Laywaddy FM

ကုလားပြင်တံတားကို မိုင်းခွဲဖျက်ဆီးရန် စစ်ကောင်စီ ပြင်ဆင်

ကုလားပြင်တံတားကို မိုင်းခွဲဖျက်ဆီးရန် စစ်ကောင်စီ ပြင်ဆင်

ရခိုင်ပြည် ဂွမြို့နယ် ကုလားပြင် (ရတနာမြိုင်) တံတားကို စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးရန် လုပ်ဆောင်နေကြောင်း သိရပါတယ်။

ကုလားပြင် (ရတနာမြိုင်) ကနေပြီးတော့ တပ်ဆုတ်တော့မယ့် အနေအထားမြင်နေရတယ်။ မိုင်းတွေလည်း ပြင်ဆင်ထားတယ်။ ကုလားပြင် (ရတနာမြိုင်) အနီးအနားက ရွာတွေထဲကိုလည်း စစ်ကြောင်းဝင်သွားတယ်” လို့ ကျိန္တလီမြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ တပ်မဆုတ်ခွာမှီတွင် တံတားများကို မိုင်းများထောင်ကာ ဖျက်ဆီးလေ့ရှိကြောင်း သိရပါတယ်။

သံတွဲမြို့က နံတော်တောင်ခြေရင်းက နံတော်ပြင်တံတားကိုလည်း မိုင်းထောင်ခဲ့တယ်။ မပေါက်ကွဲလို့ မပျက်စီးသွားတာ။ သံတွဲ နဲ့ ဂွ ကြားမှာလည်း အနည်းဆုံး တံတား ၃ စင်းကို မိုင်းဖောက်ပြီး ဖျက်ဆီးခဲ့တယ်” လို့ သံတွဲမြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အာရက္ခတပ်တော်မှ သံတွဲမြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ တပ်ဆုတ်ရင်းနဲ့ ဇူလိုင်လ ၂၄ရက် က သရက်ပင်ကွင်း နဲ့ ဆင်ဒင်လေးတံတား၊ ဇူလိုင်လ ၂၅ ရက်က ချင်းကွင်းတံတားတို့ကို မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲပြင်းပြင်းထန်ထန် မဖြစ်ပွားခဲ့တဲ့ မအီမြို့နယ်က ကျောက်ကြီးပေါက် နှင့် မအီတံတားကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

ရခိုင်ပြည် ကျိန္တလီ ကနေ ဂွမြို့သို့ သွားရာကားလမ်းမပေါ်တွင် ကုလားပြင် (ရတနာမြိုင်) တံတား၊ ပုဂံတောင်တံတာ၊ ဆတ်သွားတံတား စသည့်ဖြင့် အနည်းဆုံး တံတား ၃ စင်းရှိနေပြီး အဆိုပါတံတားများကို မိုင်းခွဲဖျက်ဆီးရန် စစ်ကောင်စီက ပြင်ဆင်နေပါတယ်။

ရခိုင်ပြည် တစ်ပြည်လုံးအတိုင်းအတာအရ စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးခဲ့သော တံတားအရေးအတွက်မှာ အနည်းဆုံး ၂၀ ကျော်ပြီဖြစ်ကြောင်း သိရပါတယ်။

Kay Zue

Related Posts

One thought on “ကုလားပြင်တံတားကို မိုင်းခွဲဖျက်ဆီးရန် စစ်ကောင်စီ ပြင်ဆင်

Leave a Reply

Your email address will not be published. Required fields are marked *