ယနေ့ Wednesday, 4th December 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

အင်အားကြီး ဌာနချုပ် သုံးခု တပြိုင်နက် ထိုးစစ်ဆင်ခံနေရပြီး အင်အားချိနဲ့နေတဲ့ စစ်ကောင်စီ

အင်အားကြီး ဌာနချုပ် သုံးခု တပြိုင်နက် ထိုးစစ်ဆင်ခံနေရပြီး အင်အားချိနဲ့နေတဲ့ စစ်ကောင်စီ

ရခိုင်ပြည်က တပ်ရင်းတပ်မ တွေ ရဲ့ ဌာနချုပ် တွေဖြစ်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တောင်ကုတ် စကခ (၅ ) နဲ့ ၊ မောင်တော နခခ စတဲ့ ဌာန ချုပ်

သုံးခုလုံးဟာ အာရက္ခတပ်တော် ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ဆင်ခြင်းကို ခံနေရ ပါတယ်။ အဲ့ဒီဌာနချုပ်တွေဟာ ဒေသအလိုက် အရေးပါတဲ့ ဗျူဟာကျတဲ့ ဌာနချုပ်တွေဖြစ်ပြီး အဲ့ဒီဌာနချုပ် တစ်ခု ချင်းစီရဲ့ လက်အောက်မှာ တပ်ရင်း တပ်မ (၁၀) ခုထပ်မနည်း ရှိတဲ့ ဌာနချုပ်တွေ ဖြစ်ပါတယ်။

အဲ့ဒီ ဌာနချုပ်သုံးခုဟာ ရခိုင်ပြည်နယ် အစွန်ဆုံးနဲ့ အလယ်ပိုင်း အထိ လွှမ်းခြုံထားနိုင်တဲ့ ဌာန ချုပ်တွေလည်းဖြစ်ပါတယ်။

အမ်း (နပခ)

နပခ လို့အတိုကောက်ခေါ်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဟာ အမ်းမြို့မှာရှိပါတယ်။ နပခ ဆိုတာကတော့ တပ်မတော် တိုင်းစစ်ဌာနချုပ်လည်းဖြစ်ပါတယ်။ ရခိုင်ပြည် နဲ့ ချင်းပြည် အတွက် အဓိက ကွက်ကဲရတာဖြစ်ပါတယ်။ အဓိက တာဝန်ရှိသူ က တော့ တိုင်းမှူးအဆင့်တာဝန်ယူရတာဖြစ်ပါတယ်။ စစ်ရေး အဆင့်ကတေ့ာ ဗိုလ်ချုပ် (သို့မဟုတ်) ဗိုလ်မှူးချုပ် က ကွက်ကဲ ရတာဖြစ်ပါတယ်။ လက်ရှိကွက်ကဲနေသူမှာ တိုင်းစစ်ဉီးစီးအရာရှိ ယာယီဗိုလ်မှူးချုပ် ကျော်ကျော်သန်း ဖြစ်ပါတယ်။

အဲ့ဒီ နပခ ဟာ တပ်ရင်းတပ်မ ၁၈ ခုရှိတဲ့ ဌာနချုပ်ကြီးဖြစ်ပါတယ်။ အဲ့ဒီဌာနချုပ်က တပ်ရင်းတပ်မတွေကို အာရက္ခတပ်တော်က တစ်စ တစ်စ သိမ်းပိုက်လာခဲ့ပြီးဖြစ်ပါတယ်။ နပခ ရဲ့ စစ်ရေးအရ အရေးပါဆုံးတပ်တွေ ဖြစ်တဲ့ အမြှောက်တပ်ရင်း (၁) ခု ၊ခြေလျှင်တပ်ရင် (၃)ခုကို ၊ ရိက္ခာတပ် ၊ ဆေးဝါးတပ်တွေ အကုန်လုံးကို သိမ်းပိုက်ခဲ့ပြီးဖြစ်ပါတယ်။

သိမ်းပိုက်ထားတဲ့ တပ်တွေက (၁) ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း ၊

(၂) အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း ၊ (၃) လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၊ (၄) စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ ၊ (၅) တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း ၊ (၆)တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ ၊( ၇) လကရ-လေကြောင်းရန်ကာကွယ်ရေးတပ် ၊ (၈_)စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ် ၊ (၉) အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ ၊(၁၀) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ (၁၁) ခနရ( ၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊ တို့ ဖြစ်ပါတယ်။

ထိုးစစ်ဆင်ခံနေရတဲ့ ကျန်တဲ့ တပ်ဖွဲ့တွေဟာ နပခ ဌာနချုပ် ဝန်းထဲကို အင်အားစုပေါင်းပြီး ခုခံနေပေမယ် ၊ အဲ့ဒီတပ်တွေဟာ ဆက်သွယ်ရေးတပ် ၊ ဆောက်လုပ်ရေးတပ် ၊ တပ်ထိမ်းတပ် ၊ စတဲ့ အရံတပ်များသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

နခခ

နခခ လို့ အတိုကောက်ခေါ်တဲ့ နယ်ခြားစောင့်ကွက်ကဲရေး ဌာနချုပ် ကတော့ ဘူးသီးတောင် နဲ့ မောင်တော ဒေသတွေ အတွက် အဓိက ကွက်ကဲဖို့ဖြစ်ပါတယ်။

နခခ လက်အောက်မှာ အမှတ် (၁)(၂)(၃)(၄) (၅)(၆)(၇)(၈)(၉)(၁၀) အထိ ရှိပြီပါတယ်။ တစ်ခုချင်းစီမှာ တပ်ဖွဲခွဲများစွာနဲ့ ကွက်ကဲကြတာဖြစ်ပါတယ်။

ဉပမာ မောင်တောဒေသမှာ ရှိတဲ့ အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၁၀ ရင်း၊ နယ်မြေရုံး ၁၁ ရုံး၊နယ်မြေရဲစခန်း ၁၂၊နယ်စပ်ခြံစည်းရိုးက င်းစခန်း ၁၂ ခု၊ချောင်း၀ကင်းစခန်း ၂၇ ခု၊ကင်းစခန်း ၁၂၉ ခု၊စုစုပေါင်း ၂၀၁ နေ ရာကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ခုနှစ်ထောင်ခန့် နဲ့ ကွက်ကဲခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ကွက်ကဲမှု ဌာန တွေ အားလုံးကိုသိမ်းပိုက်ခဲ့ပြီး လက်ရှိ မောင်တောမှာ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲသာ နခခ(၅)သာ နောက်ဆုံးကျန်ရှိတော့တာဖြစ်ပါတယ်။ မောင်တောဒေသ ကို လေကြောင်းက အဓိက အကူအညီပေးနေပြီး နေ့စဉ် Y12 ၊ Y8 တို့ နဲ့ ခုခံတိုက်ခိုက်နေရတာဖြစ်ပါတယ်။

အဲ့ဒီတပ်ထဲမှာ ရိုဟင်ဂျာ စစ်သွေးကြွအဖွဲ့တွေ ဖြစ်တဲ့ ARSA၊ RSO အဖွဲ့တွေ နဲ့ အင်အားစုပေါင်းပြီး ခုခံနေတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ မောင်တော နခခ မှာ အမှတ်(၅) တပ်ရင်းတစ်ခုသာ ကျန်ရှိနေပြီး အင်အားချိနဲ့နေတဲ့ အခြေအနေဖြစ်ပါတယ်။

စကခ (၅)

နောက်ဆုံးတစ်ခုက တော့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လို့ခေါ်တဲ့ စကခ(၅ )ဖြစ်ပါတယ်။ အဲ့ဒီဌာန ချုပ်ဟာ တောင်ကုတ်မြို့မှာ ရှိပါတယ်။

စကခ (၅ ) လက်အောက်မှာ ခြေမြန်တပ်ရင်း ၁၀ ရင်းရှိပြီး အဲ့ဒီတပ်ရင်းတွေ ဟာ အမ်း၊ တောင်ကုတ် ၊ ကျောက်ဖြူ ၊ ဂွ ၊ သံတွဲ တို့မှာ အခြေစိုက်ထားပါတယ်။

ဌာနချုပ် မှာ အခြေစိုက်တဲ့ ခမရ (၄၃၆) နဲ့ ခမရ (၅၄၄) ကတော့ လက်ရှိ အနီးကပ်ထိုးစစ်ဆင်ခံနေရပါတယ်။

အမ်း နဲ့ သံတွဲ မှာ ရှိတဲ့ တပ်ရင်း ခမရ(၃၇၁) ၊ ခမရ(၃၇၂) ၊ ခမရ(၃၇၃) နဲ့ ခမရ (၅၆၆) တို့ ကို သိမ်းပိုက်ပြီးဖြစ်ပါတယ်။

ရခိုင်ပြည်ထိုးစစ်မစခင်မှာ ပင် စစ်ကောင်စီဟာ အင်အားအများအလွန်အကျွံအသုံးပြုထားပေမယ့် တပ်ရင်း ၊တပ်မ တွေသာ မက ဌာန ချုပ်တွေ ပါ အခုဆိုရင် အင်အားချိနဲ့ နေပြီဖြစ်ပါတယ်။

အဲ့ဒီဌာနချုပ်တွေ ဆီကို စစ်ကူအင်အားတွေ ထပ်မံပို့လွှတ်ခဲ့ပေမယ့် လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရတာ မိုင်းဆွဲခံရတွေရှိနေပြီး ပူးပေါင်းဖို့ခက်ခဲနေကြတာဖြစ်ပါတယ်။

ထိုးစစ်ဆင်ခံနေရ တဲ့ ဌာနချုပ်တွေထဲမှာ ပိတ်မိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ရိက္ခာနဲ့ ဆေးဝါးတွေလည်း ပြတ်တောက် သွားပြီး နေ့စဉ် သေဆုံးမှုတွေ ရင်ဆိုင်နေရ တဲ့ အခြေ အနေ မျိုးဖြစ်နေပါတယ်။

ငြိမ်းချမ်းစေ (Laywaddy FM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *