Laywaddy FM

မောင်တောနခခ( ၅) ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပိတ်ဆို့တိုက်ခိုက်(မြို့သူကြီးတပ်ရင်းက ထွက်ပြေးလာတဲ့ စကစ တပ်သားအချို့ကို AA ဖမ်းဆီးထား)

မောင်တောနခခ( ၅) ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပိတ်ဆို့တိုက်ခိုက်(မြို့သူကြီးတပ်ရင်းက ထွက်ပြေးလာတဲ့ စကစ တပ်သားအချို့ကို AA ဖမ်းဆီးထား)

ရခိုင်ပြည် အနောက်ဘက်အခြမ်းက နယ်စပ်မြို့တစ်ခုဖြစ်တဲ့ မောင်တောနယ်စပ်မှာ ကို အပြီးသတ်ထိမ်းချုပ်နိုင်ရေးအတွက် အာရက္ခတပ်တော်ဟာ မောင်တော နခခ(၅) ကို လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။

အခု လိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေတဲ့ အတွက် အဲ့ဒီတပ်ရင်းထဲက ရဲတပ်သား ၁၀ ဉီးကျော်ဟာ စစ်ပွဲအတွင်းက ထွက်ပြေးလာကြပြီး လက်ရဖမ်းဆီးခံထားရတယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

“AA ဘက်က လက်နက်ကြီးနဲ့ ပစ်လို့ ၊ အထဲမှာ မီးခိုးတွေထွက်ပြီး မီးလောင်နေတာတွေ့ရတယ်၊ အဲ့ဒီ တိုက်ပွဲထဲက ထွက်ပြေးတဲ့ သူတွေကို ဒီဘက်က ဖမ်းထားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဘက်က နတ်မြစ်အတွင်းမှာ အထိုင်ချထားတဲ့ ရေတပ်စခန်းက လက်နက်ကြီးနဲ့ ပစ်ကူပေးနေသလို ၊ လေကြောင်းကလည်း လာရောက်ပစ်ကူပေးနေတာဖြစ်ပါတယ်။

အာရက္ခတပ်တော် AA ဟာ မောင်တောတစ်မြို့လုံးကိုထိမ်းချုပ်ထားပြီး မြို့သူကြီးအခြေစိုက်တဲ့ နခခ(၅) တပ်ရင်းမှာ အင်အားပေါင်းပြီး ခုခံနေတာဖြစ်ပါတယ်။

အဲ့ဒီ မြို့သူကြီးတပ်ဟာ မိခင်တပ်မတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေပြီး စခန်းစွန့်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား တွေကိုလည်း အာရက္ခတပ်တော်က ဖမ်းဆီးထားတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ နိုဝင်ဘာ ၂၈ ရက်နေ့က နေ ဒီကနေ့ထိ အဲ့ဒီမြို့သူကြီးတပ်ဝန်းကျင်ကို Y-8 နှင့် Y-12 တို့နဲ့ လေကြောင်းကလာရောက် ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။

“မနေ့ညကပင်တိုက်ပွဲကပြင်းပြင်းထန်ထန် ဖြစ်နေကြတာပါ။ လက်နက်ကြီးသံ၊ဗုံးသံ၊ လက်နက်ငယ်သံတို့တအုန်းအုန်း ဆူညံနေတယ်။ လေယဉ်တွေကလည်းအဆက်မပြတ် ဗုံးကြဲတယ်။ နတ်မြစ်ကနေဗီကလည်း အသာကုန်လက်နက်ကြီးပစ်တယ်။ တိုက်ပွဲကအခုထိပြင်းပြင်းထန်ထန်ဖြစ်နေဆဲပါ” လို့ သူကပြောဆိုပါတယ်။

အဲ့ဒီတပ်ထဲမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေကို AA က လက်နက်ချဖို့ ကမ်းလှမ်းထားသလို ၊ စစ်ကောင်စီဘက်ကလည်း ရေကြောင်း ၊ လေကြောင်း ၊ ခြေလျှင် လမ်းကြောင်းတွေက နေ ကယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မောင်တော နခခ လက်အောက်မှာ

နခခ(၁) ကျီးကန်းပြင် ၊မောင်တောမြို့ ၊ (သိမ်းပြီး)

နခခ(၂) ၄ မိုင်စခန်း မောင်တောမြို့၊ (သိမ်းပြီး)

နခခ(၃) လက်ဝဲဒက် (ဘူးသီးတောင်) (သိမ်းပြီး)

နခခ(၄) မောရဝတီ (မောင်တော) (သိမ်းပြီး)

နခခ(၅) မြို့သူကြီး (မောင်တော) (ထိုးစစ်ဆင်)

နခခ(၆) အင်ဒင်မောင်တော (သိမ်းပြီး)

နခခ (၇) ကြိမ်ချောင်း (မောင်တော) (သိမ်းပြီး)

နခခ(၈) အလယ်ချောင်း (ဘူးသီးတောင်) (သိမ်းပြီး)

နခခ(၉) မြင်းလွှတ်( မောင်တော ) (သိမ်းပြီး)

နခခ(၁၀) လှဖိုးခေါင် (မောင်တော) (သိမ်းပြီး) တို့ ဖြစ်ပါတယ်။

အဉ္စနလီညှင်း (လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *