Tag: laywaddy Fm
နတ်ရေကန် မှာ တစ်ခုတည်းကျန်တော့တဲ့ လေကြောင်းရန်စခန်းက စကစတပ်သားတွေထွက်ပြေးနေ ၊ ချင်းကာကွယ်ရေးတပ် – အရှို က လက်ရဖမ်းဆီး
ရခိုင်ရိုးမ ပေါ်က နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ တစ်ခုတည်းသာကျန်တော့တဲ့ လေကြောင်းရန်ကာကွယ်ရေး စခန်းက စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျားထွက်ပြေးနေပြီး အဲ့ဒီအထဲက တချို့ကို -အရှို ချင်းကာကွယ်ရေးတပ်က ဖမ်းဆီးရမိခဲ့တယ် လို့ထုတ်ပြန်လာပါတယ်။ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း မီတာ ၁၅၀၀ အကွာမှာ အဲ့ဒီစခန်းက ထွက်လာပြေးလာတဲ့စစ်ကောင်စီ တပ်သား ၂၃ ဦးကို အရှို ချင်းကာကွယ်ရေးတပ်…
AA နဲ့ တော်လှန်ရေး အဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် ရေကြည် က အမြှောက်တပ် ကျုံပျော်ဘက်ကို တပ်ဆုတ်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီအမတ(၃၄၄) အမြောက်တပ်ရင်းကို ဇွန်လ ၁၁ ရက်နေ့ ညပိုင်း ၈ နာရီကျော် ကစပြီး AA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး ဒီကနေ့မနက်ပိုင်းမှာ အမြှောက်တပ် ကို ကျုံပျော်ဘက်ကိုရွှေ့ပြောင်းသွားတယ်လို့ သတင်းရရှိပါတယ်။ ရေကြည် အမတ ၃၄၄ မှာ တိုက်ပွဲပြင်းထန်နေတာ သုံးရက်မြောက်ရှိပြီဖြစ်ပြီး…
ကြည်း ၊ရေ ၊ လေ စစ်ကြောင်းသုံးခုနဲ့ ကျောက်ဖြူ တိုက်ပွဲကို စစ်ကောင်စီ အင်အားဖြည့်ထိုးစစ်ဆင်နေ
ကျောက်ဖြူမြို့ မင်းတပ်တောင်အနီး မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲ ကို စစ်ကောင်စီဘက်က ကြည်း ၊ ရေ ၊ လေ စစ်ကြောင်း သုံးခုကို အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရရှိပါတယ်။ ဇွန်လ ၉ ရက်က ခမရ ၅၄၃ ကနေ မြေပြင်စစ်ကြောင်းအင်အား ၂၀၀…
သံတွဲမြို့နေရာ သုံးခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၄ ယောက် သေဆုံး၊ ၁၀ ယောက် ဒဏ်ရာရ
သံတွဲမြို့နယ်နေရာ သုံးခုကို ယမန်နေ့၊ ည ၁၀ နာရီကျော် က ဝန်းကျင်မှာ စစ်ကောင်စီဂျက်ဖိုက်တာနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၄ ယောက် သေဆုံး ပြီး၊၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ သေဆုံးသွားသူတွေဟာ သံတွဲမြို့နယ် ကျောက် ကြီးရွာမှာ သွားရောက်…
အာရက္ခပြည် ငြိမ်းချမ်းရေးအတွက် ULA/AA ရဲ့ လမ်းညွှန်မြေပုံ
ရခိုင်ပြည်ဟာ လူမျိုးရေး ပဋိပက္ခ ၊ ဘာသာရေး ပဋိပက္ခတို့ စတင်မြစ်ဖျားခံရာ နေရာ လို့ လက်ညှိုးထိုးခံရတဲ့ ဒေသဖြစ်ပါတယ်။ တစ်ဖက်က ကြည့်ရင်တော့ ရခိုင်ပြည်ဟာ မတူကွဲပြားမှု နဲ့ အတူယှဉ်တွဲနေထိုင်ရေး ကို ကာလ ကြာရှည်စွာ လက်ခံထားပြီးသား "လခြမ်းမြေ "လည်းဖြစ်ပါတယ်။ ရခိုင်ပြည် လို့…
ULA/AA သိမ်းပိုက်ထားတဲ့ မောင်ရွှေလေးရေတပ် ကို စစ်ကောင်စီ အလစ်အငိုက် တိုက်ခိုက်လာ
ULA/AA ထိမ်းချုပ်ထားတဲ့ သံတွဲမြို့နယ် ၊ မောင်ရွှေလေးရေတပ် အနီးဝန်းကျင်မှာ စစ်ကောင်စီရဲ့ နေဗီ နှစ်စီးသုံးစီးခန့် ရောက်ရရှိလာပြီး ကမ်းခြေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဖြစ်ပေါ်နေတယ် လို့ သတင်းရရှိပါတယ်။ ဇွန်လ ၅ ရက်က မောင်ရွှေလေး ၊ ဂျိတ္တော ၊ ငပလီ ကမ်းခြေတစ်လျှောက်ကို…
အသက်မပြည့်သေးသည့် မိန်းကလေး ကို မုဒိမ်းမှုကျူးလွန်ပြီး သတ်ပစ်ခဲ့သည့် အမှု ၊ သံသယ တရားခံ (၈) ဦး ULA/AA ဖမ်းဆီး
ရခိုင်ပြည် မင်းပြားမြိုု့ ဖားပြိုကျေးရွာက အသက်(၉) နှစ်အရွယ် မိန်းကလေးကို အဓမ္မကျူးလွန်ပြီး သတ်ဖြတ်ခဲ့တဲ့ အမှုမှာ သံသယ ရှိသူတွေကို ULA/AA က ဖမ်းဆီးထားတယ်လို့ ဇွန်လ ၅ ရက်က အသိပေးထုတ်ပြန်လာပါတယ်။ အဲ့ဒီအမှုဟာ AA ထိမ်းချုပ်နယ်မြေမှာ ဖြစ်ပေါ်ခဲ့တဲ့ အတွက် ULA/AA လက်အောက်မှာ…
OGT စီမံကိန်းပတ်၀န်းကျင်မှာ နေရာယူထားတဲ့ဒရုန်းတပ်ဖွဲ့ လက်နက်ကြီးကျဉ်ထိမှန်(စကစ ဗိုလ်မှူးအဆင့် အပါအဝင် ၇ ဦးဒဏ်ရာရ)
ကျောက်ဖြူ OTG တရုတ်စီမံကိန်း ပတ်၀န်းကျင် တပ်စွဲထားတဲ့ စစ်ကောင်စီဒရုန်းတပ်ဖွဲ့ကို လက်နက်ကြီးကျဉ်ထိမှန်ပြီး စကစဗိုလ်မှူးအဆင့် အပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။ စစ်ကောင်စီရဲ့ ဒရုန်းတပ်ဖွဲ့ ၊ အမြှောက်တပ်ဖွဲ့ တွေဟာ ကျောက်ဖြူမြိုံ့ ဂုံးချွိန်ကျေးရွာ အနီးက OTG စက်ရုံဝန်းထဲမှာ တပ်စွဲထားကြပြီး…
တရုတ် သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ ရပ်နားပြီး ဝန်ထမ်းများ စက်ရုံကထွက်ပြေး
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ဂုံးချွိန် အုပ်စုမှာရှိတဲ့ OGT စက်ရုံဝန်းကို စစ်ကောင်စီ က ကာကင်းစခန်းအဖြစ် အထိုင်ချလိုက်တဲ့ အတွက် စက်ရုံထဲက တရုတ်ဝန်ထမ်းတွေ နေရာရွှေ့ပြောင်းထွက်ပြေးသွားကြတယ် လို့ သတင်းရရှိပါတယ်။ မေလ ၂၃ ရက်က စစ်ကောင်စီ ရေတပ်အင်အား နဲ့ ကြည်းတပ်အင်အားအမြောက်အများနဲ့ OGT စက်ရုံဝန်း…
နတ်ရေကန် ဗျုဟာကုန်းအနီးက ကာကင်းစခန်းတစ်ခု AAသိမ်းပိုက်
ရခိုင်ရိုးမတွင်းက နတ်ရေကန်ဗျူဟာကုန်းအနီးမှာ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ပြီး နောက် ကာကင်းစခန်းတစ်ခုကို AA ဘက်က သိမ်းပိုက် လိုက်တယ်လို့ သတင်းရရှိပါတယ်။ မေလ ၂၄ ရက်ကတည်းက ရခိုင်ရိုးမတွင်း တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာဖြစ်ပြီးနတ်ရေကန်ဗျူဟာ နောက်က ကာကင်စခန်းကိုတော့ မေလ ၂၆ ရက်နေ့ မှာ အာရက္ခတပ်တော်ဘက်က သိမ်းပိုက်ခဲ့တာဖြစ်တယ်…