Laywaddy FM

နတ်ရေကန် ကာကင်း “ဂုတ်ကြီး “စခန်းကို စစ်ကော်မရှင် တန်ပြန်ထိုးစစ်ဆင်နေ

နတ်ရေကန် ကာကင်း “ဂုတ်ကြီး “စခန်းကို စစ်ကော်မရှင် တန်ပြန်ထိုးစစ်ဆင်နေ

ရခိုင်ရိုးမဘက်က တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေပြီး နိုဝင်ဘာလထဲမှာတော့ စစ်ကော်မရှင်ဟာ ဂုတ်ကြီးကျေးရွာ နဲ့ အနီးအနားက စခန်းတွေကို အင်အားရာချီသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။

ဂုတ်ကြီး စခန်းဟာ မကွေးတိုင်း၊ ငဖဲမြို့နယ် ထဲမှာ ရှိပြီး အမ်း-ပဒါန်းလမ်းပိုင်းပေါ် မှာရှိပါတယ်။

ဒါအပြင် ဒီစခန်းဟာ နတ်ရေကန် ဗျူဟာရဲ့ကာကင်းတစ်ခု ဖြစ်ပြီး စက်တင်ဘာလထဲမှာ အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။

AA သိမ်းပိုက်ပြီးနောက်မှာ ဒီစခန်းကို စစ်ကော်မရှင်တပ်တွေဘက်က ထိုးစစ်ဆင်တာ သုံးကြိမ်မြောက်ရှိပြီးဖြစ်ပါတယ်။

စက်တင်ဘာနဲ့ အောက်တိုဘာလ တွေ ထဲမှာလည်း အလားတူထိုးစစ်ဆင်ခဲ့ပြီး စစ်ကော်မရှင်ဘက်က တပ်လန် နောက်ဆုတ်သွားခဲ့ရပါတယ်။

အခု နိုဝင်ဘာ ပထမ အပတ်မှာ ပြည်သူ့စစ် အင်အား အများအပြားနဲ့ အတူ တန်ပြန်ထိုးစစ်ဆင်လာပြီး AA ဘက်က ပြန်လည်ခုခံ တိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။

AA နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းထိုးစစ်ဆင်နေတဲ့ နတ်ရေကန်တောင်ဗျူဟာကုန်း ပတ်လည်မှာ ကာကင်းစခန်းအနေ နဲ့ မထုံး၊ လင်းတဲ၊ စွန်တက် ၊ ဂုတ်စည်း ၊ ကံမြင်းကန်၊ ဂုတ်ကြီး၊ တာဝါတိုင်စခန်းတွေရှိကြပြီး အဲ့ဒီစခန်းအားလုံးကို AA ဘက်က သိမ်းပိုက်ထားတာဖြစ်ပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *