Laywaddy FM

စစ်ကောင်စီ ရဲ့ ဘူးသီးတောင် တပ်မတွေ အားလုံးနီးပါးကျပြီ

ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် ခမရ (၅၆၄)တပ်ရင်းကို ဧပြီလ ၅ ရက်နေ့
မနက်ပိုင်းက အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ဒီတပ်ရင်းဌာန အချုပ်သိမ်းပိုက်ပွဲမှာ ရခိုင်တပ်တော် ရဲ့
အမျိုးသမီးစစ်သည်တွေ ပါဝင်ဆင်နွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဘူးသီးတောင် အခြေစိုက် တပ်ရင်းဌာနချုပ်တစ်ခုဖြစ်တဲ့ ခမရ (၅၆၄) တပ်ရင်း နဲ့ အတူ
ခမရ(၅၂၂)တပ်ရင်း ၊ ဘူးသီးတောင်မြို့တောင်ပဇား တပ်စခန်း စတဲ့ ဘူးသီးတောင်မြို့က
တပ်မဌာန ချုပ်အားလုံးနီးပါးကို ရခိုင့်တပ်တော်AA က သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့
ထုတ်ပြန်ထားပါတယ်။
ရခိုင့်တပ်တော် AA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ရခိုင်အမျိုးသမီးစစ်သည်တွေက ခမရ (၅၆၄)
ဌာနချုပ်ရှေ့မှာ ရခိုင့်တပ်တော် ရဲ့ အောင်လံတော် ကို ကိုင်ဆောင် လွှင့်ထူနေတဲ့ ပုံတွေကို
ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးမှာ အမျိုးသမီးတွေဟာရှေ့တန်းက ပါဝင်တိုက်ပွဲဝင်နေတယ်ဆိုတဲ့
သက်သေပြချက်ဓာတ်ပုံလည်းဖြစ်ပါတယ်။
ဒါအပြင်မောင်တော က ကျိန်ချောင်းစခန်း ၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တို့
လည်း AA က တပြိုင်နက်ထဲ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

Shine Bu Chay

Shine Bu Chay is Photographer, Photo and Video Journalist, Music Producer, Graphic Desginer, Video Editor and Web Developer. He Developed many News Agency Sites and taked many Photos around in Myanmar.

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *