယ်။ အမ်းမြို့နယ် တိုက်ပွဲတွေကနေ အသက်လုပြေးလာရတဲ့ ဒေသခံစစ်ရှောင်ပြည်သူတွေဟာ အမ်းရိုးမပေါ်က ကံမြင်းကန် ဂိတ်မှာငါးရက်ခန့်…
သံတွဲ နန်းချောင်းကျေးရွာ ဗုံးကြဲခံရ
ရခိုင်ပြည် သံတွဲမြို့နယ် နန်းချောင်းကျေးရွာကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်ခဲ့လို့စစ်ရှောင်တွေနဲ့ အတူဒေသခံတွေ ဒဏ်ရာ ရရှိခဲ့တယ် သတင်းရရှိပါတယ်။ နိုဝင်ဘာ ၂၇ ရက် မနေ့က မနက်ပိုင်းမှာ သံတွဲမြို့နယ် နန်းချောင်းကျေးရွာ အနီးက လျှပ်စစ်ဓာတ်အားခွဲရုံ အနီးကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်ခဲ့ပြီး အဲ့ဒီ အနီးအနားမှာ ရှိတဲ့ ဒေသခံ…
လေကြောင်းရန် နဲ့ ခိုးမှုတွေကြောင့် သံတွဲမြို့ ပြန်လည်ထူထောင်ဖို့ခက်နေ
ရခိုင်ပြည် ၊ သံတွဲမြို့နဲ့ ငပလီကမ်းခြေကို အာရက္ခတပ်တော် သိမ်းပိုက်ထားတာ( ၅) လဝန်းကျင် ကြာမြင့်ပြီ ဖြစ်ပေမယ့် လေကြောင်းရန် နဲ့ ခိုးမှုတွေကြောင့် ပြန်လည်ထူထောင်ဖို့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ အာရက္ခတပ်တော် AA က သံတွဲမြို့ကို သိမ်းပိုက်နေစဉ်နဲ့ သိမ်းပိုက်ပြီးနောက်မှာ…
တောင်ကုတ် စကခ(၅) လက်အောက်က တပ်ရင်းနှစ်ခု အလံဖြူထောင် ၊တောင်ကုတ်မြို့ကို အလုံးစုံသိမ်းပိုက်
ရခိုင်ပြည်- တောင်ကုတ်မြို့မှာအခြေစိုက်တဲ့ စကခ (၅) တပ်မ လက်အောက်က ခမရ (၃၄၆) နဲ့ ခမရ (၅၄၄) တို့ ဟာ အလံဖြူထောင်လက်နက်ချခဲ့တယ်လို့ လေးဝတီ FM က သတင်းရရှိပါတယ်။ တောင်ကုတ် စကခ (၅) လက်အောက်က ခြေမြန်တပ်ရင်း ခမရ (၃၄၆)…
ဖောက်ခွဲရေးနဲ့ ဒရုန်း ကျွမ်းကျင်သူတွေအခြေစိုက်တဲ့ BE တပ်ကို AA သိမ်းပိုက်
အမ်းတစ်မြို့လုံးကို မှိုင်းထောင်ထားတဲ့ BE တပ် ကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီး အဲ့ ဒီတပ်က စစ်သုံ့ပန်း ၄၀ ကျော်ကိုဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့ သတင်းရရှိပါတယ်။ BE တပ်လို့ ဒေသမှာ အလွယ်ခေါ်တဲ့ စအရ (၉၁၉) - အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ဟာ…
အမ်း-ပဒါန်းလမ်းပိုင်း ရိုးမပေါ်က ချင်းတိုင်းရင်းသားကျေးရွာ သုံးရွာ ကို စစ်ကောင်စီမီးရှို့
အမ်းမြို့ ကို ဉီးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ဟာ အမ်း-ပဒါန်းလမ်းပိုင်း ရိုးမပေါ်က ချင်းတိုင်းရင်းသားကျေးရွာ သုံးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ တပ်မ (၈၈) က တပ်သား၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ ဒီကနေ့မနက် အစောပိုင်းက အမ်း-ပဒါန်းလမ်းပိုင်းပေါ်က ဘုံးဘောကျေးရွာ၊ ဂုတ်ကြီးကျေးရွာ နဲ့ သဘောက်ကျေးရွာ တို့ကို…